မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Thursday, June 13, 2013

Google Play က Apk တွေကို PC ကတဆင့် ရအောင် ဒေါင်းချင်တယ်

 

အများစုက မေးလေ့ရှိတယ်ဗျ။ Google Play က Apk စစ်တွေကို PC ကနေ ဘယ်လိုဒေါင်းရမလဲ။ ဘယ်လိုဒေါင်း ရတယ် ဆိုတာ မပြောခင် ဒီ Tutorial နဲ့ ပက်သက်ပြီး မရှုပ်ထွေးရအောင် အစီစဉ်တွေကို အရင် ရှင်းပြသွားမှာပါ။ Android ကိုင်တဲ့ သူအားလုံးက တခြား Store တွေထက် လိုချင်တဲ့ application တွေ၊ ဂိမ်းတွေ၊ widget တွေ၊ Wallpaper တွေ စသည်ဖြင့် ပေါ့ဗျာ။ ပိုက်ဆံပေးရတာပဲဖြစ်ဖြစ်၊ မပေးရတာပဲ ဖြစ်ဖြစ် Google Play က ဒေါင်းရတာကို ပိုပြီးစိတ်ချကြတယ်၊ ပိုပြီးလည်း ကြိုက်ကြတယ်။ အဲ့ဒီလို အချိန်မှာ  ကိုယ်က Android ကိုသုံးပြီး Download မယ်ဆိုရင်တော့ ဘာမှ ရှုပ်ထွေးစရာလည်း မရှိဘူး။ ဒီလိုမှမဟုတ်ပဲ PC သုံးနေရာကနေ ဒေါင်းချင် တယ် ဆိုရင်တော့ ကျွန်တော် အောက်မှာ ဖော်ပြပေးထားတဲ့ အဆင့်တွေအတိုင်း ပြုလုပ်ပြီး ဒေါင်းယူနိုင်ပါတယ်။
ကျွန်တော် အခု စပြီး ဘာတွေလိုမယ်၊ ဘယ်လိုတွေ လုပ်ရမယ် ဆိုတာ စပြောပါမယ်။ ကျွန်တော့် Tutorial က သူများ Tutorial တွေနဲ့တော့ သိပ်တူချင်မှ တူမယ်။ ဒါပေမယ့် အလုပ်တော့ ဖြစ်တယ်။ လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ မလိုရင်ပဲ ဖြစ်ဖြစ်ပေါ့၊ မစမ်းကြည့်ချင်ဘူးလား။ စမ်းကြည့်ချင်တယ် ဆိုရင်တော့ ရှေ့ဆက်ဖတ်ပေတော့။
လိုအပ်ချက်တွေ က ကော ဘာတွေလဲ။
သေချာတာက ကိုယ် သုံးနေတဲ့ Computer က အင်တာနက် ချိန်ဆက်ပြီးသားဖြစ်ရပါမယ်။ ပြီးတော့ Real Apk Leacher ဆိုတာရယ်။ ဒီနေရာ မှ တဆင့် ဒေါင်းလော့ဒ် လုပ်ယူနိုင်ပါတယ်။ အဲ့ဒီ Real Apk Leacher အလုပ်လုပ် ဖို့အတွက်java runtime environment 1.5.0 ကို ဒေါင်းယူပါ။
ကဲ..ဒီလောက် ဆိုအားလုံးအဆင်အသင့်ဖြစ်ပြီးလို့ ထင်ပါတယ်။ ထပ်ဆက်ရအောင်။
အပေါ်က ကျွန်တော် ပြောခဲ့တဲ့ Real Apk Leecher ကိုဒေါင်းပြီးပြီ ဆိုရင် ဖြည်လိုက်ပါ။
 အထဲမှာ .exe ဖိုင် တစ်ခုပဲ ရှိပါတယ်။ မမေ့ဖို့တစ်ခုက ကျွန်တော်တို့ Real Apk Leecher ကို အသုံးပြုနိုင်ဖို့ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း JRE 1.5.0 ကို ကိုယ့်စက်မှာ run ပြီးသား ဖြစ်ရပါမယ်။
00180017
အဲ့ဒီ tool သုံးဖို့အတွက် ကိုယ့် Android Device အတွက် အသုံးပြုထားတဲ့ account နဲ့ Device ရဲ့ ID လိုအပ်ပါတယ်။ Real Apk Leecher ကို ပထမဦးဆုံးအကြိမ် စဖွင့်ပြီဆိုရင် email၊ password နဲ့ Device ID ရယ် ဆိုပြီး အဲ့ဒီသုံးခုကို ဖြည့်ပေးရပါမယ်။ Device ID ကို ကျတော့ ဘယ်လိုရနိုင်မလဲ။ ကိုယ့် Device မှ Dial Pad ကိုဖွင့်လိုက်ပါ(ဖုန်းခေါ်ဆိုမှု ပြုလုပ်သည့်နေရာ)၊ ပြီးရင် *#*#8255#*#* ဆိုတဲ့ Code ကို ရိုက်ထည့်ပြီး Dial လုပ်လိုက်ပါ။ Gtalk Service Monitor ဆိုတာ တက်လာပါလိမ့်မယ်။ jid နဲ့ id ဆိုတဲ့ လိုင်းကို ရှာပါ။ Jid မှာက ဖော်ပြပေးထားမှာ ကိုယ့် email ဖြစ်ပြီ၊ ID မှာဖော်ပြပေးထားတဲ့ android- ဆိုတဲ့ prefix ရဲ့ နောက်က ဂဏန်းတွေက ချဲဂဏန်းမဟုတ်ပါ၊ ကိုယ့် Device ရဲ့ ID ပါ။ အဲ့ဒီ လုပ်လို့မှ အဆင်မပြေဘူးဆိုရင် Device ID ဆိုတဲ့ application ကို ဒီနေရာ မှ ဒေါင်းယူပါ။ ပြီးရင် ကိုယ့် Device မှာ Install လုပ်ပြီး၊ ဖွင့်လိုက်ရင် Device ID ကိုရပါလိမ့်မယ်။ ပြီးတော့ Email ဆိုတာနဲ့ပက်သက်ပြီး နည်းနည်း ထပ်ရှင်းဖို့ လိုအပ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ ဖြည့်ရမယ့် Email က ကိုယ့် Device ရဲ့ Main Email ဖြစ်ရပါမယ်။ ဒါလေးတစ်ခုတော့ သတိရှိရပါမယ်။
0016
ဖြည့်စရာ ရှိတာ ဖြည့်ပြီးရင်တော့ စတင် ရှာဖွေ၊ ဒေါင်းယူ၊ ကိုယ့် Device ထဲသို့ ကူးယူ၊ တပ်ဆင်ပြီး အသုံးပြုနိုင်ပါပြီး။ အဲ့ဒီလို မဟုတ်ဘူး၊ ကိုယ့် Store မှာ ယုံကြည်စိတ်ချရတဲ့နေရာက မှ ပြန်လည် မျှဝေပေးချင်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers