မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Thursday, July 25, 2013

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)



Posted: 23 Jul 2013 12:49 AM PDT



 
ကဲဗျာခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့တင်ဘဲ ဘယ်လို Game မျိုးလည်းဆိုတာသိလောက်ပြီထင်ပါတယ်နော်။ တင်ပေးပါဆိုပြီး Facebook ကရော Gamil ထဲကိုပါ ခဏခဏတောင်းဆိုထားတဲ့ Bro အတွက်ရော အခြား အသက်18နှစ်အထက် သူငယ်ချင်းများအတွက်ပါ တင်ပေးလိုက်တယ်ဗျာ။ ဘယ်လို Game မျိုးလည်း ဘယ် လိုကစားရသလည်းတော့ မပြောမကောင်းတော့ မပြောချင်တော့ဘူးဗျာ။ စိတ်ဝင်စားရင် ဒေါင်းပြီးတော့က
စားကြည့်ပေါ့နော်။ Android OS 2.3 နှင့်အထက် Phone များကစပြီးကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒေါင်းလို့ရ လာတဲ့ APK file ကိုအရင် Install လုပ်ပါ ပြီးသွားပြီဆိုရင် Data ကို Copy ကူးပြီး Sdcard\android\obb\ ထဲမှာ Paste လုပ်ပြီး ကစားနိုင်ပါပြီဗျာ။ တောင်းဆိုလွန်းလို့တင်ပေးတာနော်။ အနော့်ကို အပစ်မကျောကြနဲ့။ အထင် မလွဲကြပါနဲ့ဗျို့...............



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။
Posted: 22 Jul 2013 10:49 PM PDT
 
 နည်းပညာနဲ့တော့ မဆိုင်ပါဘူး... ဒါပေမဲ့ မလေးရှားက မသိသေးတဲ့ သူငယ်ချင်းတွေ သိစေဖို့ တဆင့်ပြန်လည် Share ပေးရခြင်းပါ....။

 (မလေးရှားရောက်မြန်မာအတွက် အထူးသတင်း)


ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့်သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ်

ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆိုးသောနေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ်လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။

ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား

ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်

သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။

ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။

သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသားတင်ဆက်ပေးရပါသည် ။


Ref & Credit 
မလေးရှားရောက်မြန်မာများ Facebook Fun Page
 

Posted: 22 Jul 2013 08:35 PM PDT
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )


" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။

Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။

အားလုံးပဲ အဆင်ပြေကြပါစေ.... ။

Credit to : Djjoe Man (MMF)
ကိုလတ်(ကျွဲဆင်း)
Posted: 22 Jul 2013 06:41 PM PDT

 ဒါလေးကတော့ အပျင်းစေဖို့နဲ့ ဗဟုသုတရစေဖို့ အတွက် ရည်ရွယ်ပါတယ်ခင်မျာ... အားလုံးသိကြတဲ့ YouTube မှာ Dance က,ခိုင်းကြည့်တာပါ.... စမ်းကြည့်လိုက်ပါ တကယ် အပျင်းပြေစေမှာပါ....

ဒီနေရာက နေ YouTube ကိုဝင်ပါ...
ပြီးရင် ဒီအောက်က အနီရောင်နဲ့ စာလုံးတွေကို Copy ကူးပြီး YouTube ရဲ့ Search Box ထဲမှာ Paste လုပ်ပြီး Enter ခေါက်ကြည့်လိုက်ပါ... မြူးကြွတဲ့ သံစဉ်နဲ့အတူ YouTube မျက်နှာပြင်ပေါ်မှာရှိတဲ့ ပုံတွေ , စာလုံးတွေအားလုံး က,ခုန်နေကြတာမြင်တွေ့ရပါလိမ့်မယ်...

Do The Harlem Shake
How To make Youtube Dance



အားလုံးပျော်ရွှင်ကြပါစေ...
ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

Posted: 22 Jul 2013 06:07 PM PDT


Blog ရေးနေကြတဲ့ Blogger ညီကိုတွေ သိကြ  , ကြုံဖူးကြမှာပါ ... အင်တာနက်ပေါ်က တချို့ တချို့ Websites တွေမှာ သူတို့တင်ထားတဲ့ ပို့စ်တွေ , ဓါတ်ပုံတွေကို Copy ကူးလို့မရအောင် (Right Click Disabled Website) လုပ်ထားတတ်ကြပါတယ်.. ဒီကိစ္စနဲ့ ပါတ်သက်ပြီး အရင်က နည်းလမ်းတွေ တင်ပေးခဲ့ဖူးပါတယ်.....
 ဒါပေမဲ့ အချိန်နဲ့အမျှ တိုးတတ်ပြောင်းလဲနေတဲ့ အင်တာနက်ကြီးထဲမှာ အဲ့ဒီနည်းလမ်းတွေက အသုံးမဝင်တော့ပါဘူး (ဟီးးး... ကိုယ်တွေ့ပဲလေ)

ဒါပေမဲ့ အခုတော့ Click တစ်ချက်နှိပ်ရုံနဲ့ Copy ကူးလို့ , Right Click နှိပ်လို့ရနိုင်ပါပြီ...လူသုံးများတဲ့ Firefox Browser မှာပါ... Add On လေးတစ်ခုကို Browser မှာ Add ပေးလိုက်ရုံပါပဲ...(တခြား Browser တွေအတွက်ကိုတော့ နောက် အလျင်းသင့်သလိုတင်ပေးသွားပါ့မယ်)

Right Click မရတဲ့ , Copy ကူးလို့မရတဲ့ Website တွေအတွက် အောက်မှာ ပေးထားတဲ့ Link ကတဆင့် Add to Firefox ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ... ပြီးရင် Browser ကို Restart ချပေးလိုက်ပါ (OR) Firefox Browser ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ...။

 Enable Right Click on Right Click Disabled Websites
Follow the procedure from bellow:
  • Download a Firefox add-on named RightToClick from here and install it.
  • Then simply restart your Firefox.
  • Now you will see a golden pointer at the lower right corner of Firefox and also right next to the Home button.
  • When you visit any website which has disabled right click option, click on the golden mouse pointer
  • And that is it, you have done. Now you can able to right click on that page which has restricted to perform right click.

ကဲ... ခုဆိုရင် Copy (Right Click) မပေးတဲ့ Website ကိုဝင်ပြီး ထင်တိုင်းကျဲလို့ ရနိုင်ပါပြီဗျာ....:D

Right Click (Copy) ကူးမရသေးဘူးဆိုရင် အောက်ကပုံလေးအတိုင်း မျှားလေးကို တစ်ချက်လောက် Click ပေးလိုက်ပါ...။


(ညီလေးတစ်ယောက် အကူညီတောင်းထားတာမို့ မျှဝေပေးရုံသက်သက်ပါ)
Right Click Disabled လုပ်ထားတဲ့ ညီကို Blogger တွေကတော့ နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....။ ဘယ်သူ့မှ မရည်ရွယ်ပါကြောင်းပါခင်မျာ..။


Click Here to Go >>>>
 
 
အားလုံးအဆင်ပြေကြပါစေ..

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်




Posted: 22 Jul 2013 02:13 PM PDT
 
 မကြာခဏ မေးမြန်းနေကြတဲ့ သူငယ်ချင်းများ၊ဖုန်းချစ်သူများအတွက် ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။
မိမိဖုန်းကို Version မြှင့်ချင်လို့ Firmwares တွေကိုဒေါင်းလုပ်ယူ၊အင်စတောလုပ်ကြနဲ့ တချို့(အနည်းငယ်)
သာ အဆင်ပြေကြပြီး တချို့ဖုန်းတွေ အဆင်မပြေတဲ့အပြင်ဖုန်းက ဖွင့်လိုက်ရင်ဘာမှကို ပေါ်မလာတော့
ပါ။
ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတော့ မတန်တဆ လောဘတကြီး Version ကိုမြှင့်လိုက်တဲ့အတွက်ပါ။
ဖုန်းက Android Version 2.1 ကို Firmwares နဲ့ Version 4.0 ကိုတခါထဲမြှင့်လိုက်ရင် ဖုန်းထဲမှာရှိနေတဲ့
Chipset နဲ့ မူလ System တွေက ကမောက်ကမ ဖြစ်ပြီး အလုပ်မလုပ်တော့တဲ့ အတွက်ဖုန်းကိုဖွင့်လိုက်ရင်
Screen မှာဘာမှပေါ် မလာနိုင်တော့ပါ။ဖုန်းကလဲ အမှိုက်ပုံးထဲ သာ ထည့်လိုက်ရမှာဖြစ်ပါတယ်။ဒီနေရာမှာ
နားလည်လွယ်အောင် ဥပမာတခုနဲ့ပြောပါရစေ..။ဥပမာ..ပေါင်ချိန် ၅၀-သာထမ်းနိုင်တဲ့လူတယောက်ကို
ပေါင် ၃၀၀ လောက်ထမ်းခိုင်းလိုက်ရင် မထမ်းနိုင်တဲ့အပြင် နေရာကတောင် ထနိုင်မှာ မဟုတ်ပါဘူး။အဲဒီ
သဘောတရားလေးအတိုင်းပါဘဲ။

ဒီတော့..ဖုန်းချစ်သူများ အဲလိုမဖြစ်ကြရအောင် PC Suites များကို သုံးပြီး Update လုပ်နိုင်တဲ့ Versions များနဲ့ တခြားလိုချင်တဲ့ ဆော့ဝဲများကို အင်စတောလုပ်ကြပါလို့အကြံပေးချင်ပါတယ်။
PC Suites တွေကို ဘယ်လိုသုံးမလဲ ဆိုရင်.....

(၁) မိမိဖုန်းမှာ Internet Connection ကို ဖွင့်ထားပါ။

(၂) Setting ကိုဝင်ပြီး USB Debugging ကိုအမှန်ခြစ်ပေးထားပါ။

(၃) USB Cable ကိုအသုံးပြုပြီး ဖုန်းကို Computer နဲ့ချိတ်ဆက်ပါ။

(၄) Computer မှာအင်စတောလုပ်ထားတဲ့ PC Suite ကအော်တိုတက်လာပြီး ဖုန်းကို PC နဲ့ Connect လုပ်
     ပေးပါလိမ့်မယ်။

(၅) PC Suite မှာမိမိဖုန်းရဲ့ အမျိုးအစားနဲ့ Version ပေါ်လာရင် မိမိဖုန်းအတွက် အခုဗားရှင်းထက်မြင့်တဲ့ဗားရှင်း
     Update လုပ်ဖို့ပြနေရင် အဲဒါကို အင်စတော အရင်လုပ်ပါ။(အနဲဆုံး နာရီဝက်မှတနာရီထိကြာနိုင်ပါတယ်။)

(၆) ပြီးရင် ဆော့ဝဲကဖုန်းကို Reboot လုပ်ပေးပါမယ်။
(၇) ဖုန်းပြန်ပွင့်လာရင်မိမိ ဖုန်းရဲ့ ဗားရှင်းကိုပြန်ကြည့်လိုက်ပါ။နဂို Version ထက်မြင်တဲ့ Version ကိုတွေ့ရမှာပါ။

     တလကို ၂-ကြိမ်ခန့် Update Version ရှိ၊မရှိ စစ်ကြည့်ပြီးတဖြေးဖြေးချင်း ဖုန်း Version ကိုမြှင့်ယူပါ။တခါထဲနဲ့ တော့ မြှင့်လို့မရပါ။နည်းစနစ်လဲ မကျပါ။ဖုန်း ပျက်ဖို့ကတော့သေချာပါတယ်။(ပိုက်ဆံအရမ်းပေါနေရင်တော့
     လုပ်နိုင်ပါတယ်)

(၈)ပြီးမှ ကိုယ်လိုချင်တဲ့ Apps များကိုတစ်ခုချင်း အင်စတောလုပ်ယူနိုင်ပါပြီ။

                      Android ဖုန်းများအတွက် PC Suites များ

           MOBOROBO       Download Link

           MOBOGENIE       Download Link 

          Huewai CDMA       Download Link

 Credit : David Aung
Posted: 22 Jul 2013 01:58 PM PDT

  2013 နှစ်ဦးပိုင်းမှစပြီး Facebook.com က Security ကိုထပ်မြှင့်လိုက်တဲ့အတွက် Facebook Account အတော်များများ Lock ကျခြင်းနဲ့ မကြာခဏ ကြုံတွေ့ကြရပါတယ်။မေးမြန်းတာတွေ။ဖြေရှင်းပေးရတာတေ လဲ နေ့စဉ်လိုလိုပါဘဲ။
Lock ကျရင်အီးမေးလ်ကို Verify Code ပို့ခိုင်း၊အဲဒီ ကုဒ်ကိုထည့်၊နောက်တဆင့်ဆက် သွား၊သူငယ်ချင်း ၅-ယောက် ကိုပုံနဲ့နာမည်နဲ့ထပ်တူဖြစ်အောင်ရွေးပေး..ဒါဆိုအကောင့်ကပြန်ရပါပြီ။
ဒါပေမဲ့ Chat လို့မရ၊Add လို့မရသေးပါဘူး။သတ်မှတ်ရက်ပြည့်မှ ပုံမှန်ပြန်သုံးလို့ရပါတယ်။အကောင့်ပြန်ယူနည်း ကိုတော့အတော်များများရေးထားကြလို့အသေးစိပ်ကျွန်တော်မရေးပြတော့ပါဘူး။အခုကျွန်တော်ပြောပြချင်တာ က ဘာကြောင့် Lock ကျရသလဲ ဆိုတာနဲ့ Lock မကျအောင် ကာကွယ်ဖို့နည်းပါ။ဒီအကြောင်းအရာကလဲ Facebook.com မှ ကျွန်တော့်အီးမေးလ်ကို ပို့ထားတဲ့ Report တွေကိုအခြေခံပြီး ဒီပို့စ်လေးကိုရေးလိုက်ရတာ ဖြစ်ပါတယ်။

Facebook Account များ ဘာကြောင့် Lock ကျရသလဲ..?

၁။အကောင့်ကို Log in ဝင်သည့်အခါ Password မကြာခဏ မှားရိုက်ခြင်း။
 
၂။Log in ဝင်ပြီး Fb ကစားပြီးသည့်အခါ Log out မလုပ်ဘဲ Browser ကိုတန်းပိတ်ပစ်ခြင်း။
၃။အကောင့်တခုထဲကို ၁-နေရာထက်ပို၍ တပြိုင်နက်သုံးခြင်း။(ဥပမာ-ကွန်ပြူတာမှာသုံးနေသလို ဖုန်းမှာလဲ
  Log in ဝင်ထားခြင်းမျိုး။
 
၎။Facebook Password သညှ် Strong မဖြစ်ခြင်း။(Pasword က ဂဏန်းသက်သက်(သို့)စာသက်သက်
  (သို့)အရေအတွက်နဲပြီး လွယ်ကူနေခြင်း....စသဖြင့်)
  **Password တခု က စာ ကြီး/သေး၊ဂဏန်း/သင်္ကေတ များပါဝင်ပြီးအနည်းဆုံး ၁၀-လုံးနဲ့အထက် ရှိသင့်ပါ
      တယ်။ဒါမှ Strong ဖြစ်မှာပါ။
 
၅။တကြိမ်ထဲဖြင့် သူငယ်ချင်းများကို (၅)ယာက်ထက်ပို၍ Add လုပ်ခြင်း။ 
 
။Section တခုမှတခုကြည့်ရန် ကူးပြောင်းသည့်အခါ Browser အလုပ်ပြီးသည်ထိမစောင့်ဘဲ ဆက်တိုက်
နှိပ်၍ ဝင်ခြင်း။(ဥပမာ-Home မှ Profile,App, Friend's Profile...စသဖြင့်)
 အထက်က အချက်တွေကြောင့် Lock ကျရခြင်း ဖြစ်ပါတယ်။

  Lock မကျအာင်ဘယ်လို ကာကွယ်မလဲ..?

၁။အထက်ကအချက်တွေကိုဂရုစိုက်ပြီး Fcebook ကိုသုံးပါ။
 
၂။Account Setting မှာဝင်ပြီး Security Question ကိုဖြေဆို Save လုပ်ထားပါ။
   ကိုယ်ဖြေထားတဲ့အဖြေကိုတော့ သေချာမှတ်ထားဘို့လိုအပ်ပါတယ်။
 
   ဥပမာ...မိမိရဲ့ အမေ မွေးတဲ့မြို့ ကဘာလဲ  ..ဆိုတဲ့မေခွန်းကို  
             (Yangon) လို့ဖြေခဲ့ရင် အဲဒီအဖြေကိုသေချာမှတ်ထားပါ။
 
၃။Password ကို Strong ဖြစ်အောင်လုပ်ပါ။
 
၎။လိုအပ်ရင် Fixya.com ကိုဝင်ပြီး FB နဲ့ဆက်သွယ်ထားပါ။
   ဒါဆိုရင် Lock ကျခြင်းက ကင်းလွတ်ပြီး ပျော်ရွှင်စွာ သုံးနိုင်မှာပါ။        
 
 
အားလုံးအဆင်ပြေနိုင်ကြပါစေ   David Aung          

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers