မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................
Monday, July 15, 2013
Hiren’s boot CD အား USB မှ အသုံးပြုခြင်း။
အခုနောက်ပိုင်းပေါ့ ဗျာ ။ ကျနော်အပါအ၀င် IT လေ့ လာတဲ့ လူငယ်အများစုဟာ များသောအားဖြင့် external Hardrive ဒါမှမဟုတ်ရင်လည်း ပမာဏများတဲ့ Flash drive ( သို့ ) Memory Stick တွေကို
 ဆောင်ထားလေ့ရှိကြတယ်။ နောက်ထွက်လာတဲ့ Motherboard တွေကလည်း Flash Drive ကို support ပေးလေတော့အဆင်ပြေတာပေါ့ဗျာ။ ကျနော်တို့ တွေက ကိုယ် boot တက်ချင်တဲ့  အခွေ
 တစ်ခွေ ဒါမှမဟုတ် အခွေပေါင်းမြောက်များစွာကို ယခင် အခွေတွေနဲ့ boot တက်မယ့်အစား Flash Drive နဲ့ boot တက်အောင် နောက်ပိုင်းပြောင်းပြီးသုံးနေကြပါပြီ။ အခုပြောမှာကတော့။ boot cd ထဲ မှာကျနော်
အကြိုက်ဆုံးဖြစ်ပြီး Freeware တွေ ကိုစုထားတဲ့Hiren’s boot cd ကို CD ကနေ USB ပေါ်ကိုပြောင်း
ပုံပြောင်းနည်းကိုတင်ပြပေးမှာပဲဖြစ်ပါတယ်။သိတဲ့သူတွေများပေမဲ့ မသိတဲ့ သူတွေ လေ့လာနိုင်စေဖို့ ဖြစ်ပါ။ 
ဟုတ်ကဲ့ အခု စ ပါတော့မယ်။ Hiren’s boot cd ကို USBပေါ်ပြောင်းဖို့ ရာ သုံးခုလိုပါတယ် ။
သူတို့ ကတော့
3.    Flash drive (or) Memory stick 2GB or above
အခုအပေါ်မှာကျနော့ပေးထားတဲ့ သုံးခုဆုံတာနဲ့ လုပ်ငန်းစလို့ ရပါပြီ။ ပထမဆုံး Universal usb installer ကို Run ရပါမယ်။ အဲဒီ့ အခါ သူက software ကို Agree လုပ်ခိုင်းပါမယ်။ လုပ်လိုက်ပါ။ ပြီးရင်အဆင်ဆင့် သွားပြီးတဲ့ အခါ အခု ပုံအတိုင်းရောက်လာပါလိမ့်မယ်။
                                                           Fig1
မှတ်ချက်။     ။ Ubuntu linux ကို stick ပေါ်မှ boot လို ပါက လည်း Ubuntu iso သို့  Ubuntu အခွေ
လေးရှိရုံနှင့် ကျန်တာအားလုံးတူပါသည်။ ပြီးရင်ဒီလိုအဆင့်ဆင့်တက်လာပါလိမ့်မယ်။
Fig 2
                                                                          Fig 3         
Yes လို့ ရွေးပေးပါ။ ဆက်သွားပါမယ်။
                                                      Fig 4
ဒီပုံနှစ်ခုတစ်ပြိုင်တည်းပေါ်လာပါမယ်။ ပြီးတာနဲ့ နောက်ဆုံးဒီလိုပေါ်ပါမယ်။
                                                              Fig 5 
                                                                   Fig 6
Hiren’s boot cd ကို usb ပေါ်က boot ခြင်း အစီအစဉ် ပြီးဆုံးပါပြီဗျာ။ ကျနော်သုံးတာကတော့ Hiren’s bootCd Pro.2.3 ပါ ။ Hiren’s boot cd ဟာ windows password reset အတွက် အကောင်းဆုံး 
facebook မှ ကိုဇာနည်၏ ပို့စ် ကို ကူးယူဖေါ်ပြ ပါသည်
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
ဆွေးနွေးရန်
နိုင်ငံအလိုက်လာလည်ကြသူများ
free counters FLAG COUNTER
Followers