မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Saturday, July 13, 2013

ညီနေမင်း

ညီနေမင်း


Posted: 12 Jul 2013 08:51 PM PDT
သင်ခန်းစာ video ခွေကို ဒီနေ့ ခဏနားပြီး စာအုပ်တွေကို တင်ပေးပါ့မယ်။ မြန်မာစာအုပ်တွေကို ပထမဦးစွာ တင်ပေးပါ့မယ်။ ပြီးတော့မှ လိုအပ်ရင် အင်္ဂလိပ်စာအုပ်တွေ တင်ပေးပါ့မယ်။ ခုစာအုပ်တွေကို တစ်အုပ်ချင်းလည်း တင်ပေးသလို အားလုံးကို စုပြီးလည်း တင်ပေးပါ့မယ်။ အဲ့တော့ ဒီနေ့ Download လုပ်ဖို့ ပြင်ထားပေးပါ။ ကျနော် မနားဘဲ ဆက်တိုက်တင်ပေးမှာ ဖြစ်ပါတယ်။
Posted: 12 Jul 2013 08:32 PM PDT
ကျနော် အသေးစိတ်ရှင်းပြထားပါတယ်။ Download မလုပ်တတ် ပါဘူး၊ အဆင်မပြေဘူး ပြောပြောနေတဲ့ သူများအတွက် IDM နဲ့ ဒေါင်းနည်းနဲ့ web ကနေ leech လုပ်ပြီး Download လုပ်တဲ့နည်း ကို ဘယ်လိုလုပ်ရမယ် ဆိုတာကအစ အသေးစိတ် ရှင်းပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ကျနော် software သုံးနည်းတွေကို တစ်ခုချင်းစီကို ရှင်းပြပေးပါ့မယ်။ အားလုံးပဲ စိတ်ကြေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဖေ့ဘုတ်က လာကြည့်တဲ့သူ Like လုပ်တဲ့သူများလာတာ တွေ့တော့ အိပ်ရေးပျက်တာတွေကိုတောင် သိပ်မစဉ်းစားမိသလောက်တောင်ပဲ အားတွေ ပြန်ပြည့်လာတာတော့ အမှန်ပါပဲ။ တကယ်ပါ။ ခုလို ဖေ့ဘုတ်ကနေ အားတွေ ပေးသွားတဲ့သူများ အားလုံးကိုလည်း ဒီကနေပဲ ကျေးဇူးတင်ပါတယ်။ ခု video record လုပ်ရတာ အရင်ကနဲ့မတူပါဘူး။ နည်းနည်းတော့ ပျော်မိသွားတာ အမှန်ပါပဲ။ လာကြည့်တဲ့သူများတဲ့အတွက်လည်း ကျွန်တော် ဒီ့ထက် ထပ်ပြီးကြိုးစားသွားမှာပါလို့ ဒီပို့စ်ကနေပဲ ထပ်လောင်း ပြောပါရစေ။

Posted: 12 Jul 2013 03:10 AM PDT
ခု Patch နဲ့ License version လုပ်နည်းကို Internet download mangager ကို ဥပမာထားပြီး ရှင်းပြလိုက်ပါတယ်။ Internet download manager ကို တော်တော်များများက မလုပ်တတ်တဲ့အကြောင်းတွေ၊ အင်တာနက်က video တွေကို ဘယ်လို Download လုပ်ရမလဲဆိုတာတွေ၊ update လုပ်မိပြန်ရင်လည်း ဘယ်လို ထပ်လုပ်ရမလဲ ဆိုတာတွေကိုပါ တစ်ခါတည်း ရှင်းပြပေးလိုက်ပါတယ်။ Internet Download mangaer အကြောင်းလည်း သိသွားအောင် နောက်တစ်ခုက Patch ဆိုတာလည်း နားလည်သွားအောင်လို့ IDM ကို ဥပမာထားရှင်းလိုက်တာပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ခုလို သင်ခန်းစာ video တွေကို ကျနော်အပင်ပန်းခံလုပ်ပေးသလို သူငယ်ချင်းများ အနေနဲ့လည်း ကိုနဲ့လက်လှမ်း မီသလောက် လက်ဆင့်ကမ်းပေးဖို့ ကျနော့်အနေနဲ့ အနူးအညွှန့်တောင်းပန်လိုက်ပါတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့လူမျိုးတွေ တိုးတက်စေချင်ရင် ကျနော်တို့ သိနေ၊ ကျနော်တို့ချည်း တတ်နေလို့ မဖြစ်ပါဘူး။ ကိုယ့်လူမျိုးတွေလည်း သိဖို့ တတ်ဖို့ အရမ်း(အရမ်း)ကို လိုအပ်ပါတယ်။ အဲ့ဒါကြောင့်မို့ ကိုနဲ့နီးစပ်ရာ သူငယ်ချင်းတွေကို ကျနော်သင်နေတဲ့အကြောင်း ဒါမှမဟုတ် video ဖိုင်တွေကို လက်ဆင့်ကမ်းပေးကြစေလိုပါတယ်။ 



(Internet Download Manager ကို License version ဖြစ်အောင် Patch သုံးနည်း)
Posted: 12 Jul 2013 02:54 AM PDT
ဒါကတော့ Crack ကို ဘယ်လိုသုံးပြီး License version (or) Full version လုပ်မလဲဆိုတာကို ရှင်းပြထားတာပါ။ Crack က အဓိကကတော့ Copy and Paste လုပ်တာဆိုတော့ အရမ်းလွယ်ပါတယ်။ ဒါပေမယ့် သတိထားရမှာ လေးကတော့ software ကို install လုပ်ပြီး နောက်ဆုံး အဆင့် Finished အဆင့် ရောက်ရင် အမှန်ခြစ်ခြစ်ထားတာကို ဖြုတ်ဖို့ပါ။ ဘာလို့ဖြုတ် ခိုင်းတာလဲ ဆိုရင် မဖြုတ်ရင် အဲ့ program က run သွားမှာ မို့ပါ။ Program run နေရင် crack လုပ်လို့ လုံးဝမရပါဘူး။ တစ်ခါတစ်လေ ပိတ်လိုက်တာတောင်မှ နောက်ကွယ်မှာ run နေတတ်ပါတယ်။ အဲ့အချိန်ကျရင် task manager ကိုခေါ်ပြီး process ထဲကနေတောင် သွားပိတ်ရပါတယ်။ အဲ့တော့ အဲ့အမှန်ခြစ်လေးကို ဖြုတ်ပေးဖို့ မမေ့ပါနဲ့။ Crack (or) Patch တစ်ခုခုနဲ့လုပ်တော့မယ်ဆို ဖြုတ်ပေးလိုက်ပါ။


Posted: 12 Jul 2013 02:54 AM PDT
ခု video တွေဟာ လတ်တလော ရှင်းထားတာတွေ ချည်းပဲ ဖြစ်လို့ ကျနော်နေ့တိုင်း ဒုက္ခခံသလို လေ့လာသူတွေလည်း နည်းနည်းလောက် ဒုက္ခခံစေချင်ပါတယ်။ ခုက keygen အကြောင်းပါ။ ခု (၄)နည်းကို သိရင် အားလုံးကို အဆင်ပြေပြေနဲ့ Fullversion လုပ်နိုင်သွားပါပြီ။ လေ့ကျင့်ခန်းကို နားမလည်မှာစိုးလို့ software ၂ ခုကို လုပ်ပြထားပါတယ်။ တစ်ခုကို video တစ်ဖိုင်စီ ခွဲထားပေးပါတယ်။ ပထမ video ဖိုင်နဲ့နားလည်ရင် ဒုတိယ ဖိုင်ကို မကြည့်လည်းရပါတယ်။ ပထမဟာကို နားမလည်ရင် ဒုတိယ video ဖိုင်ကို ဆက်ကြည့်ပါ။ တကယ်တမ်းတော့ ၂ ဖိုင်လုံးကို ကြည့်ထားသင့်တာပါ။ keygen ပုံစံချင်းမတူပါဘူး။ အဲ့ဒါကြောင့်ပါ။


(ပထမ လေ့ကျင့်ခန်း Video)

(ဒုတိယ လေ့ကျင့်ခန်း video)
Posted: 12 Jul 2013 02:54 AM PDT
အခု တင်ပေးလိုက်တဲ့ လိုင်စင်ဗားရှင်းလုပ်နည်း (၄)နည်းကို လုပ်တတ်ပြီဆိုရင် ဘယ် software ဘယ် game ပဲ လာလာ အဆင်ပြေပြေနဲ့ full version လုပ်တတ်မှာ လုံးဝသေချာပါတယ်။ အခုတော့ ပထမဆုံး Serial number ဖြင့် License version လုပ်တဲ့နည်းကို တင်ပြလိုက်ရပါတယ်။ serial number နဲ့ software (၂) မျိုးကို လုပ်ပြလိုက်ပါတယ်။ လုံးဝ ရှင်းရှင်းလင်းလင်း နားလည် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  အောက်က ပထမ vdieo က software တစ်မျိုး၊ ဒုတိယက software တစ်မျိုးပါ။ ၂ မျိုးစလုံးကတော့ serial number နဲ့ license version လုပ်ရတာချည်းပါပဲ။

(ပထမ လေ့ကျင့်ခန်း video)
Zippyshare | Ziddu | SolidfilesSharebeast | Tusfiles | Mirrorcreator
 (Or) Zipyshare | Solidfiles | Filecloud | Ziddu | SharebastMIrrorcreator


(ဒုတိယ လေ့ကျင့်ခန်း video)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers