မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Thursday, July 25, 2013

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)



Posted: 24 Jul 2013 09:01 AM PDT

ဒီဆော့ဝဲလေး ကိုတော့ အားလုံးလည်း ရင်းနှီးနေကြပါလိမ့်မယ်

မိမိအသုံးပြု့နေတဲ့ စက်မှာ driver တွေ ပျောက်နေတာကို ပြန်ရှာပေးတယ်

up to date မဖြစ်တဲ့ Driver တွေ ကို online မှာ ပြန်ရှာပေးပြီးတော့

update လုပ်ပေးပါတယ် ။ ဒါအပြင် မိမိ အသုံးပြု့နေတဲ့ driver တွေ ကို လိုလိုမယ်မယ်

ပြန်အသုံးပြု့နိုင်အောင် back up လုပ်ထားချင်တယ် ဆိုရင်လည်း DriverMax လေး က

တခါတည်း လုပ်ပေးနိုင်ပါတယ် နောက်တခါ ဝင်းဒိုး ပြန်တင်လို့ အခက်အခဲ ရှိရင်

ရှာစရာမလိုတော့တာပေါ့ သူ့မှာ အဆင်ပြေစေတာလေးတခု့ကတော့

လိုအပ်နေတဲ့ driver တွေ ကို automatic ရှာဖွေပေးတဲ့ အတွက် လူက တခြား အလုပ်တွေ 

 ဟန်မပျက် လုပ်နေနိုင်ပါတယ်။ပြီးတော့ update လုပ်မယ့် အချိန် ကိုလည်း မိမိ ပေးချင်တဲ့ 

ရက်အကန့်အသက် နဲ့ Auto Update လုပ်ခိုင်းလို့ရပါတယ် ခင်ဗျာ

ဒါလေး ကို အသုံးပြု့ချင်တယ်ဆိုရင်အောက်မှာဒေါင်းသွားလိုက်ပါ

ဒေါင်းရတာ အဆင်ပြေအောင် လင့်တွေအများကြီးလည်း တင်ပေးထားပါတယ်

မဒေါင်းတက်မှာစိုးရီမ်လို့ Adflလင့်တွေ ကိုတောင်ဖြုတ်ထားပေးပါတယ် 




ကိုလတ်(ကျွဲဆင်း)
Posted: 24 Jul 2013 03:09 AM PDT
 
 Online တွင် ခင်မင်ကြ ရာဝယ် သတိထားရန် ..


ယခုလို တိုးတက်လာတဲ့ခေတ်ကာလကြီးမှာ... အင်တာနက်ဆိုတာကို ယခင်က လူတန်းစား တစ်ရပ် ပဲ သုံးစွဲနိုင်လာ ရာကနေ ... လက်ရှိ မြန်မာ နိုင်ငံ တိုးတက်မှုအရ..လူတန်းစားအလွှာအသီးသီး .. အတန်းပညာ မရွေး .. အသုံးပြု လာနိုင်ကြပြီ။

အင်တာနက်ကို တစ်လွဲ အသုံးချ တဲ့ ပုရိဿ အချှို အကြောင်း ကြားဖူးနေကြမှာ အမှန်ပါပဲ။ အစ ကတော့ ရိုးရိုး ခင်မင်ရာကနေ နောက်တော့ တစ်မျိုးတိုးလို့ ဆိုး ပြန် ဆိုပဲ...ဆိုပဲ ..။

တစ်ခါ မျှ မမြင်ဘူးတဲ့ ယောင်္ကျား တစ်ယောက်နဲ့ အွန်လိုင်းမှာ မကြာခဏ Chatting ကြတာ ကနေ...သံယောဇဉ် ငြိတွယ်ပြီး ဘဝတစ်သက်တာ အိမ်ထောင်ဘက် ဖြစ်သွား ကြသူတွေ ရှိသလို ... အပျို ရည်ပျက် ... ဗီဒီယိုတစ်ကွက် အဖြစ်ပြောင်းလဲ သွားကြ သူ တွေလဲ အများကြီးပေါ့။

အင်တာနက် ဆိုတာ .... ဆယ်နှစ်မျိုး ဂျင်းသုပ်... လို ... ရောချင်ရာရော...ပေါင်းချင်ရာပေါင်းစပ် ထား ပြီး ကိုယ်ကြို က်တာ ကိုယ်ရွေး စား နေကြတဲ့ ဟာကြီးမဟုတ်လား။

ပညာ ရှာတဲ့သူ.... မယားရှာတဲ့သူ.... လင်ရှာတဲ့သူ နဲ့ မိတ်ဆွေ အပေါင်းသင်းရှာသူ....ရှာချင်ရာ ရှာလို့ ရတဲ့ အဘိုး စတို ခန်းကြီး လို ပဲ။ အဘိုးက တွေ့ ကရာကောက်သိမ်းထားတာ..... လမ်းကတွေ့ တဲ့စကူ ကအစ ပိုက်တိုပိုက်ပျက် ..ထီးစုတ်..ဖိနပ်စုတ်.. ကနေေ၇ှးဟောင်း တန်ဖိုးကြီးပစ္စည်းတွေ... တစ်ခါ ... ဟိုးပဝေသဏီက .. ကိုယ်လုံးတီး ဖလင်အလိပ်လိုက်ကြီး တွေအထိ... ဘာတွေ မှန်းကိုမသိ စတိုခန်းထဲ ထည့်သိမ်းပြီး သော့ခါးကြားထိုးထားသေး .. လိုချင်တာရှိရင် အဘိုးဆီ ခွင့်တောင်းမွှေတာပဲ..... မရမရှိ ...ရတာပဲ..မရှိရှိတာ အသုံးချ လို့ ရတာတွေ့ လဲ ယူအသုံးချ လိုက်တာပဲ..မရှိသုံးပေါ့။


သည်လိုပဲ..အွန်လိုင်းဆိုတာ... တစ်ချှိုအတွက်တော့ မရှိသုံးသုံးလို့ သိပ်ကောင်းတယ်မဟုတ်လား... သည်တော့ မျိုးစုံကြိုးခုန် ကုန်ကြတာပေါ့။

သတိထားဖို့ ပြောချင်တာလေး တစ်ခုရှိလို့ သိုင်းဝိုင်းနေမိတယ်။ မိန်းကလေးတွေအတွက်ပါ..။

ဟယ်..ကိုယ်မသိတဲ့ယောင်္ကျား နဲ့ Chat ရတာ အန္တရယ်များတယ် ဆိုပြီး ကိုယ်မသိတဲ့ မိန်းကလေး နဲ့ Chat လျင်ရော... အန္တရယ် မဖြစ်ဖူးမထင်နဲ့ ။ အင်တာနက် ဆိုတာ... အထီးအမ မှန်း ခုထိ ဘယ်သူမှ မသိသေးဘူး။


ညီမလေး ...မမ နဲ့ .. မေးရင်းပြောရင်းကနေ ကိုယ့်အတွင်းရေးအကုန်သိပြီး ... ကိုယ့် အိမ်သွားပြေး လိမ်ရုံမက ကိုယ့်အမျိုးပါ ရှိသမျှ တက်တက်ပြောင် သွားနိုင်သေး..။


ဒါ နဲ့ တင်လား ဆိုတော့ မပြီးသေးပေါင်..။ လင်အကြောင်းသားအကြောင်း နှိုက်နှိုက်ချွတ် ချွတ် မေးလာ ရင်သတိလေးထား ပြောပေါ့ .။

ကိုယ်ကတော့ မိန်းမ ထင်ပြီး မမရယ် ညီမကလေ... ယောင်္ကျားကိုဘယ်လိုပြုစုပါတယ်။ ဘယ်လိုခံစားရပါတယ်။ ဘယ်လို အဆင်မပြေတာ စတဲ့ အိပ်ရာခန်းဝင် အကြောင်း အသေးစိတ် သူက လဲပြော ကိုယ့်လဲ မေးလာရင်.... Minions လေး တွေအော်သလို " ဝီရော...ဝီရော " လို့ သာ ခေါင်းထဲ ကိုေ အ်ာခိုင်းထားလိုက်..။

အပျို မလေး တွေ လဲ အတူတူပဲ..ဘယ်လို လူမျိုးကိုမှ ရင်ခုန်တာပါ ... ဘယ်ပုံဘယ်ပန်းမှ ဖီလင်လာတာပါ... ဆိုတာမျိုးတွေ။

သာမန်မိန်းကလေးတွေ Sex အကြောင်း ရင်းနှီးသူ တွေ စုမိတိုင်းမပြောကြဘူးလား လို့ မေးရင်း ..ဟုတ်ကဲ့... ပြောကြသပေါ့... နင့်ဟာ ကြီးတယ် ငါ့ဟာ သေးတယ် တောင် တိုင်းထွာ ကြသေး။ ( ခါး ကိုပြော ပါတယ် )

အိမ်ထောင်သည်တွေစုံလာရင် တော့ ပြောမနေနဲ့ တော့ တော်ရုံ ယောင်္ကျား နားရှက်လို့ ထပြေးမယ်။

အပျို တစ်အုပ်ထဲ အိမ်ထောင်သည် ခပ်သွက်သွက် တစ်ယောက် ရောက်နေ လဲ အဲသည့်အ ပျိုတွေ ဝိုင်းမေးတာနဲ့ အကုန် ပြောရင်း တစ်ဝါးဝ့ါး ပွဲကျ နေ ကြတာပါပဲ။ ဒါက အပြင်မှာ လူချင်းတွေ့ ထုံးစံ မဟုတ်လား။


Online ကျတော့ မတူဘူးလေ။ ဟိုဘက်က ဟာကြီးက မမ လို့သာဆိုတယ်.. အထီးကြီး ဖြစ်နေရင်ဘယ့်နှယ်လုပ်မတုန်း။

ကိုယ့်အတွင်းရေးတွေ မေးပြီး ကိုယ့်အားနည်းချက်လဲ သိရော ယောင်္ကျားလေး အကောင့်နဲ့ ဝင်လုံးပြီး ဒုက္ခ ပေး သွားနိုင် သေးတယ်မဟုတ်လား။

Online မှာ မိန်းမ ဆိုတိုင်း မိန်းမ မဟုတ် သလို ယောင်္ကျား ဆိုတိုင်း ယောင်္ကျားမဟုတ်သူတွေ တစ်ပုံကြီး မို့ ကိုယ့်ရှိသမျှ ဖွင့်ဟ ပြော ဖို့ ဘယ်တော့ မှမစဉ်းစားကြပါနဲ့ လို့ သာ သတိပေး ချင်တာပါ.။


လေးစားချစ်ခင်လျက်

မနတ်သမီး

၂၄.၇.၂၀၁၃

Posted: 24 Jul 2013 02:20 AM PDT


Smart phoneများတွင် အသုံးများသော viber app၏ sub domainဖြစ်သော http://support.viber.com/ အား Syrian Electronic Armyမှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ databaseတချို့တဝက်အား back upလုပ်ယူနိုင်ရန် ဆောင်ရွက်ခဲ့သောကြောင့် Viber၏ Systemတစ်ခုလုံးအာ မတိုက်ခိုက်နိုင်ခဲ့ကြောင်း SEAမှ hackerတစ်ဦးက ပြောကြားခဲ့သည်။

SEA hackerများမှ Viber Usersများအနေနှင့် Viberအား မိမိဖုန်းများမှ Uninstallလုပ်ထားသင့်ကြောင်း အကြံပေးခဲ့သည်။ အကြောင်းရင်းမှာ Viber Companyသည် userများ၏ IP addressများ အပေါ်တွင် ပြထားသကဲ့သို့ databeတွင် သိမ်းဆည်းကာ စုံစမ်းထောက်လှမ်းနေသောကြောင့် ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် viberရဲ့ သတင်းထုတ်ပြန်ချက်အရ Viberအသုံးပြုသူ သန်းနှစ်ရာကျော်သွားပြီ ဖြစ်ကြောင်းသိရသည်။

Viber websiteကို hackလိုက်ကြောင်း SEAမှ ကြေညာပြီးသည်နှင့် တပြိုင်နက် Viber Admin Teamမှ ထိုsite domainပိတ်ထားလိုက်ပြီ ဖြစ်သည်။ defaceအား ကြည့်ရှုချင်ပါက mirror linkဖြစ်သော http://www.zone-h.org/mirror/id/20342711 တွင်ကြည့်နိုင်ပါသည်။

Viberမှ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ၄င်းဝန်ထမ်းတစ်ဦးအား email pishingနည်းဖြင့်တိုက်ခိုက်ကာ minor systemနှစ်ခုအား ထိန်းချုပ်ရယူသွားခြင်း ဖြစ်ကြောင်း၊ userများ၏ dataများမှာ လုံခြုံမှုရှိကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော minor systemနှစ်ခုမှာ Customer Support Panel နှင့် Support Administration Systemတို့ဖြစ်ပြီး တစ်ခုမှာ ပုံတွင် ပြထားသည့်အတိုင်း ဖြစ်သည်။

Userများ၏ အရေးကြီးသော dataများမှာ လုံခြုံမှုရှိကြောင်းနှင့် hackခံရာတွင် မပါဝင်ကြောင်း viberမှ ပြောခဲ့သည်။” ဒီလိုတိုက်ခိုက်မှုမျိုးဖြင့် ဝင်ရောက်လို့ မရနိုင်သော ပိုမိုလုံခြုံသောsystemဖြင့် userများ private dataများအား ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်။ နောင်မှာ ဒါမျိုး မဖြစ်ပွားအောင်လဲ ကျွန်တော်တို့ ကြပ်မတ်လုပ်ဆောင်နေပါတယ်။”

Star Tek
(Admin)
Ref : ITgroup 
Posted: 24 Jul 2013 12:06 AM PDT
 iPadနှင့် iPad Miniတို့ဖြင့် အောင်မြင်မှုများ ရရှိနေသည့်တိုင် Appleအနေဖြင့် Tablet ကွန်ပျူတာ ဈေးကွက်တွင် Screenအရွယ်အစား ကြီးမားသော Tabletတစ်မျိုးဖြင့် နောက်ထပ် ထိုးဖောက်ရန် စီစဉ်နေကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ Appleသည် ၎င်းတို့၏ လက်ရှိထုတ်ကုန်များတွင် အသုံးပြုထားခြင်း မရှိသည့် အရွယ်အစားနှင့် Touchscreen တစ်မျိုးကို စတင် စမ်းသပ်နေပြီဟု ယုံကြည်ရသည်။ ယင်းနှင့်အတူ (၁၃)လက်မအရွယ် iPad အကြီးစား တစ်ခုကို ထုတ်လုပ်လာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ကျယ်ပြန့်လာခြင်း ဖြစ်သည်။

အာရှတိုက်မှ Appleအတွက် Hardware ထုတ်လုပ်ပေးသော ကုမ္ပဏီအချို့ထံမှ ပေါက်ကြားလာသည့် သတင်းအရ Appleသည် မျိုးစပ်နည်းပညာသုံး Screenတစ်ခုအတွက် အရွယ်အစားအသစ် သတ်မှတ် မှာယူရန် အစီအစဉ် ရှိနေကြောင်း သိရသည်။ Appleသည် ၎င်းတို့၏ ထုတ်ကုန်သစ်များနှင့် ပတ်သက်လျှင် တရားဝင် မိတ်မဆက်သေးခင် အလွန်လျှို့ဝှက်တတ်သည့် အစဉ်အလာအတိုင်း ယခုကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

Appleအနေဖြင့် ပိုမိုကြီးမားသော Touchscreen တစ်ခုအတွက် နည်းပညာပိုင်း စမ်းသပ်နေကြောင်း သတင်းနှင့်အတူ အရွယ်အစား ကြီးမားသော iPhone (သို့မဟုတ်) အရွယ်အစား ကြီးမားသော iPad တစ်ခုခု ဈေးကွက်ထဲ ရောက်လာမည်ဟု Appleပရိသတ်များက ယုံကြည်နေသည်။ အချို့ကလည်း (၁၃)လက်မအရွယ် iPadထက်စာလျှင် (၅.၇)လက်မအရွယ် Screenနှင့် iPhoneအကြီးစားမျိုး ပိုဖြစ်နိုင်ကြောင်း သုံးသပ်လျှက်ရှိသည်။ Wall Street ဂျာနယ်ကမူ Apple၏ အာရှဒေသမှ လက်တွဲဖော် ကုမ္ပဏီများထံမှ သတင်းရင်းမြစ်ကို ကိုးကားပြီး (၁၃)လက်မ iPad ဖြစ်နိုင်ခြေ ပိုများကြောင်း ရေးသားခဲ့သည်။




လက်ရှိ ဈေးကွက်ထဲတွင် ရောင်းချနေသော iPad၏ Screen အရွယ်အစားမှ (၉.၇)လက်မ ဖြစ်သည်။ အကယ်၍ ခန့်မှန်းသတင်းများသာ အမှန်ဖြစ်ခဲ့ပါက ယင်းiPad အကြီးစား၏ Screenအကျယ်သည် MacBook Pro အမျိုးအစား Laptopနှင့် တူညီနေမည် ဖြစ်သည်။ ထို့အပြင် ဈေးကွက်ထဲရှိ HP၏ EliteBookကဲ့သို့ Laptop အချို့ထက်ပင် Screen အရွယ်အစား ပိုမိုကြီးမားသည့် သဘောမျိုး ဖြစ်နေသည်။ EliteBook၏ Screen အရွယ်အစားမှာ (၁၁.၆)လက်မ ဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းများအတွင်း Appleနှင့် ပတ်သက်၍ ရေပန်းစားလာသည့် နောက်ထပ် သတင်းတစ်ခုမှာ ဈေးပေါသည့် iPhoneတစ်မျိုးကို ထုတ်လုပ်နိုင်သည်ဆိုခြင်း ဖြစ်သည်။ ပလပ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပြီး အဝါနှင့် အနီရောင်ကဲ့သို့ တောက်တောက်ပပ အရောင်များကို အသုံးပြုနိုင်သည့် iPhoneသည် ဒေါ်လာ(၁၀၀)အောက် ဈေးနှုန်းမျိုးနှင့် ရောင်းချနိုင်ကြောင်း ခန့်မှန်းမှုများ ကျယ်လောင်နေသည်။ Appleသည် လက်ရှိတွင်မူ iPadနှင့် iPhoneများအတွက် စံသတ်မှတ်သည့် အရောင်အဖြစ် အနက်နှင့် အဖြူကိုသာ ရွေးချယ်ထားသည်။



ထို့အပြင် ဈေးကွက်ထဲတွင် Samsung၏ Galaxy S4 miniနှင့် HTC၏ HTC One mini ဖုန်းများ ထုတ်လုပ်နေခြင်းကြောင့် Appleအနေဖြင့်လည်း မူလ iPhoneများထက် စွမ်းဆောင်ရည် အတန်ငယ်နိမ့်သည့် တန်ဖိုးနည်း ဟန်းဆက်တစ်ခုခု ထုတ်လုပ်လာမည်ဟု ယူဆမှုများ ရှိနေခြင်း ဖြစ်သည်။ Telegraph သတင်းစာကလည်း Apple အနေဖြင့် Screen (၃.၅)လက်မ အရွယ်မျှကို အသုံးပြုကာ 5megapixel ကင်မရာ တပ်ဆင်ထားသည့် ပလပ်စတစ် ကိုယ်ထည် iPhoneမျိုးကို ထုတ်လုပ်လာမည့် အလားအလာရှိနေကြောင်း သုံးသပ် ရေးသားခဲ့သေးသည်။
Ref : Planet
Posted: 24 Jul 2013 12:02 AM PDT
မလေးရှားနိုင်ငံတွင်ရှိသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (United Nations High Comissioner for Refugees-UNHCR) က ထုတ်ပေးသည့် ဒုက္ခသည်ကတ် ကိုင်ဆောင် ထားသူ ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဒါတွန်စရီအဟ်မဒ်ဇာဟစ်ဟမီဒီ (Datuk Seri Dr Ahmad Zahid Hamidi) က ပြောကြားခဲ့သည်ဟု မလေးရှားနိုင်ငံ အခြေစိုက် Burma Muslim Community Malaysia အဖွဲ့၏ ရေးသားချက် အရ သိရသည်။

မလေးရှား ပြည်ထဲရေး ဝန်ကြီး၏ ပြောကြားချက်အရ ကတ်အသစ်များတွင် Radio Frequency Identification (RFID) နည်းပညာ ထည့်သွင်းထား မည် ဖြစ်ကြောင်း၊ ယင်းနည်းပညာဖြင့် ပြည်ပမှ လာရောက် ခိုလှုံသူများအား ဂြိုဟ်တုဖြင့် သူတို့၏ တည်နေရာကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း၊ ထိုကတ် အသစ်တွင် ATM များမှ ပိုက်ဆံ ထုတ်ယူရန် Debit Card စနစ်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ အတုအပများ မလုပ်ဆောင်နိုင်ရန်လည်း ကာကွယ် တားဆီးသော စနစ်များလည်း ထည့်သွင်းထား မည် ဖြစ်ကြောင်းနှင့် ကတ် အဆင့်မြှင့်ရာတွင် ကုန်ကျမည့် စရိတ်ကိုလည်း ကိုင်ဆောင်သူက ပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဟ်မဒ် ဇာဟစ်က မလေးရှားနိုင်ငံတွင် လာရောက် ခိုလှုံသူ ဒုက္ခသည် များတွင် ၁၀၄,၀၇၀ သည် UNHCR ကတ် ကိုင်ဆောင်ထားပြီး ကျန်သော ၅၀,၀၀၀ ကျော်မှာ ကိုင်ဆောင်ထားခြင်း မရှိဟု ဆိုသည်။

ပါမစ် ရရှိသူများသည် မလေးရှားနိုင်ငံမှ ပြဋ္ဌာန်းထားသော ဥပဒေကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ ထို့အတွက် UNHCR နှင့်လည်း ဆွေးနွေးခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ အချက်အလက်များ ပြည့်စုံပါက အလုပ်သမား ပါမစ်ပေး ရန် ညှိနှိုင်းခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားစာ မရောက်သေးကြောင်းနှင့် ယင်းကိစ္စကို မသိရှိသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြန်ကြားရေး တာဝန်ခံ တစ်ဦးက The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

မလေးရှားနိုင်ငံတွင် လက်ရှိ တရားဝင် မြန်မာလုပ်သား ခုနစ်သောင်း၊ တရားမဝင် မြန်မာလုပ်သား ၂ ဒသမ ၅ သိန်းခန့်နှင့် မြန်မာနိုင်ငံသား ကတ် ရရှိပြီးသူ ၂၄၅၆ ဦး ရှိကြောင်းနှင့် ဆာလာယန်းတွင် နေထိုင်သူ မြန်မာ လုပ်သား အရေအတွက်ကိုမူ စာရင်း ကောက်ယူဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ တရားဝင် စာရင်းအရ သိရသည်။

Ref : အေးချမ်းမွန်
Posted: 24 Jul 2013 12:00 AM PDT
မိမိ အသုံးပြု့နေတဲ့ ဝင်းဒိုး 8 မှာ mouse ရဲ့double click speed ကို ဒီလိုလေးမြန်အောင်

ထပ်မြှင်လို့ ရပါတယ်။ Touch Screen မသုံးပဲ mouse ကို အသုံးပြု့တဲ့

သူငယ်ချင်းတွေအတွက် အရမ်းအသုံးဝင်ပြီးတော့ အချိန်ကုန်သက်သာစေတဲ့ နည်းလေးပါ လုပ်ကြည့်ပါ
( 1 )ပထမဆုံး keyboard ကနေ win + x လေးကိုနှိပ်လိုက်ပြီးတော့

Administrator menu ကို ခေါ်လိုက်ပါ အဲ့ဒီမှာ Control Panel ကိုရွေးပါ

( 2 ) Control Panel က Search  မှာ Mouse လို့ ရိုက်ရှာ လိုက်ပါ

တွေ့ပြီဆိုရင် Change mouse click settings  ကိုရွေးပေးလိုက်ပါ အောက်မှာလည်း

ပုံလေးနှင့်တကွ ပြထားပေးပါတယ် ခင်ဗျာ

( 3 )Mouse ရဲ့ Properties ကို ဝင်သွားလိမ့်မယ်

Buttons ကို ထပ်ရွေးပေးပါ အောက်ကပုံမှာကြည့်လိုက် Double Click Speed 

ဆိုတာလေးကို Slow နေရာ ကနေ Fast နေရာထိ တိုးရွေ့ပေးလိုက်ပါ

အဲ့ဒီနောက် Apply နှိပ်ပြီးတော့ OK ပေးလိုက်ရုံပါပဲ ဒါလေးတင်ပါ..ဟီးဟီး


mouse ကောင်းကောင်းလေးတော့ ဖြစ်ဖို့ လိုတယ်နော် 

အဟောင်း ဒါမှမဟုတ် မကောင်းတော့ ဘူးဆိုရင်တော့ အသုံးမဝင်ပါဘူး ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
Posted: 23 Jul 2013 11:07 PM PDT
 

မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခုဖြစ်သည့် ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက် အမြန်နှုန်းများ တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါက ဖိုင်ဘာ ဆက်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီတွင် ချို့ယွင်းခဲ့သဖြင့် အင်တာနက်နှင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ကုန်းတွင်း နယ်စပ် ဖြတ်ကျော် ဖိုင်ဘာ ဆက်ကြောင်း များသို့ ပြောင်းလဲ ချိတ်ဆက်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သည်။

“စင်ကာပူက အဖွဲ့နဲ့ ပြင်ဖို့ ညှိနေတယ်။ တစ်လလောက် ကြာမှာဆိုတော့ အဲဒီအချိန်အတွင်း အင်တာနက်တော့ နှေးမှာပဲ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် ချိတ်ဆက်ထားသည့် အဆိုပါ SE-ME-WE 3 ဆက်ကြောင်း ၏ မြန်မာနိုင်ငံတွင်း လမ်းကြောင်း တစ်လျှောက်ကို စစ်ဆေးရာ ပင်လယ်အတွင်း ၁၃ ကီလိုမီတာ ဝန်းကျင် တွင် ပြတ်တောက်နေသည်ကို တွေ့ရပြီး စင်ကာပူနိုင်ငံမှ ပင်လယ်ရေအောက် ကေဘယ် ပြုပြင်ရေး အဖွဲ့ကို ခေါ်ယူ ပြင်ဆင် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိက အင်တာနက် ဆက်ကြောင်းမှာ တစ်ခုတည်းသာ ရှိနေသေးပြီး ယခုအတိုင်း ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပွားပါက စီးပွားရေး လုပ်ငန်းများအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် ကြောင်း မြန်မာ အင်တာနက် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ MIDO မှ ကိုညီညီ (သံလွင်) က ပြောကြားသည်။

ယင်းသို့ ဆုံးရှုံးမှုများကို ကာကွယ်ရန် ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ များ ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သက်တမ်း နှစ် ၃၀ သတ်မှတ်ထားသည့် SE-ME-WE 3 ကေဘယ်လ် ကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ချိတ်ဆက် အသုံးပြုနေပြီး လက်ရှိ သက်တမ်း နှစ် ၂၀ ရှိပြီဖြစ်၍ မကြာခဏ ပြတ်တောက်မှု များ ဖြစ်ပွားလေ့ ရှိသဖြင့် SE-ME-WE 5 ဆက်ကြောင်းသစ်နှင့် ချိတ်ဆက် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

Ref :အေးချမ်းမွန်
Posted: 23 Jul 2013 10:44 PM PDT
 
အရင်ဆုံး မိမိဖုန်းရဲ့ Setting >More>Mobile Network>Access Point 



Names နေရာမှာဖြည့်သွင်းပေးရမှာပါ


Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

ပြီးလျှင်အောက်ပါအတိုင်း ဖြည့်သွင်းပေးကြရအောင်ဗျာ

 
Name: mectel

APN: #777

username: card

password: card

APN မပါသောသူများ

PPP Digit မှာ #777 ရေးပေးလိုက်ပါ

Connection Name တောင်းနေပါက mectel ပေးလိုက်။


Posted: 23 Jul 2013 10:43 PM PDT
Facebook က Friends တွေရဲ့ ဓါတ်ပုံတွေကို တစ်ပုံချင်းဒေါင်းရတာ အားမရလို့ပါတဲ့... ဖြစ်နိုင်ရင်  Album  လိုက် တစ်ခါတည်း ဒေါင်းယူချင်ပါတယ်ဆိုပြီး... ညီလေး တစ်ယောက် အကူညီတောင်းထားလို့ အဆင်ပြေဆုံး Software လေးရှာပြီး အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

ဒီ Software လေးကတော့ Free Version ပါ ... သူ့မူရင်း Website မှာတော့ နောက်ဆုံး UpdateVersion ကို ဒေါင်းယူနိုင်ပါတယ် ... ဒါပေမဲ့ နောက်ဆုံး Update Version ကတော့ မြန်မာလိုရေးထားတဲ့ Friends တွေဆိုရင် မြန်မာစာတွေ မမြင်ရပါဘူးးး ....  မြန်မာလိုရေးထားတဲ့ Friends တွေကိ မြန်မာလို မြင်ချင်တယ်ဆိုရင်တော့ အောက်မှာ ကျနော်တင်ပေးထားတဲ့ Link ကတဆင့်  ဒေါင်းယူနိုင်ပါတယ်... 
အသုံးပြုနည်းကတော့ အရင်ဆုံး မိမိတို့ Facebook ကို Login ဝင်ထားပါ... ပြီးရင် အောက်က Link ကတဆင့် Software ကို ဒေါင်းယူပါ...  ဒေါင်းလို့ရလာတဲ့ .RAR ဖိုင်လ်ကို ဖြည်ပါ...အထဲက  pg.exe  လေးကို Double Click နဲ့ Install လုပ်လိုက်ပါ...။
အောက်ကပုံလို မြင်ရပြီဆိုရင်... Login ကို နှိပ်ပါ...။


Browser မှာ New tab အနေနဲ့ အောက်ကပုံလို Page တစ်ခု တတ်လာပါမယ်... (ပုံပါအတိုင်း တတ်မလာခဲ့ဘူးဆိုရင် Software ကို ပိတ်ပြီး နောက်တစ်ခါ ပြန်ဖွင့်ပါ)
မျှားပြထားတဲ့ နေရာကို တစ်ချက် Click ပြီး ကုဒ်တွေကို Copy ကူးယူပါ..



Paste your login token here: နေရာမှာ Ctrl + V ကို နှိပ်ပြီး Paste ချပေးပါ....
I want to download ကို ဆက်နှိပ်ပါ...။
ပြီးတော့ သူ့ရဲ့ ဘယ်နေရာ Photo တွေကို ဒေါင်းယူချင်သလဲ ? လိုချင်တဲ့နေရာကို အမှန်ခြစ် တပ် ပေးပါ.. အားလုံး အမှန်ခြစ်တပ်ပေးလိုက်လည်းရပါတယ်...။

ပြီးရင် အောက်က အကွက်ကြီးထဲက မိမိ ဒေါင်းယူချင်တဲ့ Friend တစ်ယောက်ယောက်ကို ရွေးပေးပါ...


မိမိ သိမ်းထားလိုတဲ့နေရာကို ရွေးပေးပါ...။


အားလုံးပြီးရင် Download ကို နှိပ်ပြီး စ,တင် ဒေါင်းယူနိုင်ပါပြီ....
Click Here to Download For Window

 အားလုံး အဆင်ပြေကြပါစေ..

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်



Posted: 23 Jul 2013 09:52 PM PDT


၂၅.၇.၂၀၁၃ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖြန့်ချီမည့် GSM နှင့် CDMA သတင်း

၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။

၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


ကိုလတ်(ကျွဲဆင်း)
Posted: 23 Jul 2013 09:34 PM PDT
အင်တာနက်ဂျာနယ်ကို အပတ်စဉ် တနင်္လာ တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ အင်တာနက်ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ အင်တာနက်ဂျာနယ်
ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂၈)ကို တင်ပေး
လိုက်ပါတယ်ဗျာ။ ဒီနေ့ 24 ရက်နေ့ထွက် Update လေးပါ ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက်အဆင် မပြေ
သောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။
ဒီတစ်ပတ်မှာလည်း ဂျာနယ်တိုက်က Upload တင်ပေးတာတစ်ရက်နောက်ကျသွားတဲ့အတွက် Internet ဂျာနယ်ပရိတ် သက်များကိုအထူတောင်းပန်ပါတယ်ဗျာ

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Posted: 23 Jul 2013 03:43 PM PDT
 
ကွန်ပျူတာမှာ ဂဏန်းဗေဒင် တွက်ကြည့်ရအောင်ဗျာ။ ဘာပဲပြောပြော အပျင်းပြေပေါ့။ ဒီဆော့ဝဲလ်လေးက ထွက်တာတော့ကြာပါပြီ။ ဆော့ဝဲလ်ဖန်တီးသူကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ သူငယ်ချင်းအားလုံး
လည်းကိုယ့်မွေးရက်နဲ့တွက်ကြည့်လိုက်ဦးနော်။ မမှန်ရင်လည်းစိတ်မဆိုးနဲ့ပေါ့ ခိခိ။ စိတ်ဝင်စားသူများ
 ဒေါင်းလုပ်ရယူနိုင်ပါပြီ။


Download=>> Link 1, Link 2, Link 3
Posted: 23 Jul 2013 02:05 PM PDT
ကွန်ပျူတာမှာ Window အလန်းစားတွေကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများအတွက် Windows 7 Alienware Blue Edition (x64/Eng/Jul2013) တင်ပေးလိုက်ပါတယ်။ 64 Bit Edition ဖြစ်ပါတယ်။ 32 Bit Edition တွေ့ရင် ထပ်တင်ပေးသွားပါ့မယ်။ အသစ်အဆန်းတွေကိုမှ အသုံးပြုတတ်တဲ့ သူငယ်ချင်းများအကြိုက်ဖြစ်မှာပါ။ ပါဝင်တဲ့ Features တွေကိုတော့ အောက်မှာကြည့်ပေးပါ။ Resume လည်းရပါတယ်ခင်ဗျာ။ စမ်းသပ်သုံးစွဲလိုသူများ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Control panel
Windows Side Show=Remove
Ease Of Access=Remove
Phone and Modem=Remove
Tablet PC Setting=Remove
Control panel view=Category

[Control Panel Add]

Registry=Add
Group Policy=Add
User Directory=Add

Desktop Add/removed:

Show Hidden Wallpapers and Themes=Enable
Application TimeOut=3000
Wait to Kill Application TimeOut=5000
Show Desktop Icons=Enable

Desktop Taskbar:

Show run on start menu=Enable
Use small icons=Enable

Explorer shortcuts:enablesAdministrative Tools=Enable
Device Manager=Enable

Explorer Context:EnableSAdd Device Manager=Enable
Add Group Policy=Enable
Add MS-Config=Enable
Add Services=Enable
God Mode=Enable
Registry Editor=Enable
Change Cursor=Enable
Change Theme=Enable
Change Wallpaper=Enable
God Mode=Enable
Task Manager=Enable
Copy To=Enable
Move To=Enable
Grant Admin Permission=Enable
Open With Notepad=Enable

Explorer Views:Enabled/Disabled

Show Hidden Files and Folders=Enable
hide Drives with No Media=Disable

Security:enabled/Disabled

Anti spyware=Enable
UAC=Default
Windows Firewall=Enable

System Changes or disable/Enables

UXTheme patch=Enable
Command Window Background Colour=Blue
Command Window Text Colour=Green
Set Mouse Pointer Speed Maximum=Enable
Hibernation=Disable
Low disk space warning=Disable

Visual Effects:Enabled/DisableTransparent Glass=Enable
Aero snap=Disable

Internet Explore

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers