မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Tuesday, May 7, 2013

Facebook Online Chatting Status ကို Hide လုပ်ထားချင်တဲ့ သူများအတွက် လုပ်ဆောင်နည်း

Facebook Online Chatting Status ကို Hide လုပ်ထားချင်တဲ့ သူများအတွက်(သို့မဟုတ်)
မိမိအွန်လိုင်းတက်နေတာကို ကိုယ့် Group  ထဲကလူတွေမသိစေချင်ရင် ၊  ဒါမှမဟုတ်  မိမိ Chatting  လုပ်ချင်တဲ့သူ တစ်ယောက် (သို့) တစ်ယောက်ထက်ပိုပြီး On ထားချင်လို့ ရတဲ့နည်းလေးကိုသိချင်ပါတယ်
ကူညီပေးပါလို့ မေးထားတဲ့ ညီလေးမောင်မောင်ဦး ၊ မင်းမင်းတင် ၊ gtalk နဲ့ ဖုန်းမှတစ်ဆင့် မေးထားသူများနှင့်  တစ်ချို့ မသိကြသေးသော FB ရောဂါရှင်များအတွက် 
ပြန်လည်မျှဝေ ပေးလိုက်ပါတယ် ။
ဒီအကြောင်းနဲ့ပါတ်သက်တဲ့ ပို့စ် တစ်ခုအရင်က   Santhus ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကမေးထားဘူးလို့ တင်ပေးခဲ့ဘူးပါတယ်  ဒီနေရာလေးမှာ ဖတ်ကြည့်ကြပါ။

အဲ လေပန်းတာ နဲနဲများသွားပြီ ။ ကျနော်တို့ စလိုက်ကြရအောင်ပါ...
ခုရှင်းပြမယ့် နည်းလေးက ပိုပြီး လွယ်ပါတယ်....

1. Login ဝင်လိုက်ပါ ။ မိမိ FB စာမျက်နှာရဲ့ ညာဘက်အောက်ဒေါင့်နားလောက်က စက်သွားပုံစံ
သင်ကေတနဲ့ Option ဆိုတဲ့ အနီရောင်ဝိုင်းပြထားတဲ့နေရာကို နှိပ်လိုက်ပါ ။


2. Tun off Chat ဆိုတဲ့စာတန်းကလေးကို နှိပ်လိုက်ယုံနဲ့ မိမိအွန်လိုင်းတက်နေပေမယ့်လည်း
Group ထဲကသူငယ်ချင်းများက မိမိရဲ့ online status အစိမ်းရောင်မီးလေးကိုမြင်ရတော့မှာမဟုတ်ပါဘူး



အဲနောက်တစ်ချက်ကတော့ မိမိက Chatting လုပ်လိုသူ တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုပြီး
On ထားတဲ့နည်းလေးပါ ။ အောက်မှာဆက်ကြည့်လိုက်ပါ ။

1. အောက်က ပုံမှာပြထားတဲ့အတိုင်း Advanced Setting ဆိုတဲ့ စာတန်းကိုနှိပ်ပါ ။


2.အောက်ကပုံအတိုင်းမြင်ရမှာပါ


3.  ရွေးစရာအချက် (၃) ခုထဲက ဒုတိယ အချက်ဖြစ်တဲ့ Turn on chat for only some friend...
    ဆိုတဲ့အချက်ကို ရွေးပေးပြီး Key word တစ်ခုခုရိုက်ထည့်လိုက်တာနဲ့ မိမိ Friend Group ထဲက ကိုယ်ရိုက်ထည့်သည့် စာလုံးနှင့်ပါတ်သက်သော အမည် List စာရင်း အောက်ကပုံမှာလိုကျလာမှာပါ
မိမိ အလိုရှိရာရွေးပြီး နှိပ်လိုက်ယုံပါပဲ ။

ဒါဆိုရင် အောက်ကပုံအတိုင်းမြင်ကြရမှာ ...ပြီးရင်တော့  Save ကိုနှိပ်ပြီးသိမ်းလိုက်ရင် ပြီးပါပြီ ။


Save  ပြီးရင်တော့ အောက်ကပုံလိုမျိုး မြင်ရမှာပါ ဒီမှာ တော့ ကျနော် ၂ ယောက်ပဲ On ထားပြီး ကျန်တဲ့လူတွေကို OFF လုပ်ထားတဲ့ပုံပါ ။


ကဲ ... ဘယ့်နှယ်လဲ ... လွယ်တယ်မဟုတ်လား?
ဒါလောက်ဆို လူတိုင်းလုပ်တတ်ကြပြီလို့ထင်ပါတယ် ။
ညီငယ် ညီမငယ်များအားလုံး နည်းပညာတွေ ဒီထက်မကတိုးပွားကြပြီး အများအကျိုးဆောင်နိုင်သူများဖြစ်ကြပါစေ ။
မရှင်းလင်းတာများရှိခဲ့ရင် konainga2@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers