မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Monday, September 16, 2013

KARAOKE စာတန်းထိုး ပြုလုပ်နည်း (ADOBE AFTER EFFECT 7.0) (HOW TO MAKE KARAOKE TEXT )




ကျနော်အချိန်ရတာနဲ့ Karaoke စာတန်းထိုး ပြုလုပ်နည်း (Adobe After Effect 7.0) tutorial ကို မသိသေးတဲ့ အခြေခံပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီးတင်ပြပေးခြင်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ edit ဆရာတစ်ယောက်မ
ဟုတ်တော့ အာားနည်းချက်တွေ မပြည့်စုံတာတွေရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအတွက် ကျနော်ကြိုတင်ပြီးအသိ
ပေးပါတယ်။ ကျနော် search engine မှာ ဒီ Karaoke စာတန်းထိုး ပြုလုပ်နည်း ကို တော်တော်များလိုက်ရှာခဲ့ပါ
တယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်းအတာထိမတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်အချိန်ရရင် ဒီ tutorial ကိုရေး
မယ်လို့စိတ်ကူးထားတာကြာခဲ့ပြီးပေါ့ဗျာ။ အခုတော့ရေးလိုက်ပါပြီး။ လေ့လာသူများ၊ သိချင်လိုချင်တဲ့ပုဂ္ဂိုလ်များ
အနေနဲ့ ကျနော်တင်ပြတာလေးတွေနဲ့ပတ်သက်ပြီး နားမလည်တာလဲရှိမယ်။ အဲဒါကို ထပ်ခါထပ်ခါကြိုးစားကြည့်
ပါ။ အကြိမ်ပေါင်းများလာရင် နားလည်လာပါလိမ့်မယ်။ ပြုလုပ်တတ်လာပါလိမ့်မယ်။ ပညာတစ်ခုဟာ အချိန်တို
အတွင်းနဲ့ ရဖို့အင်မတန်ခဲယဉ်းပါတယ်။ လိုချင်ရင် စိတ်ရှည်ဖို့လိုပါလိမ့်မယ်။ ကျနော် ဒီလိုနိဒါန်းပျိုးရခြင်းသည် 
Karaoke စာတန်းထိုး ပြုလုပ်နည်းကို တစ်ခါမှမပြုလုပ်ဖူးတဲ့ပုဂ္ဂိုလ်များအတွက် လွယ်လွယ်နဲ့သဘောမပေါက်
နိုင်ဘူးဆိုတာကို ပထမသဘောပေါက်စေချင်တယ်။ နောက်ပြီးသီချင်းတစ်ပုဒ်ကို စိတ်ကြိုက်ပြီးစီးအောင်လုပ်ဖို့
က အနည်းဆုံး (၂)နာရီလောက် အချိန်ပေးရမယ်။ ဒါတောင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များအတွက်နော်။ ဒီtutorial
နဲ့ မကျွမ်းကျင်သေးဘူးဆိုရင် အဲဒီမကအချိန်ပေးရပါလိမ့်မယ်။ 

Karaoke စာတန်းထိုး ပြုလုပ်နည်း သဘောသွား…
Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု
ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု
လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။ 

အခုကျနော် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ သီချင်းစာသားကို ပုံစံပြပြီး ဒီ tutorial မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီသီချင်းစာသားတစ်ချောင်းကိုပဲ လုပ်ကြည့်မယ်။ ဒါကိုလုပ်တတ်ပြီးဆိုရင်တော့ ကျန်
တဲ့ သီချင်းအပိုင်းတွေလဲ အလားတူလုပ်တတ်သွားမှာပါ။ 

အပိုင်း (၁)

(က) မိမိအသုံးပြုတဲ့ Photoshop ကိုဖွင့်လိုက်ပါ။ ကျနော်က Photoshop CS 2 ကိုအသုံးပြုတော့ အဲဒါကိုဖွင့် လိုက်ပါပြီး။ ဖွင့်ပြီးရင် Menu က File> New ကိုနှိပ်လိုက်ပါ။ Preset အကွက်တွင် NTSC DV 720+480 (with guide)ဆိုပြီး ဗွီဒီယိုဖိုင်နဲ့ ပတ်သက်တဲ့ format တစ်ခုခုကိုရွေးပါ။ ပြီးတော့ OK



(ခ) ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ စာသားကိုရိုက်ထည့်လိုက်ပါ။ ဒီစာသားကို ဗွီဒီယို တည်းတဲ့အခါ အရောင် quality မကျအောင် Eye Candy 4000 နဲ့ ကွတ်ထားရပါမယ်။ ဒီ Eye Candy 4000 ကို ဒီ Photoshop မှာ plug in ချိတ်ဆက်ထားရပါမယ်။ ဒါကလဲကျနော်ပြီးခဲ့တဲ့ပို့စ်တွေမှာရေးခဲ့ပါပြီး။ 

အဲဒါကို Menu> Filter> Eye Candy 4000 ကိုနှိပ်လိုက်ပါ။ အောက်ပါအတိုင်း ကာလာ ဘောက်စ်ပေါ်လာမှာဖြစ်
ပါတယ်။ ကျနော်ချိန်းထားတဲ့ ထားလို့ရသလို၊ မိမိလိုချင်တဲ့အတိုင်းလဲ အရောင်တွေချိန်ပြီးတော့ OK သာနှိပ်လိုက်
ပါ။



(ဂ) အဲဒီစာသားကို စိတ်ကြိုက်ပြင်ဆင်ပြီးဆိုရင် Layer အကွက်ထဲက စာသားကို ကလစ်နှစ်ချက်နှိပ်ပြီး 01 လို့
ရိုက်ထည့်ပါ။



ကျန်တဲ့ စာသားများကို Layer အသစ်ထပ်ယူပြီး စာသားများကိုထပ်ရိုက်ပါ။ ပြီးရင်အရောင်ကွတ်ဖို့ကီးဘုတ်
ပေါ်က Ctrl+F တွဲနှိပ်လိုက်ပါ။ ဒါဆို ပထမ layer က ကွတ်ထားတဲ့အရောင်အတိုင်းရလာမှာဖြစ်ပါတယ်။

အခုကျနော်က စာချောင်းတစ်ချောင်းအတွက် Layer တစ်ခုကိုသာ နမူနာတင်ပြခြင်းသာဖြစ်ပါတယ်။ သီချင်း
စာသားများလေလေ Layer များလေလေဆိုတာကိုတော့ နားလည်ထားစေချင်တယ်။ သီချင်းတစ်ပုဒ်ဆိုရင် 
Layer ပေါင်း ၂၀ လောက်ရှိမယ်ထင်ပါတယ်။ 

ကဲ…ဒီ Layer တစ်ခုကို ပြင်ဆင်တာပြီးပြီဆိုရင် Save as နဲ့သာ ၎င်း Layer ကိုနာမည်ပေးပြီး psd (photo
shot) format ကိုသာရွေးပြီးသိမ်းလိုက်ပါ။ ၎င်းဖိုင်အမည်ကိုလည်း သေချာမှတ်ထားပါ။ အခုကျနော်နမူနာပြမယ့်
ဖိုင်အမည်ကို MM လို့ပေးထားလိုက်ပါတယ်။

အပိုင်း (၂)

အပိုင်း (၂) မှာ ကျနော်တို့ခုဏက ပြုလုပ်ထားတဲ့ သီချင်းစာသား psd (photoshop) ဖိုင်နဲ့ သီချင်းတွေကို Ado
be After Effect မှာ Karaoke စာတန်းထိုးနည်းကို စတင်ပြုလုပ်ဖို့အတွက် Adobe After Effect ပရိုဂရမ်ကိုဖွင့်
လိုက်ပါ။ အောက်ပါပုံအတိုင်း Adobe After Effect ရဲ့ screenshot ဖြစ်ပါတယ်။




ဒီ Adobe After Effect ရဲ့ မိန်းဖန်သားပြင်မှာ အဓိကသိထားရမည့်နေရာလေးတွေကို ကျနော်စာသားတွေနဲ့
လိုက်ပြီးရေးထားပါတယ်။

၁။ Project နေရာ (မိမိပြုလုပ်ထားတဲ့ စာသားဖိုင်၊ သီချင်းတွေကိုခဏသိမ်းထားမည့်နေရာ)
၂။ Display Screen ဗွီဒီယို၊ စာသားသီချင်းတွေကို ကြည့်ရှုမည့် မြင်ကွင်းနေရာ
၃။ Timeline ဆိုတာ project က ဖိုင်တွေကို edit လုပ်ဖို့အတွက် စွဲထည့်ရမည့်နေရာ
၎။ Karaoke Text Edit Main Station ကရာအိုကေ သီချင်းစာသားဖြစ်ဖို့ အဓိကပြုလုပ်ရမည့်နေရာ
(အဲဒီမှာ Time indicator နဲ့ Time ruler နှစ်ခုပါရှိပါသည်)

ဒီနေရာမှာပိုပြီးရှင်းအောင် ကျနော်အပိုင်းပိုင်းလေးတွေကိုခွဲပြီးတင်ပြသွားပါ့မယ်….

အပိုင်း (က) Project နေရာတွင် မိမိတည်းဖြတ်ဖိုင်များခေါ်တင်ခြင်း…

အဆင့် (၁)
ပထမဆုံး Composition မှာ တည်းဖြတ်မည့်သီချင်းတွေကို အခန်းလိုက်အခန်းလိုက်ဖြစ်အောင် Duration အချိန်
ကိုကန့်သတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် Menu> Composition ကိုနှိပ်ပြီး New Composition ကိုဆက်
နှိပ်ပါ။ အောက်က Duration အကွက်တွင် ကျနော်သတ်မှတ်ထားတဲ့အတိုင်း 9 စက္ကန့်သာထားလိုက်ပါ။ OK



အဆင့် (၂)
ဒီအဆင့်မှာ Project နေရာမှာ မိမိတည်းဖြတ်မည့်ဖိုင်တွေကို ခေါ်တင်ဖို့ဖြစ်ပါတယ်။ အဲဒီအတွက် Menu> File> Import ကိုနှိပ် ဒါမှမဟုတ် Project နေရာမှာ လွတ်သောအကွက်တွင် ကလစ်နှစ်ချက်နှိပ်လိုက်ရင်လဲ မိမိဖိုင်ကို
ခေါ်တင်လို့ရပါတယ်။ မိမိ psd နဲ့ သီချင်းစာသားဖိုင်ကို ရွေးပြီး open ကိုသာနှိပ်ပါ။



အဆင့် (၃)
အထက်ပါ ဘောက်စ်တွင် open ကိုနှိပ်လိုက်တာနဲ့ အောက်ပါ Layer option ဘောက်စ်ပေါ်လာမယ်။ အခု ကျနော့်ဖိုင်က layer တစ်ခုတည်းဆိုတော့ပြဿနာမရှိပေမယ့်။ Layer များရင်တော့ ဘယ်Layer ကိုရွေးမ
လဲဆိုတာမျိုးရှိတတ်တယ်။ ပုံမှန်အားဖြင့် import of kind အတွက်တွင် Composition ကိုရွေးပြီး ထိုနောက် Merged layer ကိုသာရွေးပြီး OK



အဆင့် (၄) 
အဲဒီ စာသားရဲ့ သီချင်းဖိုင်ကိုခေါ်တင်ဖို့ဖြစ်ပါတယ်။ အထက်ပါအတိုင်း သီချင်းဖိုင်ကိုရွေးပြီး Open နှိပ်လိုက်ရုံပါပဲ။ 
psd ဖိုင်လို layer တွေ ရွေးစရာမလိုပါ။

project နေရာတွင် ကျနော်တည်းဖြတ်ဖို့ဖိုင်တွေရွေးထားတာ အာက်ပါပုံအတိုင်းမြင်နိုင်ပါတယ်။




အပိုင်း (ခ) Timeline အကွက်တွင် project ကနေ တည်းဖြတ်မည့်ဖိုင်များ စွဲထည့်ခြင်းနှင့် ကာလာ
အရောင်များပြင်ဆင်ခြင်း


အဆင့် (၁)
Project မှာရှိတဲ့ ဖိုင်တွေကို ဒီ Timeline ကိုရောက်အောင် မိမိတည်းဖြတ်မည့်ဖိုင်တွေထဲမှာ psd (photoshop)
ဖိုင်ဆိုရင် ၎င်းဖိုင်ကို ကလစ်နှစ်ချက်ခေါက်ပါ။ အောက်ပါပုံသည် MM ဆိုတဲ့ psd ဖိုင်ကို ကလစ်နှစ်ချက်ခေါက်
လိုက်တာနဲ့ Timeline အတွင်းမှာရောက်ရှိသွားတဲ့ပုံဖြစ်ပါတယ်။



01 ဆိုတဲ့ layer အမည်နဲ့ဖေါ်ပြပေးမှာဖြစ်ပါတယ်။ အခု layer တစ်ခုတည်းမို့လို့ 01 တစ်ခုပဲဖေါ်ပြပေးတာပါ။ 
အကယ်၍ သီချင်းတစ်ပုဒ်လုံးဆို layer က layer က အခု ၂၀ ကျော်လောက်ဖေါ်ပြမယ်။ 


အဆင့် (၂)
psd (photoshop) ဖိုင်ထည့်ပြီးလျှင် ကျန်တဲ့သီချင်းတွေထည့်ဖို့အတွက် Project ကနေ မိမိတည်းဖြတ်မည့် စာ
သားရဲ့ သီချင်းကို ဒီtimeline ကိုအတွင်းကိုရောက်ဖို့ drag and paste လုပ်ရမယ်။ ဒါဆို ၎င်းသီချင်းဖိုင်ကို
မောက်စ်နဲ့ဖိစွဲပြီး timeline မှာရှိတဲ့ Background ဖိုင်အောက်ရောက်ရင် မောက်စ်ကိုလွတ်လိုက်ပါ။ အဲဒါဆို
အောက်ပါပုံအတိုင်း Background ဖိုင်အောက်မှာ သီချင်းဖိုင်တစ်ခုရောလာမှာဖြစ်ပါတယ်။



Background ဖိုင်ကိုအသုံးမလိုသည့်အတွက် ၎င်းဖိုင်ကိုရွေးပြီး ကီးဘုတ်ပေါ်က delete ကိုသာနှိပ်ပြီးဖျက်လိုက်
ပါ။

အဆင့် (၃)
ဒီအဆင့်က layer တွေကို ပွားယူဖို့ဖြစ်ပါတယ်။ ကရာအိုကေစာတန်းရဲ့သဘောသည် layer တစ်ခုကနေ နှစ်ခု ပွားယူရမှာဖြစ်ပါတယ်။ သဘောက layer နှစ်ထပ်ရှိရမှာဖြစ်တယ်။ အဲဒါကရဖို့ 01 layer ကို select ပေးပါ။ ပြီးတော့ ကီးဘုတ်ပေါ်က Ctrl + D တွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း 01 2 ဆိုတဲ့ layer တစ်ခု ထပ်ပိုလာမှာ ဖြစ်ပါတယ်။



အဆင့် (၄)
ပွားယူလို့ရလာတဲ့ layer (01 2) ကို အရောင်ကာလာဖြည့်ရမယ်။ အောက်ပါပုံအတိုင်း Menu> Effect>Color
Correction> Tint ကိုနှိပ်ပါ။



Tint ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်က ကာလာဘောက်စ်ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါကိုမိမိစိတ်ကြိုက်ဖြစ်မည့် အရောင်တွေကို ကျနော်ကွင်းထားတဲ့အဖြူ၊ အမည်းနေရာတွေမှာ မိမိစိတ်ကြိုက်အရောင်တွေနဲ့ဖြည့်လိုက်ပါ။




မှတ်ချက်…
ဒီနေရာမှာ layer အများအတွက်ကျနော်နည်းနည်းလောက်တင်ပြပေးချင်ပါတယ်။ layer 1 ကိုအပေါ်အတိုင်း 
layer ပွားယူတာတို့ အရောင်ဖြည့်တာတို့လုပ်တတ်ပြီးဆိုလျှင် ကျန်တဲ့ layer 2, 3, 4 စသည် ဘယ်လိုလုပ်ရမလဲ
ပေါ့နော်။ ဟုတ်ပါပြီး။ layer 01-01 2 အပေါ်ကအတိုင်း ကာလာအရောင်ဖြည့်ထားပြီးဆိုလျှင် ကီးဘုတ်ပေါ်က
Ctrl + C ကိုတွဲနှိပ်လိုက်ပါ။ copy ယူထားတဲ့သဘောပေါ့။ ပြီးတော့ layer ( 01-01 2) သီချင်းဖိုင်တွေကို lock
သော့ခတ်ထားလိုက်ပါ။ ကျန်တဲ့ layer များကို select ပေးပါ (တစ်ခုခုကို select ပေးပြီး Ctrl + A ကိုသာနှိပ်ပါ)
ထိုနောက် ကီးဘုတ်ပေါ်က Ctrl + D ကိုတွဲနှိပ်ပါ (လေယာတွေကိုထပ်ပွားဖို့)။ အဲဒါဆို layer တွေကို 02 02 2, 
03 03 2, 04 04 2 စသည်အားဖြင့်တွေ့ရမှာဖြစ်ပါတယ်။ ပွားယူလာတဲ့လေယာတွေကို အရောင်ဖြည့်ဖို့ ခုဏက
copy ယူထားပြီးဖြစ်သည့်အတွက် ကီးဘုတ်ပေါ်က Ctrl + V ကိုသာနှိပ်လိုပ်ပါ။ 

အကြမ်းအားဖြင့်…

Ctrl + A = Select All
Ctrl + C = အရောင်များကို ကော်ပီ
Ctrl + D = Layer များကို ပွားယူ
Ctrl + V = ၎င်းကော်ပီထားတဲ့ အရောင်တွေကို paste
အပိုင်း (ဂ) Karaoke Text Edit Main Box နဲ့ Display Screen လုပ်ဆောင်ချက်မျအဆင့် (၁)
ဒီ Karaoke Text Edit Main Box ကို အသုံးပြုနိုင်ဖို့ ပထမအသုံးပြုရမည့်ကီးဘုတ်ပေါ်က ကီးတွေကိုနည်းနည်း
ရှင်းပြချင်ပါတယ်။ အဲဒီဘောက်စ်မှာပါတဲ့ သီချင်းတွေကို နားထောင်ဖို့အတွက် Num Lock ဖက်ခြမ်းပါတဲ့ Del ကီး
ကိုခေါက်လိုက်ပါ။ ဒါဆို သီချင်းတွေက သူ့နေရာနဲ့သူပေါ်လာမှာဖြစ်ပါတယ်။



သီချင်းက Duration ကို သတ်မှတ်ထားသည့်အတွက် ကိုးစက္ကန့်သာ play လုပ်မှာဖြစ်ပါတယ်။ အဲဒါကို မိမိလိုချင် တဲ့သီချင်းနေရာနဲ့ကိုက်အောင်ဘောက်စ်မှာပါတဲ့ time indicator အတိုင်လေးကို လိုက်ရွေ့ပေးရပါမယ်။



အဆင့် (၂)
ဒီအဆင့်က သီချင်းနဲ့ စာသားကိုအစနဲ့အဆုံးမှတ်သားဖို့ဖြစ်ပါတယ်။ အဲဒါကို
timeline က (01 2) ကို select ပေးလိုက်ပါ။ lock ခတ်ထားရင် ပြန်ဖြုတ်လိုက်ပါ။ ကီးဘုတ်ပေါ် Num Lock ဖက်ခြမ်းက Del ကိုနှိပ်ပြီး သီချင်းကိုစနားထောင်းပါ။ သီချင်းရဲ့စတင်မည့်နေရာကိုချိန်ပြီး time indicator နဲ့ လိုက်ရွေ့ပါ။ သီချင်းနဲ့ မိမိတည်းဖြတ်မည့်စာသားကိုက်မည့်အနေအထားထိ ကိုမလဲဆိုတာကို Del (full stop) ကိုထပ်ခါတလဲနှိပ်ပြီး ချိန်ညှိပါ။ 
ချိန်ညှိလို့အဆင်ပြေပြီးဆိုရင် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့သီချင်းကို (ဂုဏ်) အစနဲ့
(ကွယ်) အဆုံးကို ကျနော်တို့ que အတုံးအဖြူလေးနဲ့မှတ်ထားရမယ်။ ဘယ်လိုမှတ်သားထားရမလဲဆိုတော့
Del (full stop) ကိုနှိပ်ပြီး သီချင်းကို play ထားလိုက်ပါ။ ပြီးတော့ (ကွယ်) ဆိုတဲ့သီချင်းဆုံးတာနဲ့ ကီးဘုတ်ပေါ်
က ခရေပွင့်နဲ့ ဇီးရိုးတွဲနှိပ်ထားလိုက်ရင် အောက်က que အဖြူတုံးလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အကယ်၍
မကိုက်သေးဘူးဆိုရင် ၎င်း que အဖြူတုံးလေးကိုပြန်ဖျက်ချင်ရင် ၎င်းတည့်တည့်ကို Right Click ထောက် delete this mark ကိုနှိပ်လိုက်ရုံပါပဲ။ 
အောက်က ကျနော်ပြုလုပ်ထားတဲ့ပုံကိုကြည့်ပါ။ သီချင်းအဆုံးက (ကွယ်) ကိုအရင် que ချလိုက်ပါ။ ပြီးတော့ သီ
ချင်းကို ကီးဘုတ်ပေါ်က del (full stop) ကိုပြန်နှိပ်ပြီး အစ (ဂုဏ်) ကို ကြားတာနဲ့ ကီးဘုတ်ပေါ်က ခရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ပါ။ ဒါဆိုအစမှာ que အဖြူတုံးလေးတစ်ခုထပ်ရလာမယ်။
ဒါဆို que အဖြူတုံးလေးဟာ အစတစ်တုံးနဲ့ အဆုံးတစ်တုံးတွေ့ရမှာဖြစ်ပါတယ်။



ဒီနေရာမှာ စာနဲ့ရေးပြရတော့ အနည်းငယ်အခက်အခဲရှိတယ်။ အဲဒါကို ကိုယ့်ကိုကျေနပ်လောက်အောင်ထပ်ခါ
လေ့ကျင့် ကြည့်ဖို့လိုပါတယ်။ 

အဆင့် (၃)
သီချင်းအစ အဆုံးကို que နဲ့မှတ်သားထားပြီးဆိုရင် အဲဒီ အဆုံး que ကို MaskShape နဲ့ ကန့်သတ်ရမှာဖြစ်ပါ
တယ်။ အဲဒါဆို time indicator အတိုင်လေးကို အဆုံးတစ်ခုဖြစ်တဲ့ que အဖြူတုံးနားမှာ မောက်စ်နဲ့ရွေ့ထား လိုက်ပါ။ ကီးဘုတ်ပေါ်က Ctrl Shift + N တို့ကိုတွဲနှိပ်ပါ။ ပြီးတော့ ကီးဘုတ်ပေါ်က M တစ်ခါတည်းဆက်နှိပ်ပါ။ ဒါဆို အောက်ပုံက ဘယ်ဖက်မှာရှိတဲ့ MaskShape ရဲ့နာရီလိုအလုံးလေးကိုမောက်စ်နဲ့တစ်ချက်နှိပ်ပါ။ အရောင်ကိုကန့်သတ်ပေးတဲ့သဘောဖြစ်ပါတယ်။ ပုံက ညာဖက်မှာအ၀ါရောင်လိုအစက်က လေးတစ်ခုတွေ့ရ မှာဖြစ်ပါတယ်။



MaskShape အတွက် ကီးဘုတ် short cut :
Ctrl Shift + N တစ်ချက် ။
M တစ်ချက် ။

အဆင့် (၄)
သီချင်းနဲ့စာသားကို que အဖြူတုံးနဲ့ MaskShape တို့ မှတ်သားထားလိုက်ပြီးဆိုရင် သီချင်းစာသားရဲ့ကာလာ အရောင်ပြေးဖို့ လုပ် ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် အောက်ကပုံအတိုင်း Display Screen မှာ အ၀ါရောင်
ဒေါက်တိုင်ကလေးတစ်ခုရှိပါတယ်။ အဲဒီဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့ 
အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့
ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအဆုံး (ကွယ်)ထိ ရောက်အေင်ရွေ့ပါ။



အဆင့် (၅) 
ပြီးတော့ time indicator တိုင်လေးကို que ရဲ့ အစနားလေးမှာ ထပ်ရွေ့ထားလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။



အဆင့် (၆)
အဆင့် (၄)က အတိုင်း ကျနော်တို့ Display Screen က အဲဒီအ၀ါရောင်ဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့ အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအစ (ဂုဏ်)ထိ ရောက်အေင် ရွေ့ပါ။



အဆင့် (၇)
အထက်ပါအဆင့်များလုပ်ဆောင်ချက်ပြီးပြီဆိုရင် ဒီသီချင်းစာသားတစ်ပိုဒ်ကို အရောင်ပြေးလို့ရသွားပါပြီ။ သို့သော် 
အခုလက်ရှိတည်းဖြတ်ထားတဲ့ layer ကန့်သတ်ထားဖို့လိုလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။ que အဖြူတုံးရဲ့အ
ထက်နားလေးမှာ ဟိုဖက်ဒီဖက်အပြာဖျော့ရောင်နဲ့တွေ့နိုင်ပါတယ်။ ဒါဆို အစနဲ့ အဆုံးကို ဘယ်လိုကန့်သတ်မလဲ
။ time indicator တိုင်ကို que အစနားမှာ ရွေ့ထားလိုက်ပါ။ ပြီးတော့ အစမှတ်ဖို့အတွက် ကီးဘုတ်ပေါ်က B ကို
နှိပ်။ ထိုနောက် time indicator တိုင်ကို que အဆုံးနားမှာ ပြန်ရွေ့ထားပါ။ အဆုံးကိုမှတ်ဖို့အတွက် ကီးဘုတ်ပေါ်
က N ကိုနှိပ်ပါ။



အစ B
အဆုံး N


ဒါဆို မိမိလုပ်ထားတွေကို ပြန်ပြီးကြည့်ဖို့အတွက် ကီဘုတ်ပေါ် Num Lock က ဇီးရိုးကိုနှိပ်လိုက်ပါ။ ဒါဆို သီချင်း
စာသားအရောင်တွေ ပြေးနေတာကိုတွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ အရောင်ပြေးတာနဲ့ သီချင်းက မကိုက်ဘူးဆိုရင် ပြန်ပြင်လို့ရပါသေးတယ်။ ဥပမာ…သီချင်းက အရှေ့
ရောက်နေတယ်။ အရောင်က နောက်မှာကျန်နေတယ်။ အဲဒါဆို သီချင်းရောက်တဲ့နေရာမှာ ကီးဘုတ်ပေါ်က ခ
ရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ရင် que အဖြူတုံးတစ်ခုထပ်မှတ်လိုက်ပါ။ ပြီးတော့ time indicator တိုင်ကို ၎င်း
que နားမှာ ရွေ့ယူလိုက်ပါ။ ပြီးလျှင် Display Screen က အ၀ါရောင်ဒေါက်တိုင်ကို ခုဏက que နဲ့မှတ်ထား
တဲ့ သီချင်းစာသားနေရာထိရောက်အောင်ရွေ့ပါ။ ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။ 

အဆင့် (၈)
ကဲ…ဒီ Layer ကို ပြင် edit လုပ်တာ စိတ်ကြိုက်ဖြစ်ပြီးဆိုရင် ဒီ layer ကို အစနဲ့ အဆုံးကန့်သတ်လိုက်မယ်။ အဲဒါ
ဆို အောက်ကပုံအတိုင်း ကျနော်ကွင်းထားတဲ့ scroll မျှားကို တစ်ချက်နှိပ်လိုက်ပါ။




ပြီးတော့ layer 01 နဲ့ layer 01 2 နှစ်ခုစလုံးကို select ပေးလိုက်ပါ။ time indicator တိုင်ကို que အစမှာရွေ့
ထားပါ။ ကီးဘုတ်ပေါ်က Alt + { နှစ်ခုကိုတွဲနှိပ်ပါ။ အောက်ကပုံအတိုင်း လေယာအစဖက်မှာ ပြတ်ထွက်သွား
တာတွေ့ရပါလိ့မ်မယ်။ အလားတူ အဆုံးဖက်ခြမ်းမှာလဲ ပြတ်သွားအောင် time indicator တိုင်ကို que အဆုံးမှာ ရွေ့ထားပါ။ ကီးဘုတ်ပေါ်က Alt + } နှစ်ခုကိုတွဲနှိပ်ပါ။ ကဲ..အောက်ကပုံအတိုင်းလိုဖြစ်သွားပါပြီးဗျာ။




အထက်ပါတင်ပြချက်များသည် layer (သီချင်းစာသားတစ်ပိုဒ်)အတွက်မျှသာ ဖြစ်ပါတယ်။ ကျန်တဲ့ layer များအ
တွက်ဆို အပိုင်း (ဂ) က အဆင့်တိုင်းအားလုံးနည်းတူလုပ်ဆောင်ရမှာဖြစ်ကြောင်း လေ့လာသူများသိစေချင်ပါ
တယ်။ လေယာတစ်ခုလုပ်ပုံလုပ်နည်းကောင်းကောင်းသိထားပြီးဆိုရင် ကျန်လေယာများအတွက်မခက်တော့ပါ။
သို့သော် ကျနော်စကားချပ်အနေဖြင့် ပြောရလျှင် ကျန်လေယာများဆက်လုပ်ဖို့ဆိုရင် မိမိပြုလုပ်မည့်လေယာမှ
အပ ကျန်လေယာအားလုံးကို ဘယ်ဖက်ခြမ်းက မျက်လုံးများအာလုံးပိတ်ထားလိုက်ပါ။ မဟုတ်ရင် ကြည့်ရတာ
အဆင်ပြေမည်မဟုတ်ပါ။ ကျနော်အနေနဲ့ အကြံပေးချင်တာက layer မကျွမ်းကျင်သေးသောပုဂ္ဂိုလ်များအတွက်
layer ကို အချိန်ယူပြီးလေ့လာစေချင်ပါတယ်။ 

နောက်တစ်ခုထပ်ပြောပါရစေ။ သီချင်းတစ်ပုဒ်လုံးဟာ နှစ်ကြော့ရှိပါတယ်။ ကျနော်တို့က သီချင်းစာသားကို ပထ
မအကြော့အတွက်ပဲလုပ်ထားတာများပါတယ်။ ဒုတိယအကြော့က သီချင်းကတူနေတော့ ပထမကြော့က သီချင်း
စာသား layer တွေကိုပဲ ကောပီပြန်ကူးယူရမှာပါ။ ဥပမာ…သီချင်းပထမကြော့အတွက် layer အခုနှစ်ဆယ်
လောက်ရှိတယ်ပေါ့ဗျာ။ အဲဒီအခုနှစ်ဆယ်စလုံးကို select ပေးပြီး ကော်ပီယူထားလိုက်ပါ။ ဒုတိယကြောင့်ပြန်စ
မယ့် သီချင်းကို time indicator တိုင်နဲ့ ရွေ့ထားလိုက်ပါ။ ပြီးတော့ Ctrl + V လုပ်လိုက်ရုံပါပဲ။ 

ဒါကလဲ ကျနော်အကြမ်းဖျင်းအားဖြင့်သာ ပြောပြနိုင်တာပါ။ တကယ်လုပ်တတ်ချင်ရင် ကိုယ့်ကိုကြိုးစားကြည့်ပါ။
တစ်ကြိမ်းမရရင် နောက်တစ်ကြိမ်ပေါ့။ အကြိမ်များလာရင် အဆင်ပြေမှာပါ။ ကျနော်က တဒေါင့်တနေရာမှာ အ
ထောက်အကူဖြစ်စေတဲ့ သဘောမျိုးနဲ့ ကြိုးစားရေးပေးတဲ့သဘောပါပဲ။ 

project ဖိုင်ကို သိမ်းခြင်း

၁။ မိမိတည်းဖြတ်တာတွေကို စိတ်ကြိုက်ဖြစ်ပြီးဆိုလျှင် ဖိုင်ကိုသိမ်းစည်းရတော့မယ်။ သိမ်းသည်းရမည့်ဖိုင်
format အမျိုးအစားက AVI ပဲဖြစ်ပါတယ်။ အဲဒါကိုသိမ်းဖို့အတွက် ကီးဘုတ်ပေါ်က Ctrl + M ကိုတွဲနှိပ်
လိုက်ပါ။ ဘောက်စ်တစ်ခုပေါ်လာရင် ဖိုင် name ကိုပေးပြီး OK (မပေါ်ရင် ဘာမှလုပ်စရာမလို)
ထိုနောက် Best Setting ၊ Out put Module Template နှစ်ခုတို့တွင် Setting ကို Best Setting ရွေး၊
ပြီးတော့ Out put Module Template ကိုနှိပ်လိုက်ပါ။ (အကယ်၍ အဲဒါတွေမပေါ်ခဲ့ရင် Menu က Edit> 
Preference ကို နှိပ်လိုက်ရင် Best Setting ၊ Out put Module Template နှစ်ခုကိုတွေ့နိုင်ပါတယ်။
ထိုနောက် အောက်ကပုံအတိုင်း New ကိုနှိပ်ပါ။



၂။ Format Option ကိုနှိပ်ပါ။ ပေါ်လာတဲ့ဘောက်စ်တွင် Microsoft DV ကိုရွေးပြီး OK



၃။ အောက်ကပုံမှာ ကျနော် ခြစ်ထား၊ ရွေးထားအတိုင်း လိုက်ပြီး ခြစ်ထား၊ ရွေးထားလိုက်ပါ။ Stretch ကိုအမှန်
ခြစ်၊ Custom နေရာတွင် NTSC DV ကိုရွေး၊ Crop၊ Audio Out Put ကိုအားလုံးအမှန်ခြစ်လိုက်ပါ။



၎။ အားလုံးပြီးလျှင် save ဖို့အတွက် Render ကိုနှိပ်ပါ။



အောက်ကပုံမှာ ဖိုင်ကိုသိမ်းတဲ့အနေအထားဖြစ်ပါတယ်။ ခဏစောင့်လိုက်ပါ။ ကလင်…ဆိုတဲ့အသံမြည်လာတာနဲ့
မိမိသိမ်းထားတဲ့ဖိုင်ပြီးဆုံးသွာပါပြီးခင်ဗျာ…



အမှာ ။ ။
ကျနော် ဒီ tutorial ကိုရေးဖို့အချိန်အနည်းငယ်ပေးဆပ်ခဲ့ရပါတယ်။ အထက်ကပြောခဲ့အတိုင်း ဆရာများအတွက် ရည်ရွယ်ပြီးရေးတာမဟုတ်ပါ။ မသိသေးသောပုဂ္ဂိုလ်များအတွက်သာဖြစ်ပါတယ်။ ဒီ tutorial နဲ့ အခြေခံပုဂ္ဂိုလ်
များအတွက် အတိုင်းအတာတစ်ခုထိအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စာနဲ့ ပုံရေးပြထားသော်လည်း လိုအပ်
ချက်တွေတော့ ရှိနေမှာသေချာတယ်။ အဲဒီလိုအပ်ချက်တွေကို မိမိကိုယ်နိုက်ကလဲ ထပ်မံပြီးလေ့လာဖို့လိုပါလိမ့်
မယ်။ ကျနော်ကတော့ ဒီ ´ကရာအိုကေ စာတန်းထိုးနည်းကို´ မြန်မာလိုရေးထားတာများရှိမလားဆိုပြီး search
engine ကနေ အချိန်ပေါင်းများစွာ လိုက်ရှာခဲ့ပါတယ်။ ဒီဆော့ဝဲနဲ့ရေးထားတော့ မတွေ့မိခဲ့ပါ။ တစ်ခြားလုပ်နည်း
ကတော့ အနည်းငယ်ရေးထားတော့တွေ့တယ်။ သို့သော် စိတ်တိုင်းကျမဖြစ်တာနဲ့ ဒီဆော့နဲ့လုပ်ပုံလုပ်နည်းကို
ထပ်ခါတလဲလေ့လာပြီးတော့ အနည်းငယ်ကိုယ့်ကိုသဘောပေါက်ပြီးလို့ ယူဆရတဲ့အချိန်မှာ ဒီ tutorial ကိုရေး
ခြင်းဖြစ်ပါတယ်။ 
ကျန်တဲ့ ဒီဆော့ဝဲနဲ့ effect လုပ်ဆောင်ပုံ၊ ပြုလုပ်ပုံတွေကို ၀ါသနာပါရင် youtube.com သွားရောက်လေ့လာ
နိုင်ပါတယ်။ အဲဒီမှာ ဒီစာတန်းထိုးနည်းမတွေ့နိုင်ပေမယ့် တစ်ခြား effect tutorial ပြုလုပ်နည်းတွေကတော့
မြောက်များစွာတင်ထားပါတယ်။ ကျနော်ရေးတဲ့ tutorial ကိုဖတ်ပြီး အနည်းငယ်မျှ အကျိုးရှိရင်လည်း
ကျနော် ပညာပါရမီကို ဖြည့်ရတဲ့အတွက် ကျနော်ဝမ်းသာပါတယ်လို့ပြောပါရစေ…

အားလုံးကိုကျေးဇူးတင်ပါတယ်

စောလင်းနက်စ်

ကရာအိုကေစာတန်းထိုးနည်း Video Capture Tutorial

ကရာအိုကေစာတန်းထိုးနည်း Video Capture Tutorial
ကရာအိုကေစာတန်းထိုးနည်းကို ကျနော်စာနဲ့ပုံတွဲပြီးရေးပြထားသော်လည်း လိုက်လုပ်ရတာအခက်အခဲရှိတယ်လို့ ပြောလည်သည့်အတွက် အခု Video Capture Tutorial နဲ့ ပြန်ပြီးကြိုးစားပေးပါတယ်။ ဗွီဒီယိုကိုကြည့်ပြီးမရှင်းသေး ဘူးဆိုလျှင် ထပ်ပြောပါ။ ကျနော်ဖြေးဖြေးအသေးစိပ်ထပ်ရှင်းပြပါမယ်။ ပညာဆိုတာပေးဆပ်ဖို့ပဲ ချန်ထားလျှိုထား ဖို့မဟုတ်ဘူး။ ကျနော်အခွင့်အရေးရှိတုန်း အချိန်ရှိတုန်းသိတာလေးတွေကို ပြန်ဝေငှခြင်းဖြစ်ပါတယ်။ ကဲ... ဒီတစ်ခါတော့ အဆင်ပြေပါစေ...

ကရာအိုကေစာတန်းထိုးနည်း Video Capture Tutorial

Related Posts...! {ဆက်စပ်ပို့စ်များ}
ကျနော် စောလင်းနက် PC World မှ ကူယူတင်ပြပါသည်
မူရင်းဆိုဒ်သို့သွားရန် ဒီနေရာကိုနှိပ်ပါ

Friday, September 13, 2013

Vroot (မြန်မာလို ဆောဝဲ)


Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။
အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါတခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။
 
အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုနက ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။ 

ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။
VRoot Screenshots
ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကိုအဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေပါတယ်။ ဖုန်းတွေ မြန်မာဖောင့်ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ်ကို ကောင်းပါတယ်ဗျာ။
အားလုံးအဆင်ပြေပါစေ.......။

Friday, September 6, 2013

အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီးငွေရှာနည်း နှင့် PayPal Account သစ်ဖောက်နည်း အပြည့်အစုံ

မင်္ဂလာပါခင်မျာ..ကျနော် အရင်တစ်လောကဘဲ Nerdbux ကနေတစ်ကယ်ငွေထုတ်လို့ရခဲ့တဲ့အတွက် ပုံနှင့်
တကွ အားလုံးကိုတင်ပြခဲ့ပြီပါပြီ ဒီကနေ့ မနက် 1 နာရီ (5.9.2013 ) အချိန်မှာတော့ The-Bux လို့ခေါ်တဲ့
ငွေရှာတဲ့ဆိုဒ်တစ်ခုကနေ ငွေ 4 $ထုတ်ကြည့်ရာ အဆင်ပြေပြီးတကယ်ထုတ်လို့ရခဲ့ပါတယ်ခင်မျာ..ဒါကြောင့်
အသစ်ဖြစ်တဲ့အတွက် မိတ်ဆက်ပေးလိုက်ပါပြီ..တစ်နေ့ကို 20 မိနစ်လောက်ဘဲအချိန်ပေးရတာပါ... ကျနော်စမ်းလုပ်နေတာ နှစ်ပတ်ဘဲရှိပါသေးတယ်.. ဒီလိုငွေရှာနည်းကိုသုံးမယ်ဆိုရင် မိမိရဲ့ကွန်ပျူတာတစ်လုံးတည်းမှာဘဲ..မိမိရဲ့အကောင့်တစ်ခုတည်းသာဖွင့်သုံးပါ...အခြားသောအကောင့်တွေ
..ဒါမှမဟုတ် အကောင့် နောက်ထပ်တစ်ခုထပ်ဖွင့်ပြီးသုံးခြင်းရှောင်ပါ Suspended လုပ်ခြင်းခံရတတ်ပါတယ်..
ဒီအင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင် ဒီအင်တာနက်လိုင်းနဲ့ဘဲ အသုံးပြုပါ...အထူးသဖြင့် ဒီလိုနည်းတွေက
ကိုယ်ပိုင်အင်တာနက်ရှိသူတွေအတွက် အရမ်းကိုအဆင်ပြေလွယ်ကူပါတယ်..ဖုန်းနဲ့လည်း လုပ်လို့၇ပါတယ်...ဒါကြောင့် အင်တာနက်မှာ တစ်နေ့ကို မိနစ် 20 လောက်ပဲအချိန်ပေးလိုက်ပါ..တကယ်
ကိုရလို့ ဖြန့်ဝေပေးနေရခြင်းဖြစ်ပါတယ်.. တစ်ခုမေးစရာရှီလာပါတယ်..ငွေဘယ်လိုထုတ်မလဲဆိုတာပေါ့..
ဟုတ်ကဲ့... PayPal ကနေငွေထုတ်ပါ့မယ်..ဘယ်လိုထုတ်မလဲဆိုတော့ www.shwemoney.com မှာအသေး
စိတ်စုံစမ်းနိုင်ပါတယ်..ကျနော်တို့လည်း အဲဒီကိုဆက်သွယ်ပြီးငွေထုတ်ကြတာမလို့ပါ..အိုကေ.. အခု
ကျနော်ငွေတစ်ကယ်ထုတ်လို့ရခဲ့တဲ့ဆိုဒ်ကတော့ The Bux ဆိုတဲ့ဆိုဒ်ဘဲဖြစ်ပါတယ်ခင်မျာ.... ယုံယုံကြည်
ကြည်နဲ့ တစ်လနီးပါးလောက်စိတ်ရှည်ရှည်ထားပြီးလုပ်ပါ..ကျွန်တော်တို့ကလည်း ဒါတွေကိုစိတ်ဝင်စားတဲ့
အတွက်အမြဲစမ်းသပ်တယ်..စမ်းသပ်လို့အိုကီတယ်ဆိုရင် အများပြည်သူထံချပြလိုက်တာပါ..ပြီးတော့ ဒီလိုနည်းလမ်းတွေရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ရင်းနှီးစေချင်တဲ့သဘောပါ..ကဲစလိုက်ကြရအောင်

အိုကေ အရင်ဆုံး Register လုပ်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။




Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။ 



Full Name မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ ပြန်ပြောင်းလို့ ရပါတယ် ။  အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့ သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့ ID No တို့ကို တွေရပါမယ်။  Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ Mamber တစ်ယောက် ဖြစ်သွားပါပြီ ။ 

Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။


အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။  


ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို  နှိပ်ပါ ။ နှိပ်ပြီးပါက အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်  


ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။ 


အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။ 


အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။ 


ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။ ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး ပိုက်ဆံ ထပ်ရှာပါ့မယ်  ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOSဆိုတာလေးကို ကလစ်လိုက်ပါ။

လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး  ဗီဒီယို ကို ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ ရောက်ရှိသွားပါပြီ။ 
နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။ ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D 


ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။


ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။ 


ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ... 

ဒီလို ဒီလို မဲပေါက်တာပါ ။ 

 မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။
The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။ 


ကလစ်အချက်ရေ  ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။  
နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။


Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  Account Balance ကို ရွေးချယ်လိုက်ပါ။ 


Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့  ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။ 


အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။ Referral (ရှယ်ယာ) ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent Refs ဆိုတာလေးကို နှိပ်လိုက်ပါ။ 


အောက်က ပုံအတိုင်း ပေါ်လာပါမယ်။ 


Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် Rent Now! ကို နှိပ်လိုက်ပါ။


 Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto အလုပ်လုပ်အောင် ပြောင်းရပါမယ်။


ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented  Referrals ကို နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ ) 

AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။ 
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် အသင့်ဖြစ်သွားပါပြီ။  လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။

မိတ်ဆွေတို့ကိုယ်တိုင်လဲ နေ့တိုင်းကလစ်ရင်း Referrals(ရှယ်ယာ) တွေ အလုပ်လုပ်လား မလုပ်လားဆိုတာ စောင့်ကြည့်ပေးရပါမယ် ။ရှယ်ယာတွေ အလုပ်လုပ်ပုံကို ၃ရက်ကျော် လောက် စောင့်ကြည့်ရပါတယ်။ အလုပ်မလုပ်ပါက Recycle လုပ်လိုက်ပါ ဒါဆို ပုံမှန် အလုပ် ပြန်လုပ်လာပါလိမ့်မယ်။ မိတ်ဆွေတို့ အလုပ်မလုပ်တဲ့အခါ သူတို့လည်း မလုပ်တော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင်ကလဲ အမြဲ အလုပ်လုပ် ပေးရပါတယ်။

ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။  Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး  ဝယ်သွားပါ့မယ်။  ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)
 သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ Avg=2.00  အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ Recycle   ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။


ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ... 


မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ ၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email တစ်ခုရှိရပါမယ်။..
ကဲ..ဒါကတော့ The Bux မှာငွေရှာနည်းအပြည့်အစုံပါဘဲ

အခြားတိကျသေချာတဲ့ ငွေပေးတဲ့ဆိုဒ်မှာရှာချင်သေးတယ်ဆိုရင်

PTC ဆိုဒ်တွေထဲမှာ ငွေတကယ်ပေးပြီးတော့ အရှုပ်အရှင်းကင်းတဲ့ ဆိုဒ်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ တကယ်လို့ စိတ်ဝင်စားလို့ Signup လုပ်တဲ့အခါမှာ Paypal email ဒါမှမဟုတ် Payza email နေရာမှာ အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွက်လပ်အတိုင်း ထားလို့ရပါတယ်။ နောက်မှ ပြန်ပြင်လို့ ရပါတယ်။

၁။ Neobux 


ကြော်ငြာတွေကြည့်ပြီး ငွေရှာတဲ့ ဆိုဒ်ပါပဲ။ သက်တမ်းရင့်ပြီးတော့ ငွေပေးတိကျတဲ့ ဆိုဒ်တစ်ခုပါပဲ။ သူ့မှာ Referral ငှားတဲ့အချိန်တိုင်း အမြဲကုန်ကုန်သွားတတ်လို့ Referral တွေကိုတောင် အချိန်လုပြီး ၀ယ်ယူရပါတယ်။ PTC သုံးသူတိုင်း သူ့ကို ကြိုက်ကြပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီး တော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။
ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

Update: တကယ်ကို ငွေထုတ်ရတာ အဆင်ပြေပါတယ်။ ငွေကလည်း ချက်ချင်းကို ကိုယ့်အကောင့်ထဲကို ရောက်ပါတယ်။ ပထမတစ်ခါထုတ်ရင် ၂ ဒေါ်လာဆိုရင် ထုတ်လို့ ရပါတယ်။ နောက်တစ်ခါဆိုရင်တော့ ၃ ဒေါ်လာမှ ထုတ်လို့ရပါတယ်။ အဲဒီအတိုင်း ၁၀ ဒေါ်လာအထိ တက်သွားပါတယ်။  ၁၀ ဒေါ်လာပြီးရင်တော့ ဆက်မတိုးတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် ငွေထုတ်ကြည့်ပြီးပါပြီ။ ဒီလင့်မှာ ရေးထားတာရှိပါတယ်။

၂။ Probux


ကြော်ငြာကြည့်ပြီးတော့ငွေရှာတဲ့ ဆိုက်ကောင်းတစ်ခုပါပဲ။ ငွေပေးလည်း တိကျပါတယ်။ Neobux ထက်တောင် ငွေပိုပေးပါတယ်။  အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။
ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

Update: တကယ်ကို ငွေထုတ်ရတာ အဆင်ပြေပါတယ်။ ငွေကလည်း ချက်ချင်းကို ကိုယ့်အကောင့်ထဲကို ရောက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ငွေထုတ်ကြည့်ပြီးပါပြီ။ ဒီလင့်မှာ ရေးထားတာရှိပါတယ်။


၃။ Clixsense (ကြောင်ရုပ်ကလေးတွေကို ရွေးပြီးနှိပ်ပေးရတဲ့ ဆိုဒ်ကလေးပါ)


သေချာတိကျတယ်လို့ နာမည်ကောင်းရထားတဲ့ ဆိုဒ်တစ်ခုပါပဲ။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။
ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။


၎။ Goldenclix  (အရုပ် ၆ ခုပေးထားတဲ့အထဲက ဇောက်ထိုးဖြစ်နေတဲ့အရုပ်ကို ရွေးပြီးနှိပ်ရတဲ့ ဆိုက်လေးပါ)


နေ့တိုင်း ကြော်ငြာအရေအတွက် များများကြည့်လို့ရတဲ့ ဆိုဒ်ကောင်းတစ်ခုပါပဲ။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။
ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

Update: ကျွန်တော်ကိုယ်တိုင် ငွေနည်းနည်းပြီး စမ်းကြည့်နေပါတယ်။ ငွေထုတ်ရတာတော့ မခက်ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ငွေရောက်လာအောင် နည်းနည်းတော့ စောင့်ရပါတယ်။ မကြာခင် ထုတ်ကြည့်ပြီးရင် ပြန်ပြီး Update လုပ်ပေးထားပါမယ်။ 

၅။ Nerdbux (ပေးထားတဲ့ပုံ ၃ ပုံ ထဲက ဇောက်ထိုးပုံကို ရွေးပြီး နှိပ်ပေးရတဲ့ဆိုဒ်လေးပါ)


ပေါ်လာတာ သိပ်မကြာသေးပေမယ့် နာမည်ကောင်း ရလာတဲ့ဆိုဒ်အသစ်တစ်ခုပါ။ ငွေပိုပေးတယ် ဆိုပြီးတော့ member အသစ်တွေထပ်ထပ်တိုးလာနေတဲ့ ဆိုဒ်ပါ။ Payment proof တွေ ရှိလာပါပြီ။ လက်မလွှတ်သင့်တဲ့ ဆိုဒ်တစ်ခုပါ။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။
ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

Update: Refer တွေဝယ်မယ်ဆိုရင်တော့ သတိထားပေးပါ။ သိပ်ပြီးတော့ အလုပ်မလုပ်ကြပါဘူး။ တစ်ဝက်လောက်ပဲ အလုပ်လုပ်ကြပါတယ်။

၆။ The Bux 


ဒီဆိုဒ်ကတော့ Goldenclix က ပုံချင်းတူပါတယ်။ ကြည့်စရာကြော်ငြာတွေ များပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ 
ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

Update: အရင်တုန်းက ငွေထုတ်ရင်လုပြီးတော့ ထုတ်ရပါတယ်။ အခုတော့ 14.8.2013 ကနေစပြီးတော့ Instant စနစ်ကို သုံးမယ်လို့ သတင်းတင်ထားပါတယ်။ ငွေထုတ်ပေးတဲ့ limit ကိုလည်း တစ်ရက် ဒေါ်လာ ၂၅၀ ကနေ မကြာခင်တိုးပေးမယ်လို့ ကြေငြာထားပါတယ်။ အနည်းဆုံး ၃ ဒေါ်လာဆိုရင် စထုတ်လို့ ရပါတယ်။ မကြာခင် ထုတ်ကြည့်ပြီး ထပ်ပြီးတော့ Update လုပ်ပေးထားပါမယ်။
၇။ Buxp 


PTC ဆိုဒ်တွေထဲမှာ သက်တမ်းရင့်နေပြီဖြစ်တဲ့ဆိုဒ်တစ်ခုပါ။ ငွေရှာလို့ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။ ကြော်ငြာတွေကြည့်ပြီး ငွေရှာတာအပြင် ဗွီဒီယိုဖိုင်တွေကိုကြည့်ပြီး ငွေရှာလို့လည်း ရပါတယ်။ နောက်ပြီးတော့ ကိုယ်က ကြည့်မယ်ဆိုရင် 18+ ကြော်ငြာတွေကိုလည်း ထည့်ပြီး ကြည့်ခွင့်ပေးပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။

၈။ Incenteria


ငွေပေးတိကျတယ်၊ အရှုပ်အရှင်းကင်းတယ်ဆိုပြီး နာမည်ရတဲ့ ဆိုဒ်တစ်ခုပါပဲ။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ 

၉။ Clicksia 


Incenteria ဆိုဒ်နဲ့ အရောင်ကွဲတာလောက်ပါပဲ။ ကျန်တာအားလုံးအတူတူပဲ။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။

၁၀။ Donkeymails 


ဆိုဒ်ကတော့ နည်းနည်း အမြင်ရှုပ်ပါတယ်။ ကြော်ငြာတွေကတော့ နှိပ်ရတဲ့သူ ပျင်းလာအောင်ထိကို များပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ 

၁၁။ AyuWage


ဒီဆိုဒ်လေးကတော့ ကျွန်တော့်ဆိုဒ်ကို အလည်လာတဲ့ mg money ကနေ ညွှန်းသွားတဲ့ ဆိုဒ်လေးပါပဲ။  Probux ထက်ကို ငွေပေးတာ ပိုကြမ်းတယ်ဆိုပဲ။ လိုက်ရှာကြည့်လိုက်တော့ Payment တွေလည်း ရှိတာ တွေ့ရပါတယ်။ PTC သမားတွေအနေနဲ့တော့ ချိတ်ထားသင့်တယ် ထင်ပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ 

၁၂။ WordLinx


ဒီဆိုဒ်လေးကလည်း PTC တွေထဲမှာတော့ နာမည်ကြီးပါတယ်။  PTC သမားတွေအနေနဲ့တော့ ချိတ်ထားသင့်တယ် ထင်ပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ 

၁၃။ Scarlet-Clicks


ဒီဆိုဒ်လေးကလည်း PTC တွေထဲမှာတော့ နာမည်ကြီးပါတယ်။ PTC သမားတွေအနေနဲ့တော့ ချိတ်ထားသင့်တယ် ထင်ပါတယ်။ အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ 

၁၄။ Clickfair 


နောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ ဆိုဒ်ကတော့ Clickfair ဆိုတဲ့ ဆိုဒ်ပါ။ အခြားဆိုဒ်တွေကို သုံးတတ်ရင် သူကနေလည်း ငွေရှာတတ်သွားမှာပါ။အကောင့်ဖွင့်ချင်ရင် ပုံကို ကလစ်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။




၁၅ ။  Earn on


468x60

ဒီဆိုဒ်ကတော့ Euro နဲ့ ငွေရှင်းပေးတဲ့ ဆိုဒ်ဖြစ်ပါတယ် ။ Euro နဲ့ dollar နဲ့ ဘယ်သူ ငွေဈေးမြင့်လဲ ဆိုတာ မိတ်ဆွေတို့ သိတဲ့ အတိုင်းပါဘဲ ။ အကောက်စဖောက်ပြီး ကြော်ငြာ စတင်ကလစ်တဲ့ အချိန်မှာ သူက ဘယ်နှစ်နာရီ တစ်ခါ ကလစ်မလဲလို့ မေးပါတယ် ကျွန်တော်တုန်းကတော့ ၁၀နာရီ တစ်ခါ ကလစ်မယ်လို့ ရွေးလိုက်ပါတယ်။ နေ့လည် ၁၂နာရီ ကလစ်ပြီးတော့ နောက်ထပ် ည ၁၀နာရီကျော်မှာ တစ်ခါ ထပ်ကလစ်ပါတယ် တစ်ရက်တည်းကို Euro 0.1000 ရပါတယ် ။ စိတ်ဝင်စားတယ် ဆိုရင် အပေါ်ကပုံကိုနှိပ်၍ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီမှာ ဝင်ပြီး Register ဝင်လုပ်လိုက်ပါ



၁၆ ။  BadgerBux

 


BadgerBux သူကတော့ ငွေပေးအရမ်းကြမ်းပါတယ်။ No.1 စရင်းမှာ ရပ်တည်နေတဲ့ TheBux ထပ်ကို ပိုက်ဆံပေး များပါတယ်။ တစ်နေ့ကို ကလစ်ခ $0.065 ကျော်ကျော် ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်း ချက်က 2$ ပြည့်မှ referral ဝယ်လို့ ရပါတယ်။ referral တွေ ဈေးကြီး ပေမဲ့ တစ်နေ့ ဝင်ငွေက များပါတယ် ။ဒါကြောင့် လုပ်ထားသင့်တဲ့ ဆိုဒ်တစ်ခုပါ။ အသုံးပြုနည်းကတော့ TheBux နဲ့ တူတူဘဲ မို့လို့ မရှင်းပြတော့ပါဘူး ။ ဒီမှာ Register ဝင်လုပ်လိုက်ပါ။


Clixsense ဆိုတာရှိပါတယ် အနည်းငယ်ရှုပ်ထွေးတဲ့အသွင်အပြင်ရှိပေမယ့် ငွေပေးအလွန်တိကျပါတယ်

နောက်တစ်ခု Clixzor ဆိုတာရှိပါသေးတယ် ကြော်ငြာများသလို..ငွေပေးလဲအရမ်းကိုများပါတယ်..ကျနော်စမ်းထုတ်ပြီးပါပြီခင်မျ.
မန်ဘာဝင်ချင်ပါက ဒီကိုနှိပ်ပြီးဝင်နိုင်ပါတယ်.. အကုန်လုံးကတော့ လုပ်ပုံလုပ်နည်းသဘောတရားအတူတူတွေချည်းပါဘဲခင်မျာ..အဆင်ပြေကြပါစေ။ ဒီဆိုဒ်သုံးခုကို Connection အနည်းငယ်မျှရှိရုံနဲ့လုပ်လို့ရပါတယ် ..The Bux ကတော့နည်းနည်းမြန်တာပေါ့..ကဲ.. PayPal 
Account ဖောက်နည်းလေးစလိုက်ရအောင်...

PayPal Account ဘယ်လိုဖောက်မလဲ..

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Account ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့  အကောင့် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.comမှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။ 
မရှင်းလင်းသည်များရှိပါက adflycreator@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ကြပါသည်


Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers