မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Tuesday, July 23, 2013

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)



Posted: 22 Jul 2013 08:01 AM PDT
 
 မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်များ ကို သုံးလ ဆက်တိုက် ရောင်းချနေရာမှ GSM မိုဘိုင်းလ် ဆင်းကတ် နှစ်သိန်း ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာသည်။

ဧပြီလမှ စတင်၍ CDMA ဆင်းကတ် သုံးသိန်း ငါးသောင်းကို လစဉ် ခွဲဝေ ရောင်းချခဲ့ပြီး ဇူလိုင်လတွင် CDMA တစ်သိန်း ငါးသောင်းနှင့် GSM နှစ်သိန်း စုစုပေါင်း သုံးသိန်း ငါးသောင်းကို ယခင် စနစ်များ အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

GSM ဆင်းကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခွဲဝေ ချထားရာ တွင် လိုင်း တပ်ဆင်အား ပေါ် မူတည်ကာ အရေအတွက် ခွဲဝေမည်ဖြစ်ပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လိုင်း တပ်ဆင်အား မလုံလောက် သည့်အတွက် အရေအတွက် လျှော့၍ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။


“ကျွန်တော်တို့ တိုင်းအတွက် GSM အလုံး တစ်သောင်းပဲ ရတယ်လို့ ပြော တယ်။ ဂဏန်းတွေက ၀၉ ၂၅ ကနေ ၀၉ ၂၉ အထိ ရှိတယ်လို့ ကြားတယ်” ဟု မကွေးတိုင်းဒေသကြီး မြို့နယ် ဆက်သွယ်ရေး တာဝန်ခံ တစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် WCDMA ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးက ချင်းပြည်နယ်အတွက် ချထားပေးသည်ဆိုသော်လည်း အဆိုပါ နံပါတ်များ ဖုန်းဈေးကွက်အတွင်း ရောက်ရှိခြင်း မရှိကြောင်း၊ GSM ဆင်းကတ်များ စတင် ချထားပေးသည့်အတွက် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ကြောင်း မန္တလေးမြို့တော်မှ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တာဝန်ခံ တစ်ဦးက ဆိုသည်။

ဇူလိုင်လအတွက် မိုဘိုင်းလ်ဖုန်း ခွဲဝေ ချထားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းသော် လည်း ရုံးပိတ်ရက်အတွင်း ဆက်သွယ်ရေးက ကြေညာသည် ဖြစ်၍ အသေးစိတ် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

စတင် ချထားပေးမည့် ကျပ် ၁၅၀၀ တန် GSM ဆင်းကတ်များတွင် ယခင် CDMA ဆင်းကတ်များကဲ့သို့ ပင် ကြိုတင် ငွေကျပ် သုံးရာ ဖြည့်သွင်းထားပြီး ၁၅ ရက် အတွင်း စတင် အသုံးပြုရန် လိုအပ်ကာ တစ်လလျှင် အနည်းဆုံး ဖုန်းပြောဆိုခ ကျပ် ၂၅၀၀ အသုံးပြုရမည် ဖြစ်သည်။
Ref:  The Voice Weekly

Posted: 22 Jul 2013 12:48 AM PDT
Android အမျိုးအစားဖုန်းများတွင် Android 2.0 မှ 4.0 ဖုန်းများတွင် မြန်မာစာထည့်သွင်းရာတွင် ဖတ်ရှုရ ၊ စာရိုက်ရအဆင်ပြေခဲ့သော်လည်း Android 4.1 နှင့်အထက်ဖုန်းများတွင် မြန်မာစာဖတ်ရှုရ စာရိုက်ရ အဆင်မပြေခြင်း ၊ စာလုံးများရှေ့နောက်လွဲခြင်း စသည့် error အနည်းငယ်ရှိခဲ့ပါသည်။

ယခုအခါ Android 4.1 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် ဆော့ဝဲကို မြန်မာ Developer တစ်ဦးကရေးသားထုတ်ဝေလိုက်ပြီဖြစ်သည်။ ယင်း ဆော့ဝဲအားရေးသားခဲ့သူ ကိုကျော်စွာသွင် နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Smart Zawgyi ဆိုတာ ဘာလဲလို့ မေးမြန်းခဲ့တဲ့အခါ။

“Smart Zawgyi ကအားလုံးပိုင်တဲ့ Font တစ်ခုပါ။ Zawgyi.net နဲ့ Alpha Mandalay ကဖန်တီးခဲ့တဲ့ Zawgyi ကိုပြန်လည်မွန်းမံထားတာပါ ။
4.2.2 တွေမှာ Unicode Rendering ရလာတော့လဲ Zawgyi font ကမရတော့ဘူးလေ
ကျွန်တော်တို့အများဆုံးသုံးတာက Zawgyi ဆိုတော့ Zawgyi ကိုသုံးချင်တဲ့သူတွေက Zawgyi ကိုသုံး
Unicode ကိုသုံးချင်တဲ့သူတွေက ပုံမှန်အတိုင်းသုံးဖို့အတွက်ပါ “
 
လို့ဆိုပါတယ်။
ရိုးရိုး ဇော်ဂျီဖောင့်နဲ့ Smart Zawyi နဲ့ဘယ်လိုကွာခြားချက်ရှိလဲလို့ မေးမြန်းတဲ့အခါ

“အခု Release လုပ်လိုက်တဲ့ ကောင်ကတော့ အရင် Zawgyi အတိုင်းအလုပ်လုပ်တဲ့ ကောင်ပါ Rendering မှန်နေတဲ့ ဖုန်းတွေမှာမြန်မာစာအမှန်မြင်ရအောင်ပါ”
 
လို့ ကိုကျော်စွာသွင်က ပြောပါတယ်။
မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုဘယ် Android version တွေအတွက်အသုံးပြုနိုင်မလဲဆိုတာနဲ့ ဖုန်းအမျိုးအစားဘယ်နှမျိုးလောက်ကို မြန်မာစာမှန်ကန်စေပါမလဲ ဆိုတဲ့ မေးမြန်းချက်အပေါ် ကိုကျော်စွာသွင်က

“Android 4.2.2 သုံးထားတဲ့ နောက်ပိုင်း Android ဖုန်း အားလုံးနီးပါး မြန်မာစာရေးရဖတ်ရမှန်ပါလိမ့်မယ်
 
လို့ ကိုကျော်စွာသွင်က ဆိုပါတယ်။
အခုထွက်ရှိလာတဲ့ Smart Zawgyi Tool ကို Myanmar Mobile App Store မှာ download ရယူနိင်ရန် တင်ပေးထားပါတယ်။ နောက်ထပ် Smart Zawgyi Tool ကို မိုဘိုင်းဗားရှင်းဆော့ဝဲအနေနဲ့ထွက်ရှိုရန် အစီစဉ်ရှိမရှိကို မေးမြန်းတဲ့အခါ

“APK နဲ့ရော Windows Installer ကောပါ Windows အတွက်တော့ CGI အစား GUI နဲ့ထုတ်ပါ့မယ်… CWM တင်ထားတဲ့သူတွေအတွက် Zip ကိုလဲထုတ်ပါ့မယ်။ Open Source အနေနဲ့ထုတ်မှာပါ ။”
 
လို့ ကိုကျော်စွာသွင်က ဖြေပါတယ်
Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးတဲ့ Tool ကိုရေးသားခဲ့တဲ့ ကိုကျော်စွာသွင်ကို Myanmar Mobile App Store မှ မိုဘိုင်းအသုံးပြုသူများကိုယ်စားကျေးဇူးအထူးပင်တင်ရှိပါတယ်။ Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုအောက်က link မှာရယူနိုင်ပါတယ်။


Smart Zawgyi Tool Download
Smart Zawgyi ဆော့ဝဲအသုံးပြုနည်းကိုတော့ ကိုကျော်စွာသွင် က

“ဖုန်းကို ကွန်ပျူတာမှာ တပ်၊ ဖုန်းရဲ့ USB Debugging ကို Enable လုပ်၊ အခုပေးထားတဲ့ Rar လေးကိုဖြည်ပြီး အထဲက install.bat လေးကို Run လိုက်ရုံပါပဲ”
လို့ကျော်စွာသွင်က ရှင်းပြပါတယ်။
Credit: Myanmar Mobile App
Posted: 21 Jul 2013 11:00 PM PDT


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (112)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 22 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Posted: 21 Jul 2013 08:39 PM PDT
 Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၁၁ အား Download ရယူနိုင်ပါပြီ
======================================
အပတ်စဉ်စီစဉ်တင်ဆက်နေကျဖြစ်သော Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၁၁အား အောက်ပါ link များမှ download ဆွဲယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Download Link (A)
--------------------
https://www.dropbox.com/s/bfrmclmpu0z27cc/Volume%202%20-%20Issue%2011.pdf

Download Link (B)
--------------------
http://www.mediafire.com/download/dmc4tv5van2o60v/Volume_2_-_Issue_11.pdf

ကျေးဇူးပြု၍ Download လုပ်သူတိုင်း Like လုပ်ပေးခြင်း၊ ထပ်ဆင့် Share ပေးခြင်းဖြင့် ကူညီပေးကြပါခင်ဗျာ။
အရောင်းဆိုင်များမှ ၀ယ်ယူအားပေးကြသော၊ အွန်လိုင်းမှ Download ရယူ အားပေးကြသော စာဖတ်ပရိသတ်များကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

--
မင်းညီညီချမ်း
DL Tech Club
ကိုလတ်(ကျွဲဆင်း)
Posted: 21 Jul 2013 12:00 PM PDT


၂၀၁၃ ခုနှစ်ရဲ့ တစ်မိနစ် အတွင်း အင်တာနက်မှာဘာတွေဖြစ်သွားသလဲ ဆိုတာကိုလေ့လာကြည့်ကြရအောင်...

၁) အင်တာနက်စသုံးတဲ့သူ ၇၁၇ ယောက်တိုးလာပြီ
၂) ဒိုမိန်းအသစ် ၇၀ ခု register လုပ်ပြီးသွားပြီ
၃) Wikipedia ဆောင်းပါးအသစ် ၅ ခု ဖန်တီးပြီးသွားပြီ
၎) blog အသစ် အခု ၅၀ ဖန်တီးပြီးသွားပြီ
၅) blog ပို့စ် အသစ် ၁၅၀၀ တက်သွားပြီ
၆) အီးမေးလ်အကောင့်အသစ် ၄၃၅ ခု ဖောက်ပြီးသွားပြီ
၇) Spam email ပေါင်း ၈၆၀၀၀၀၀၀ ခု လက်ခံရရှိသွားကြပြီ
၈) အီးမေးလ်ပေါင်း ၁၆၈၀၀၀၀၀၀ ခု ပို့ပြီးသွားပြီ
၉) ၄၁၆ ခုသော website တွေကို hack ဖို့ လုပ်ဆောင်ပြီးသွားပြီ
၁၀) website ၁၂ ခု hack ခံလိုက်ရပြီ
၁၁) အချက်အလက်သူခိုးတွေဟာ သားကောင်အသစ် ၂၀ ရှာပြီးသွားပြီ
၁၂) နည်းလမ်းတစ်မျိုးမျိုးကြောင့် ငွေကြေးဆုံးရှုံးမှုပေါင်း ၁၅၇၀၃၆ မှု ဖြစ်သွားပြီ
၁၃) ၁၇၁၃၆၆ GB ရှိတဲ့ ဖိုင်တွေကို share ပြီးသွားပြီ
၁၄) အချက်အလက်ပေါင်း ၆၃၉၈၀၀ GB ကို ကမ္ဘာနဲ့အဝှမ်း လွှဲပြောင်းပြီးသွားပြီ
၁၅) Skype ခေါ်ဆိုမှုပေါင်း ၃၇၀၀၀၀ လုပ်ပြီးသွားပြီ
၁၆) Google ကနေ serach လုပ်မှုအရေအတွက် ၆၉၄၄၄၅ လုပ်ပြီးသွားပြီ
၁၇) Spotify မှာ သီချင်းအသစ် ၁၄ ပုဒ်တက်လာပြီ
၁၈) Youtube ဗွီဒီယို ၁၃၀၀၀၀၀ ခု ဖွင့်ပြီးသွားပြီ
၁၉) Youtube video ပေါင်း ၆၀၀ တင်ပြီးသွားပြီ
၂၀) Flickr မှာ ပုံပေါင်း ၆၆၀၀ တင်ပြီးသွားပြီ
၂၁) Flickr ပုံပေါင်း ၂၀၀၀၀၀၀၀ ပုံ ကြည့်ပြီးသွားပြီ
၂၂) Instagram မှာ ပုံပေါင်း ၃၆၀၀ share ပြီးသွားပြီ
၂၃) LinkedIn အကောင့်သစ် ၁၀၀ ဖွင့်ပြီးသွားပြီ
၂၄) Twitter အကောင့်သစ် ၃၂၀ ဖွင့်ပြီးသွားပြီ
၂၅) Twitter လက်ရှိအသုံးပြုနေသူ ၂၇၇၇၇ ဦး ရှိနေတယ်
၂၆) Tweets အသစ်ပေါင်း ၁၀၀၀၀၀ ခု တက်သွားပြီ
၂၇) Tumblr မှာ ပုံပေါင်း ၂၀၀၀၀ တိုးလာပြီ
၂၈) Pinterest လက်ရှိအသုံးပြုနေသူ ၁၁၈၀၅ ဦး ရှိနေတယ်
၂၉) Facebook အသုံးပြုသူ ၄၁၁ ယောက်ထပ်တိုးလာပြီ
၃၀) Facebook wall post အသစ် ၇၉၃၆၄ ခု တက်သွားပြီ
၃၁) Facebook မှာ ပုံအသစ် ၁၇၃၆၁၁ ပုံတင်ပြီးသွားပြီ
၃၂) Facebook မှာ comment အသစ် ၅၁၀၀၄၀ တက်သွားပြီ

သင်ဒီပို့စ်ကိုဖတ်နေတဲ့ စက္ကန့် ၆၀ အတွင်းမှာပဲ အပေါ်ကအချက်တွေအကုန်လုံး တစ်ပြိုင်နက်ဖြစ်သွားပြီဖြစ်ပါတယ်...



Ref : https://www.facebook.com/photo.php?fbid=445953575502479&set=a.351047714993066

 
Posted: 21 Jul 2013 12:10 PM PDT

 
Jailbreak မရှိတော့တဲ့ iOS သမားတွေအတွက် Paid apps တွေကို တိုက်ရိုက်အင်စတော လုပ်လို. ရတဲ့ နောက်ထပ် နည်းလမ်းကောင်းတခုပါ။

Jailbreak မလုပ်ဘဲ cracked app တွေသွင်းလို့ရတဲ့ အခြားဆော့ဝဲတွေဖြစ်တဲ့ PP, kuaiyong softwares က ကောင်းတော့ ကောင်းပါတယ်။ ခက်တာက ဒေါင်းထားတဲ့ apps တွေ sign out ဖြစ်ဖြစ်သွားသွားလို. ခဏဏ sync ပြန်လုပ်နေရတာပါ။ အဲဒါနဲ ရှာရင်း ရှာရင်း Tui ဆိုတာလေး သွားတွေ.ပါတယ်။ Jailbreak မလုပ်ထားပဲ paid apps တွေ free install ရပါတယ်။ ကျသွားတာမျိုးလဲ မရှိပါဘူး။ လိုချင်တဲ့ apps တွေကို request လုပ်လို. ရပါတယ်။ Windows အတွက်ရော iOS version အတွက်ရော ရှိပါတယ်။ ဒေါင်းပြီး idevices ပေါ်မှာ အင်စတော လုပ်လိုက်ပါ။ PP , kuaiyoung ထက်သာတာ တခုက English version ရှိပါတယ်။ ဒေါင်းပြီးသားတွေ sync ပြန်ပြန်မလုပ်ရတာနဲတင် တော်တော် ဟုတ်နေပါပီ။ iPhone/Pad တွေကို Jailbreak လုပ်စရာမလိုဘဲ Cracked app တွေသွင်းနိင်မယ့် Tongbu v2.0.7.2 ကိုအောက်က link မှာရယူပါ။

Posted: 21 Jul 2013 11:46 AM PDT
 
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Orderdat service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Credit: Yatanarpon News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers