မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Tuesday, June 4, 2013

Facebook မှာ နှိပ်စရာမလိုပဲ မောက်(စ်) လေးထောက်ယုံနဲ့ ပုံတွေကို Zoom ချဲ့ပြီးကြည့်လို့ရမယ့် Facebook Photo Zoom - Add-On

ကျနော် ပို့(စ်) ခေါင်းစဉ်တပ်ခဲ့သလိုပါပဲ   ကျနော်တို့တတွေ  Facebook မှာ ပုံတွေကြည့်တဲ့အခါ
အကြီးချဲ့ကြည့်နိုင်ဘို့  ပုံပေါ်မှာ Click   နှိပ်ပြီး Album လိုမျိုး အရှေ့အနောက် ပြောင်းနှိပ်ပေးရတာမျိုးကြုံဘူးကြမှာပါ  နောက်တစ်ပုံပြောင်းကြည့်တိုင်း Click တစ်ချက်
တစ်ချက်စီနှိပ် နှိပ်ပြီး ကြည့်ကြရမှာပါ...
ဒါကြောင့်ပါပဲ  Facebook ပေါ်မှာ ပုံတွေကို လွယ်ကူစွာကြည့်နိုင်ဘို့အတွက် Firefox နဲ့ Google Chrome
အတွက် Add-On  ကောင်းကောင်းလေးတွေကို လူတွေ ဖန်တီးအသုံးပြုလာခဲ့ကြပါတယ်..အဲဒါလေးတွေ့လို့ တချို့ မသိသေးသူများလဲ အသုံးပြုနိုင်ဘို့ရန် ပြန်လည်တင်ပြပေးခဲ့ပါတယ်....

ADD ON ထည့်နည်း

 Google Chrome အတွက် FB Photo Zoom Add-On ကို အောက်ကလင့်မှာ သွားယူလိုက်ပါhttps://chrome.google.com/webstore/detail/elioihkkcdgakfbahdoddophfngopipi
ပြီးရင်  အောက်ကပုံအတိုင်း  Install  ကိုနှိပ်ပါ

Google Chrome Facebook Photo Zoom

Firefox အတွက်ကတော့ Facebook Photo Zoom Add-On ကိုရဘို့ ဒီအောက်ကလင့်ကိုသွားလိုက်ပါ  https://addons.mozilla.org/en-us/firefox/addon/facebook-photozoom/
ပြီးရင်   Add to Firefox  ကိုနှိပ်ပါ...

Firefox Facebook Photo Zoom



အသုံးပြုနည်း

 Add-On တွေသွင်းပြီးရင် Facebook ဝင်ပြီး မိမိတို့ ကြည့်လိုတဲ့ ပုံပေါ်မှာ Mouse နဲ့နှိပ်စရာမလိုပဲ 
 1-2 စက္ကန့်လောက် ထောက်ထားလိုက်တာနဲ့ သူ့အလိုအလျောက် ပုံကြီးချဲ့ပေးတာတွေ့ရပါလိမ့်မယ်...

Facebook Photo Zoom Add-On

ဒီနည်းအတိုင်းပဲ  Mouse Pointer ကို ကိုယ်ကြည့်ချင်တဲ့ပုံတွေပေါ်မှာ 1-2 စက္ကန့်ထားပြီးကြည့်နိုင်ကြပါပြီ

Facebook Photo Zoom Add-On




မှတ်ချက် :  Firefox ,Google Chrome သမားများအတွက်
               ဒီပရိုဂရမ် ADD ON လေးက ရှိကိုရှိသင့်ပါတယ်...

အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers