မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Monday, March 25, 2013

လက်သစ်များအတွက် အိုင်ဖုန်းမှာ Credit Card နံပါတ်ထည့်စရာမလိုပဲ Apple ID လျှောက်နည်း

လက်သစ်များအတွက် အိုင်ဖုန်းမှာ Credit Card နံပါတ်ထည့်စရာမလိုပဲ Apple ID လျှောက်နည်း


Apple ID လျှောက်ရန်လိုအပ်ချက်များ 

 - မိမိ  iPhone, iPad တွင် အင်တာနက် ကော်နက်ရှင် ( WIFI,3G ) တစ်ခုခုရှိရပါမယ်..
- အသုံးပြုလို့ရတဲ့ Email  တစ်ခုရှိရပါမယ်
နောက်ပြီးApple IDတစ်ခါဘူးမျှ မလျှောက်ဘူးသော Email ဖြစ်ရပါမယ် ။

ကဲစလိုက်ကြရအောင်ပါ (အကယ်၍ အောက်မှာပြတဲ့အတိုင်းလိုက်လုပ်နိုင်တယ်ဆိုရင် 10000000%  အောင်မြင်ရမယ်လို့  ရဲရဲကြီး အာမခံရဲပါတယ်)

1)  App Store ကိုဖွင့်ပါ ။ ပြီးနောက် iPhone, iPod, iPad မှာ  Free App တစ်ခုကိုရွေးလိုက်ပါ ။ ဘယ်ဟာပဲဖြစ်ဖြစ်ရပါတယ် ။  free ဖြစ်ဘို့ပဲလိုပါတယ် ။
(ထပ်ပြီးသတိပေးချင်တာက-ဒီနေရာဟာ အရမ်းအရေးကြီးပါတယ်)





2) မျက်နှာပြင်ရဲ့ ညာဘက်အပေါ်နားလောက်က Free ဆိုတဲ့ အပြာရောင်နဲ့ရေးထားတဲ့စာလုံးကို
ရှာပြီး နှိပ်ပါ ။ ဒါဆိုရင်   popup  စာမျက်နှာ တစ်တစ်ခုတက်လာပြီး INSTALL ဆိုတာကိုနှိပ်လိုက်ပါ ။





3)“ Create New Apple ID” ရွေးပေးပြီး နဲနဲစောင့်လိုက်ရင်
 New Account ဆိုတဲ့ popup တက်လာပါလိမ့်မယ် ။




4)ဒီစာမျက်နှာမှာ မိမိရှိနေတဲ့ နိုင်ငံ location ကိုရွေးထားပေးပြီးသားဖြစ်နေတတ်ပါတယ် ။ ကျနော်ကတော့ထိုင်းမှာဆိုတော့  ဒီနေရာမှာ  Thailand Store  ပေါ့နော် ..  ပြီးရင်  Next နဲ့ဆက်သွား....





ကန့်သတ်ချက် သဘောတူညီမှု POPUP စာမျက်နှာတက်လာရင်
 Agree , Pop-Up -Agree နောက်တစ်ကြိမ်နှိပ် ။





5) ဒီအဆင့်မှာ  အသေးစိတ် အချက်အလက်တွေ ဖြည့်ပေးရမှာပါ ။

Email: တကယ်အသုံးပြုလို့ရတဲ့ အီးမေး(လ်) ဖြစ်ရပါမယ်
          ဒီ အီးမေး(လ်)ဟာ Login ဝင်ဘို့အတွက် Apple ID နဲ့ တူပါတယ်

Password: လျို့ဝှက်နံပါတ် အလွန်အရေးကြီးတယ်...
လျို့ဝှက်နံပါတ်ထည့်နည်း
- အင်္ဂလိပ်အက္ခရာ - စာလုံးအကြီး(Shift + အက္ခရာ) အနည်းဆုံး  1 လုံးပါရပါမယ် ...
- အင်္ဂလိပ်အက္ခရာ - စာလုံးအသေး
- ဂဏန်း
Apple ကဒီလိုမျိုးလုပ်ဘို့ စီစဉ်တာ သူ့ဖောက်သယ်များအတွက် လုံခြုံ မှုရှိဘို့ဖြစ်ပါတယ် ။

Verify : ဖြည့်ခဲ့ပြီးတဲ့  Password အတိုင်းအတည်ပြုတဲ့အနေနဲ့ပြန်ထည်ပေးရတာပါ ။

Question – Answer မေ့လျော့ခြင်းကို ကာကွယ်နိုင်ဘို့အတွက် မိမိမှတ်မိအလွယ်ဆုံးမေးခွန်းဖြစ်ရပါမယ်.
( Password မေ့လို့  ဒီမေးခွန်းကိုမေးလာတဲ့အချိန်မှာ ပေါက်တတ်ကရ မရေးထည့်ပါနဲ့-ဒီနေရာဟာအရမ်းကိုအရေးကြီးပါတယ်)

date of birth  ရက် လ နှစ် ကို ခရစ်သက္ကရာဇ် နှင့် ထည့်ပေးပါ ။

Subscribe Apple ကနောက်ဆုံးပေါ်သတင်းတွေလက်ခံချင်ရင်  ON ကိုရွေး
လက်မခံချင်ရင် OFF...ပြီးရင်  Next








 Billing Information
 အပေါ်ကညွှန်ကြားချက်နျားအတိုင်းတသွေမတိမ်းလုပ်လာခဲ့တယ်ဆိုရင်
“None” ဒါမှမဟုတ်
မြှားပြထားတဲ့နေရာကိုနှိပ်ရင်-ဒီပို့(စ်)ခေါင်းစဉ်အတိုင်းပဲ Credit Card နံပါတ်ထည့်စရာမလိုပဲ Apple ID လျှောက်လို့ရသွားမှာဖြစ်ပါတယ်




Billing Adrees  ကိုဝင်ပြီးမိမိကိုယ်ရေးရာဇဝင်လေးဖြည့်ပေးလိုက်ပါ ။
Title   Mr,Mrs,Miss....Etc,,,
First name အမည်
Last Name နောက်ဆုံးအမည်
Adress နေရပ်လိပ်စာ
Town မြို့အမည်
Postcode စာတိုက်အမှတ်
Phone ဖုန်းနံပါတ်   ပြီးရင်   Next....





 Verify Email တက်လာပါလိမ့်မယ်
ဒီနေရာမှာ အထက်ကမိမိလျောက်ခဲ့တဲ့ Email  နဲ့ အတည်ပြုရမှာဖြစ်ပါတယ် ။




 ဒီအောက်ကအဆင့်တွေကိုတော့ကွန်ပြုတာတွေ itune အသုံးမပြုပဲ

 iPhone, iPad ပေါ်မှာပဲလုပ်ရင်လည်းရပါတယ် ။

အတည်ပြုခြင်း  (VERIFY)  ဘယ်လိုလုပ်မလဲ

Safari ကိုဝင်သွားလိုက်ပြီး မိမိအီးမေးလျောက်ခဲ့တဲ့ဝက်(ဘ်)ဆိုဒ်ကိုသွားပါ..ဥပမာ

www.hotmail.com, www.gmail.com, www.yahoo.com , Etc...
Login Email (ဒီမှာတော့ GMAIL ပါ)




2. Subject ” Please verify the contact email address for your Apple ID.”
မိမိရဲ့ MAIL BOX ထဲကို apple က မေးတစ်စောင်ပို့ထားပေးပါလိမ့်မယ် .....





3. စာအိတ်ကိုနှိပ်ဖွင်လိုက်ပြီး Verify Now ဆိုတာကိုနှိပ်ပါ ။





4. Apple ID ထည့်ခိုင်းတဲ့မျက်နှာပြင် တက်လာရင် မိမိလျောက်ထားခဲ့တဲ့ Email နဲ့ Password ကိုဖြည့်
ပြီးရင် Verify Address  ကိုနှိပ် ။
ဒါဆိုရင် မိမိတို့အလိုရှိနေတဲ့ Apple ID  ကို ပြည့်စုံစွာ အသုံးချလို့ရပါပြီ ။



ပြီးပြည့်စုံတဲ့  ID တစ်ခု မိမိလက်ဝယ်ရှိသွားပြီဆိုရင် App Store ထဲဝင်ပြီး   free app
ကိုလွယ်စွာကူစွာနဲ့ Download လုပ်နိုင်ပါပြီ ။

မိမိအလိုရာရွေးချယ်ပြီး  Download PoPup တက်လာရင်   “ Use Exiting Apple ID” ကိုရွေး
Apple ID & Password ထည့် OK ကိုနှိပ်ရင်    Download  လုပ်လို့ရပါပြီ .....

အားလုံးပဲအဆင်ပြေကြပါစေဗျာ.......

Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ Dropbox စနစ်ကို အသုံးပြုကြည့်ကြရအောင်

 Dropbox  ဆိုတာကတော့  အွန်လိုင်း အသုံးပြုစနစ် တစ်ခုလို့ အတိုကောက်ဆိုရမှာပဲဖြစ်ပါတယ်။ Dropbox စနစ်ဟာ
အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့အချက်အလက်တွေကို သိမ်းဆည်းထားနိုင်အောင် ပြုလုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပြီး  ဒီဝန်
ဆောင်မှုကို မိုဘိုင်းဖုန်းတွေပေါ်မှာထည့်သွင်းပေးလာခဲ့တာလည်းဖြစ်ပါတယ်။Dropboxစနစ်အတွက်သတ်မှတ်ပေးထား
တဲ့ အချက်အလက်သိမ်းဆည်းနိုင်မှု ကန့်သတ်ချက်ကလည်း ရှိနေပါတယ်။

အချို့ဖုန်းတွေမှာ ဆိုရင်တော့ 50GB လောက်ထိ ၀န်ဆောင်မှုပါဝင်နေပြီး အချို့ဖုန်းတွေမှာတော့ 8GB လောက်ထိပဲ ပါ
ဝင်တာလည်း တွေ့ရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဖုန်းထဲမှာပါဝင်တဲ့ Dropbox စနစ်ကို ဘယ်လို အသုံးပြုကြမလဲဆို
တာကို စတင်ပြီး လေ့လာကြည့်ကြရအောင်။ ပထမဆုံး ဖုန်းထဲမှာပါဝင်တဲ့ Dropbox စနစ် ထဲကို ၀င်လိုက်ပါ။ ဒါ ဆိုရင်
တော့ ဒီလိုပုံစံမျိုးကို စတင်ပြီး မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ခုမြင်တွေ့နေရတဲ့ စာမျက်နှာကတော့ Dropbox ရဲ့ စာမျက်နှာတစ်ခုဖြစ်ပြီး ဒီစာမျက်နှာပေါ်မှာ အသုံးပြုရမယ့် စာနှစ်
ကြောင်းကို အောက်ဘက်မှာ ဖော်ပြထားတွေ့ရမှာဖြစ်ပါတယ်။
အောက်ဘက်မှာ ရှိနေတဲ့ စနစ်နှစ်ခုထဲက I'm already a Drop-box user ဆိုတဲ့ စနစ်ထဲကို စတင်ပြီး ၀င်ကြည့်ကြရ
အောင်ပါ။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီစနစ်ကတော့ Dropbox စနစ်အတွက် အကောင့်လုပ်ထားပြီးသားဆိုရင် တစ်ခါတည်း ၀င်ပြီး အသုံးပြုနိုင်မယ့် စနစ်ပဲ
ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာတော့ ကိုယ့်ရဲ့ User-name နဲ့  Password တွေကို ပေးရမှာဖြစ်ပါတယ်။
အကောင့်မရသေးဘူးဆိုရင်တော့ ဒီနေရာကို အရင်လာလို့မရပါဘူး။ ဒါကြောင့် နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ I'm new
to Dropbox ဆိုတဲ့နေရာကို ပြန်သွားကြပါမယ်။ ဒီနေရာကိုဝင် လိုက်မယ်ဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ကြရမှာပါ။
ဒါကတော့ Dropboxစနစ်အတွက်အကောင့်ပြုလုပ်ရမယ့်နေရာပဲဖြစ်ပါတယ်။ဒီနေရာမှာ ဖော်ပြထားတဲ့အကောင့်ပြုလုပ်
ဖို့ လိုအပ်တဲ့ အချက်  အလက်တွေကို သေချာဖြည့်စွက်ခဲ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ ဖြည့်စွက်ချက်တွေ ကို
ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာရှိနေတဲ့ registor for dropbox ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုးထပ်မံ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုမျိုးမြင်တွေ့ရပြီဆိုရင်တော့ I Agree ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ Next
ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ အွန်လိုင်းစနစ်ကို WiFi နဲ့သုံးမှာလား မိုဘိုင်းဖုန်း Data စနစ်နဲ့ သုံးမှာလားဆိုတာကို ရွေးချယ်လိုက်ပါ။
ဒါဆိုရင်တော့ Dropbox  အတွက် အကောင့် တစ်ခု  ရရှိပြီဖြစ်ပါတယ်။ အကောင့်ရရှိပြီ ဆိုရင်တော့  Dropbox ထဲ ကို
ရောက်ရှိပြီဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီထဲမှာ မြင်နေရတဲ့ Photo ဆိုတဲ့နေရာထဲမှာ ကိုယ်သိမ်းဆည်းထားချင်တဲ့ ဓါတ်ပုံတွေကို သိမ်းဆည်း ထားနိုင်ပါတယ်။
ဒါ့အပြင် နောက်ထပ် သိမ်းဆည်းနိုင်မယ့် စနစ်တွေလည်း အများအပြားရှိပါသေးတယ်။ Camera Uploads ဆိုတဲ့ စနစ်
တွေကိုလည်း ထပ်မံမြင်တွေ့လာရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့  Favorite ဖိုင်တွေကိုလည်းသက်သက်ခွဲခြားပြီး သိမ်းဆည်း
နိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့နေရာမှာတော့ အချို့ ဖုန်းတွေမှာ ဆိုရင် Dropbox စနစ်ပဲ ပါဝင်ပြီး အသုံးပြုဖို့
သိမ်းဆည်းဖို့ Memory နေရာကို ပိုက်ဆံပေးပြီး ၀ယ်ရတာမျိုးလည်းရှိတတ်ပါတယ်။
ဒီကောင်လေးကို Android version 2.1နဲ့အထက်မှာအသုံးပြုနိုင်ပါတယ်နော်

ဒီပို့စ်လေးကို (www.internetjournal.com) မှ ကိုသက် ရေးသားတာပါ ဒေါင်းဖို့လင့်မပေးထားလို့ ကျွန်တော်ရှာပြီး
လင့်ချိပ်ပေးလိုက်ပါတယ်နော်

Dropbox app လေးကိုအောက်ကကြိုက်ရာလင့်မှာယူလိုက်ပါနော်

သူငယ်ချင်းအားလုံးဗဟုသုတတွေတိုးပွါးပါစေနော်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)


Posted by ♥♥♥ချစ်ဦးမောင်(ရန်ကုန်)♥♥♥ on March 24, 2013 at 2:40pm in သိပ္ပံနဲ့ နည်းပညာဆိုင်ရာ

<http://www.mmcfamily.org/forum/topic/show?id=3003595%3ATopic%3A2030937&xgs=1&xg_source=msg_share_topic>

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers