မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................
Wednesday, October 31, 2012
SFXMaker 1.2.1 RC1 ကိုသုံးပြီး ပရိုဂရမ်တွေကို Auto Selint Install လုပ်ကြည့်ရအောင်
ဒီပရိုဂရမ်လေးကတော့ မိမိတို့ကွန်ပြူတာမှာ ဝင်းဒိုးတင်ပြီးရင် ပရိုဂရမ်တွေဆင်တဲ့အခါမှာ
တဆင့်ခြင်း နှိပ်နေစရာမလိုပဲ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ် ။
ပထမဦးဆုံး SFXMaker လေးကို   ဒီနေရာမှာ  ဒေါင်းလိုက်ပါ ။
ဒေါင်းလို့ရလာတဲ့ဖိုင်ကို   Rar ဖြည်လိုက်ပါ ။ အောက်ကပုံအတိုင်းရမှာပါ ။
SFXMaker_1.2.1_RC1_installer ကိုနှိပ်ပြီး အောက်ကပုံတွေအတိုင်းအဆင့်ဆင့် Install လုပ်သွားလိုက်ပါ ။
အပေါ်ပုံမှာ Lunch SFXMaker ကို မရမ်းသေးပဲ Finish ကိုနှိပ်ပါ ။
ပြီးရင်တော့ ခရက်(က်)ဖိုင်လေးကိုရမ်းပေးလိုက်ပါ ။
ဒါဆို SFXMaker_1.2.1_RC1 ကိုအသုံးပြုဘို့ အဆင်သင့်ဖြစ်ပါပြီ ။
(၁)  SFXMaker ကိုဖွင့်လိုက်ပါ ။
(၂)  မိမိ Install လုပ်ချင်တဲ့ ပရိုဂရမ်ဖိုင်ရွေးပေးဘို့အတွက် ပုံပါနံပါတ် (1) အတိုင်း  Installer Path
       ခေါင်းစဉ်ကိုနှိပ်ပါ ။
(၃)  နံပါတ်  (2)  အတိုင်း အလိုရှိရာဖိုင်ကိုရွေးပေးပါ ။
(၄)  နံပါတ်   3   မှာ ပြထားတဲ့အတိုင်း   Silent Switches  ကိုနှိပ်ပါ ။
(၅)  အောက်ကပုံအတိုင်း မိမိဖိုင်ကို သိမ်းရန် နံပါတ်  -  4  ကိုနှိပ်
(၆)  icon တွေစိတ်တိုင်းကျပြောင်းနိုင်ရန်  -  5  ကိုနှိပ်
(၇)  ပြီးရင်တော့  Create ကိုနှိပ်ပြီး ပရိုဂရမ်အလုပ်လုပ်တာကိုပြီးအောင်စောင့်
(၈)  Exit ထွက် ။
မိတ်ဆွေတို့လည်း စမ်းပြီးလုပ်ကြည့်ကြပေါ့
အဆင်ပြေကြပါစေ ။
Windows 7 အသုံးပြုသူများအတွက် Shortcut Icon ပြသနာအကျယ်ရှင်းလင်းချက်
Windows 7 အသုံးပြုသူများအတွက် Shortcut Icon ပြသနာအကျယ်ရှင်းလင်းချက်
အမေး= အစ်ကိုရေ ကျွန်တော့်ကွန်ပျူတာကWindows 7 သုံးထားပါတယ်။ ဒါပေမယ့် အခုဘာနှိပ်လိုက်မိသလဲ မသိဘူး..Desktop ပေါ်မှာရှိတဲ့Icon မှန်သမျှက Windows Media Player ပုံတွေချည်းဖြစ်ကုန်ပါတယ်။ Folder တွေကလွဲပြီးဘားမှဖွင့်မရတော့ပါ။ ဆိုင်သွားပြတော့လဲ Virus ကိုက်တာကြောင့်ဖြစ်တာ..Windows ပြန်တင်ရမယ်လို့ပြောပါတယ်..အရေးကြီးတဲ့Data တွေရှိတဲ့အတွက် Windows ပြန်မတင်ချင်ပါဘူးခင်ဗျာ..အခုကျွန်တော်ဖြစ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်မယ့်နည်းရှိပါသလား..ပီးတော့ ကျွန်တော့်လိုမျိုးဘဲ ကျွန်တော့်သူငယ်ချင်း ကွန်ပျူတာတွေမှာလည်းဖြစ်နေပါတယ်..ဖြေရှင်းလို့ရမယ်ဆိုရင်ဖြေရှင်းပေးပါ..ပြီးတော့ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာလည်း အစ်ကိုတို့သိမယ်ဆိုရင်ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ
လေးစားစွာဖြင့် - ၀ါးခယ်မသား (ဧရာဝတီတိုင်း)
အဖြေ = ဟုတ်ကဲ့..အခုညီလေးရင်ဆိုင်နေရတဲ့အခက်အခဲကို အစ်ကိုတို့အနေနဲ့ဖြေရှင်းပေးနိုင်ပါတယ်..အခု အဲဒီ Icon တွေအကုန်လုံး Windows Media Player ပုံတွေဘာကြောင့်ဖြစ်ကုန်တယ်ဆိုတာအရင်ရှင်းပြပေးပါ့မယ်။အဓိက လက်သည် တရားခံကတော့Program တစ်ခုပေါ်ကို Right Click ထောက်ရင်ပေါ်လာတဲ့ OpenWith ဆိုတဲ့ Menu ကြောင့်ပါဘဲ။
Desktop ပေါ်မှာရှိနေတဲ့Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With ကိုနှိပ်ကာ Program တစ်ခုကို ရွေးချယ်မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program ပုံတွေဖြစ်ကုန်တော့တာပါဘဲ..ဒါဟာဘာကြောင့်လဲဆိုရင်
(၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှု အားနည်းနေခြင်း(Exploit)
(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာProgram Icon မှန်းမသိ.. Folder or Files မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။
အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယအချက်ကို မပြောတော့ပါဘူး..ပထမအချက်ကိုဘဲပြော
ပြပါ့မယ်..အခု ညီလေးဖြစ်နေတဲ့ ပြသနာမျိုးက Windows 7 တွေမှာဘဲဖြစ်တာပါ..တစ်ချို့က ဒီလိုဖြစ်တာဟာ Virus ထိတာလို့ပြောကြပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ
ဒီလိုဖြစ်ရင် System Restore ပြန်လုပ်လိုက်ကြပါတယ်..ခဏတာတော့ ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲအတိုင်းပါဘဲ။ ဒီတော့ Open with လုပ်တိုင်း ဒီ Program Icon တွေက အကုန်ပြောင်းနေတော့မှာပါဘဲ..ဒါကတော့ Windows 7 ရဲ့အားနည်းချက်ပါ။Microsoft က သူ့ရဲ့ ထုတ်ကုန်အားနည်းချက်ကို ပြုပြင်ပေးတဲ့အနေနဲ့ Registry Code တစ်ခုထုတ်ပေးခဲ့ပါတယ်..ဒါကို အသုံးပြုလိုက်ခြင်းအားဖြင့်Program ပေါ် Right Click ထောက်ပြီး Openwith လုပ်မိတဲ့အခါမှာ Icon တွေအကုန်လုံးက ဘားမှပြောင်းလဲတော့မှာမဟုတ်ပါဘူး..ဒါကြောင့် ဒီလို အဖြစ်မျိုးကြုံတွေ့နေရတဲ့သူတွေအဖို့
ကျနော်က ဖြေရှင်းပေးနိုင်တဲ့ Registry Code တွေကိုတင်ပေးလိုက်ပါတယ်။အရင်ကလည်း တင်ပေးဖူးပါတယ်..အခု မေးခွန်းကိုသေချာမေးလာတဲ့အတွက် ဗဟုသုတအနေနဲ့အားလုံးသိ အောင် အကျယ်ရှင်းပြလိုက်တာပါ..ဒီလိုWindows 7 မှာဖြစ်နေတဲ့ Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services ဆိုင်တော်တော်များများကVirus ဟုအကြောင်းပြကာ ၀င်းဒိုးစ် ပြန်တင်ခြင်းများ ပြုလုပ်နေကြပါတယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ် တစ်ခါပြန်တင်ရင်လဲ ငါးထောင် ဒါမှမဟုတ် ရှစ်ထောင်လောက်တောင်းနေတာပါ..ကိုယ်တိုင်တင်တတ်တဲ့သူတွေ အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် ပြန်လည်ပြုပြင်လို့ရတယ်ဆိုတာ အချိန်ကုန်သက်သာစေချင်လို့ရှင်းပြပေးတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက် မျိုးကြုံလာခဲ့လို့ရှိရင်လည်း စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး ကူညီပေးလိုက်ပေါ့ဗျာ (ပညာခတောင်းခိုင်းတာနော် :P) .. ကဲ..ဆက်ကြည့်ပါဦး..။
အသုံးပြုပုံ
ကြိုက်ရာ Link ကနေ Registry Code ကို Download ချပါ။
Download ==> Mediafire4shared
Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ အမည်းရောင် Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ Exe.reg ကိုClick ပါ။
Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့Icon တွေဟာ မူလ Program Icon တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open With လုပ်ကြည့်လိုက်ပါဦး… အခြားProgram တွေပြောင်းလဲတော့မှာမဟုတ်ပါဘူးခင်ဗျာ…။ ဗဟုသုတ အနေနဲ့ Icon တွေပြောင်းလဲကုန်တဲ့ ပုံတွေကို တင်ပေးလိုက်ပါတယ်။အောက်မှာ ကြည့်နိုင်ပါပြီ။
Icon တွေပြောင်းကုန်တာကို Virus ထိတယ်ဆိုပြီး Windows အသစ်ပြန်တင်ကာ လုပ်စားနေတဲ့ မြန်မာနိုင်ငံ Computer Services ဆိုင်အချို့ရဲ့ စီးပွားရေးကိုတုတ်နဲ့ ထိုးသလိုများဖြစ်ခဲ့ရင် Mailserver.npt@gmail.comသို့ဆက်သွယ်ကြပါကုန်. :D
Window 7 မှာ Hard Disk ကို Partition ခွဲနည်း / ပြန်ပေါင်းနည်း
Window 7 မှာ Hard Disk ကို Partition ခွဲနည်း / ပြန်ပေါင်းနည်း
မင်္ဂလာပါ ... သူငယ်ချင်းတစ်ယောက်မေးထားတာလေးကို မသိသေးသူအားလုံးအတွက် မျှဝေလိုက်ပါတယ်... သူမေးထားတာကတော့ Window 7 မှာ Partition ကို ဘယ်လို ခွဲရမလဲ ..? ပြီးတော့ ဘယ်လိုပြန်ပေါင်းရမလဲ ..? ဆိုပြီးမေးထားလေးပါ....
ဘယ် Software မှ သုံးစရာမလိုပါဘူး Window ပေါ်မှာပဲ ခွဲ/ပေါင်း လို့ရပါတယ်......။
Partition ခွဲနည်း
Start >> Computer ကို Right Click နဲ့ Manage ကို နှိပ်ပါ (သို့) Run > diskmgmt.msc ကို ရေးထည့်ပြီး Enter ခေါက်လည်းရပါတယ်...။
ကျန်တာတွေကို ပုံလေးတွေအတိုင်း ဆက်လုပ်ပေးသွားပါ..။
Drive (C:) ကနေဥပမာ အဖြစ် ခွဲပြပါ့မယ်... အပေါ်ကပုံမှာပြထားတဲ့အတိုင်း (C:) ပေါ်ကို Right Click နှိပ်ပြီး Shrink Volume ကိုရွေးပါ..။
ခဏစောင့်ပေးပါ..။
ဒီနေရာမှာ မိမိ လိုချင်သလောက် ခွဲပါမယ်... 1GB ကို 1024 MB ရှိပါတယ် ..(မိမိ လိုသလောက် တွက်ချက်ပြီး ရေးထည့်ပေးလိုက်ပါ) ကျနော်ကတော့ 30GB ခွဲမှာမို့ 30720 လို့ရေးထည့်ပေးလိုက်ပါတယ်...။ ပြီးရင် Shrink ကိုဆက်နှိပ်လိုက်ပါ..။
ခုဆိုရင် နာမည်မပေးရသေးတဲ့ Partition လေးတစ်ခုရောက်လာပါပြီ... မပြီးသေးပါဘူး သူ့ကို နာမည်ပေး ကင်ပွန်းတပ်ဖို့ ကျန်ပါသေးတယ် ... နာမည်ပေးဖို့ Right Click ထောက်ပြီး New Simple Voulem ကိုရွေးပေးပါ..။
Next အဆင့်ဆင့် နှိပ်ပေးပြီး ...
နာမည်တစ်ခုရွေးပေးလိုက်ပါ .. ကျနော်ကတော့ G ကိုရွေးပေးလိုက်ပါတယ်...။
Next အဆင့်ဆင့် နှိပ်ပေးပြီး Finsh ကိုနှိပ်ပါ..။
My Computer ကိုဖွင့်ကြည့်လိုက်ပါ မောင် G လေးအဖြစ်နဲ့ Patition လေးတစ်ခု ရောက်လာပါပြီ...။
Partition ခွဲနည်းကတော့ အဲ့ဒါပါပဲ ....။
Partiton ပြန်ပေါင်းနည်း
မလိုချင်တော့လို့ ပြန်ပေါင်းချင်ရင်တော့... မောင် G ကို အရင်ဆုံး သတ်ပစ်ရပါလိမ့်မယ် :D
Delete လုပ်ပေးရပါ့မယ်..။
မောင် G ပေါ်ကို Right Click နဲ့ Delete Volume ကိုရွေးပါ..
Yes ကိုနှိပ်ပါ...
ပြန်ပေါင်းဖို့ အတွက် (C) ပေါ်ကို Right Click နှိပ်ပြီး Extend Volume ကိုရွေးပါ ....
Next အဆင့်ဆင့်နဲ့ OK လိုက်ပါ..။
ခုဆိုရင် မောင် G လေးမရှိတော့ပဲ (C) ထဲကို ပြန်ရောက်သွားပါပြီ....။
အားလုံး နားလည်လွယ်အောင်မို့ အချိန်ပေးပြီး ပုံလေးတွေနဲ့ တင်ပေးလိုက်တာပါ ..
အားလုံး အဆင်ပြေကြပါစေ...
ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)
Monday, October 22, 2012
Corel Painter v12.2.0.703 partable
ဒီနေ့တော့ ဆော့ဝဲလေးတွေဘက်လှည့်ပြီး Corel Painter v12.2.0.703 partable 
လေးကို တင်ပေးလိုက်ပါတယ် ။ ဖိုင်ဆိုဒ် 140 mb ပဲရှိလို့ မခွဲပေးတော့ပါဘူး ။
 အောက်မှာ CD key ထည့်နည်းလေးပါပြထားပေးပါတယ် ။
 လိုချင်သူများ ဒီပို့(စ်)ရဲ့ အောက်ဆုံးမှာ Down လိုက်ကြပါခင်ဗျာ ။
Sunday, October 21, 2012
လေးစားရတဲ့ ဘလော့မိတ်ဆွေများအတွက် အစီရင်ခံစာ
အားလုံးပဲ မင်္ဂလာ ပါခင်ဗျာ ။
ခုကျနော် ကြိုတင်အစီရင်ခံချင်တာကတော့  ကျနော် နောက်ထပ်တင်မယ့် ပို့(စ်) ခေါင်းစဉ် ကို
အောက်မှာပေးထားပါတယ် ။  ဖတ်ကြည့်ပြီး စိတ်ဝင်စားတယ် ကြိုက်တယ်ဆိုရင် (ပို့(စ်)ခေါင်းစဉ်ပါ အကြောင်းအရာကိုပြောတာနော်-တလွဲတွေးမနေနဲ့အုံး)...နောက်တာနော်...
 Comment လေးတွေပေးကြဘို့ပါ ။ ကျနော့ကို  ကူညီတဲ့အနေနဲ့ပေါ့ဗျာ ။  ကောင်းတာပဲဖြစ်ဖြစ်
ဆိုးတာပဲဖြစ်ဖြစ်ပေါ့ဗျာ -  ဆိုးတယ်ဆိုရင်လည်း ပြင်ရတာပေါ့
ကောင်းတယ်ဆိုရင်တော့  ပီတိတွေဖြစ်ရတာပေါ့  မဟုတ်ဘူးလား........
Hiern's Boot CD အသုံးပြုပုံနှင့် Window တင်နည်းများ
Ghost auto Driver All Chipt & All MainBoard
10 ဦးထက်  မနည်းစေနဲ့နော်....ဟဲဟဲ....(နောက်တာပါဗျာ- Comment မပေးလည်း တင်မှာပါပဲ)
တခြားမည်သည့်ပရိုဂရမ်မှသုံးစရာမလိုပဲ Ghost Windows 7 ကို ဘယ်လိုဖန်တီးမလဲ ???
အွန်လိုင်း နဲ့ ဘလော့မိတ်ဆွေများအားလုံး  “မင်္ဂလာပါ”
ကျနော်လည်း အပြင်ဆားဗစ် တွေများလို့ ပို့(စ်)မတင်ဖြစ်တာ တပတ်လောက်ရှိပြီ  ။
ဒီနေ့တော့ မိမိကွန်ပြူတာနဲ့  Window 7   ကို  Ghost Image ဖန်တီးပြီးတော့
တခြားမည်သည့်ကွန်ပြူတာ ၌ မဆို  ပြန်ပြီး Restore  လုပ်လို့ရအောင်
ဘယ်လို ဖန်တီးမလဲ ဆိုတာလေးကို တင်ပြချင်ပါတယ် ။
မိတ်ဆွေတို့အတွက်  အနည်းနဲ့ အများဆိုသလိုပဲ  အတိုင်းအတာတစ်ခုအထိ  အကျိုးရှိနိုင်မယ်ဆိုရင်ကျေနပ်ပါပြီ ။
Ghost Image ဖန်တီးနည်းကို   အခြေခံကွန်ပြူတာ လေ့လာသူများအတွက် Ghost အသုံးပြုနည်း အသေးစိတ်  ဆိုတဲ့ခေါင်းစဉ်နဲ့  ကျနော်တင်ပေးဘူးပါတယ် ။ အဲဒီပို့(စ်) လေးက မိမိကွန်ပြူတာတစ်လုံးတည်းအတွက်  Restore လုပ်နိုင်ယုံအတွက်ပါ ။
တခြား စက်တစ်လုံးမှာ သွားပြီး Restore လုပ်ရင် Boot မတက်နိုင်ပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ အသုံးပြုထားတဲ့
Hardwere (အဓိက-CPU,Mainboard)ကစလို့ user,password,Timezone, အစရှိတာတွေမတူညီကြလိုပါပဲ ။
နောက်တစ်ခု ကျနော်ဝန်ခံချင်တာကတော့  အဲဒီလို Boot မတက်နိုင်တာကို တက်နိုင်အောင်ရေးတဲ့နည်းကိုတော့ကျနော်တကယ်ပဲမသိသေးပါဘူးခင်ဗျာ ။ ကျနော်သိထားတဲ့နည်းတွေထဲက တစ်ခုဖြစ်တဲ့
ဒီနည်းကတော့ ကျနော်ကိုယ်တိုင် အကြိမ်ကြိမ် မရေတွက်နိုင်လောက်အောင် သုံးခဲ့ဘူးပြီး 100% အောင်မြင်ခဲ့တဲ့နည်းလေးပါ ။
ခုကျနော်တင်ပြမယ့်နည်းက  တခြားမည်သည့်ပရိုဂရမ်မှသုံးစရာမလိုပဲ ဝင်းဒိုးထဲမှာပဲပါနေတဲ့ Tool လေးကိုအသုံးပြုမယ့်နည်းလေးပါ ။
Sysprep ဆိုတာလေးပါ ။ ဒီကောင်လေးက  ကျနော်တို့  Image  ဖိုင်ဖန်တီးနိုင်ဘို့အတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပေးနိုင်ဘို့အတွက် ထည့်ထားပေးတာပါ ။ ဒီ စနစ်က Window ကို မူလအခြေအနေအတိုင်းပြန်ဖြစ်အောင် Backup လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်  ။  သူအလုပ်လုပ်ပုံကတော့ Window က Detect Hardware အသစ်  User/Password /TimeZone စတာတွေ အားလုံး Window စတင်တုန်းကလို အားလုံးအားလုံး အသစ်တွေနဲ့ ပြန်လည်စတင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲ  WINDOW 7 32/64 Bit မည်သည့်  Version ကိုမဆို Ghost Image ဖန်တီးနိုင်ပြီး တခြားမည်သည့်ကွန်ပြူတာမှာပဲဖြစ်ဖြစ်  Restore လုပ်နိုင်မှာဖြစ်ပါတယ် ။
ကဲ ကျနော့ရဲ့နည်းလေးကို စကြရအောင်ပါ ။
အရင်ဦးဆုံး  Computer Management ကိုဖွင့်လိုက်ပါ ။ Start>Computer(Right Click) >manage
ပုံမှာပြထားတဲ့အတိုင်း Windows Media Sharing  - Run   နေရင်  Stop ကိုနှိပ်ပြီးပိတ်ပေးပါ ။
Start –> cmd  ပြီးရင်  Admin အဖြစ်နဲ့ Run ပေးပါ ။
cd sysprep ရေးပြီး  Enter  ခေါက်
sysprep ရေးပြီး  Enter  ခေါက်  
ဒါဆို  အောက်ကပုံအတိုင်းရလာမှာပါ ။ ပုံမှာပြထားတဲ့အတိုင်း  ရွေးပေးပြီး  OK  နှိပ် ပါ
အားလုံးပြီးသွားရင်  ပရိုဂရမ်  ပိတ်သွားပါလိမ့်မယ် ။ နောက်ပြီး Restart ချလိုက်ပါ ။
ဒါဆိုရင် ကျနော်တို့ Ghost Image လုပ်ဘို့  အဆင်သင့်ဖြစ်ပါပြီ ။  ရလာတဲ့  Ghost ဖိုင်ကိုလည်း တခြားစက်တွေမှာ   Restore  လုပ်လို့ရပါပြီ ။
ကျနော်တင်ပြခဲ့တဲ့  အချက်တွေမှာ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း
Comment,C-Box တို့မှာဆွေးနွေးဝေမျှ ပေးကြစေချင်ပါတယ်ခင်ဗျာ ။
အားလုံးအဆင်ပြေကြပါစေခင်ဗျာ ။
Wednesday, October 10, 2012
3D Album Commercial Suite 3.30 All Style
3D Album Commercial Suite 3.30
အွန်လိုင်းမိတ်ဆွေများ “ အားလုံးမင်္ဂလာပါ”
ဒီနေ့တော့   3D    ဖိုတိုဆလိုက်ရှိုးတွေ ၊ Precentation  တွေ ၊
 Wedding Title & Photo Show တွေ  Family Photo Show တွေကို
မိမိစိတ်တိုင်းကျဖန်တီးနိုင်တဲ့  
3D Album Commercial Suite 3.30
လေးကို  တင်ပေးလိုက်ပါတယ်  ။
  ဗီဒီယို တည်းဖြတ်လုပ်ငန်းသမားတွေအတွက်တော့  မရှိရင်မဖြစ် လို့တောင် ပြောရမှာပါ ။
ကျနော်ကိုတိုင်လည်း  အမြဲသုံးနေတဲ့  ပရိုဂရမ်ပါ ။ 
ဖိုင်ဆိုဒ်ကတော့နည်းနည်းကြီးတယ် ။ 1.85 GB  ရှိတယ် ။
ကြီးဆို  သူလုပ်နိုင်တဲ့စွမ်းအားတွေကလည်း  တော်တော်လေးများပြီးစုံပါတယ်
သုံးရက်လောက်ကြာအောင်ဆွဲခဲ့ရတယ်ဗျာ ။
ခုပြန်တင်ပေးတာတော့ (၁)ရက်လောက်ကြာတယ် ။ ကျနော် အပိုင်း(10)ပိုင်းခွဲပြီး 
 Mediafire မှာတင်ထားပေးပါတယ် ။
တစ်ပိုင်းကို  190 mb နဲ့ အားလုံး (9)ပိုင်း  နောက်ဆုံးအပိုင်းကတော့  59 mb ပဲရှိပါတယ် ။ 
မြန်မာပြည်ကနေဆိုရင်တော့  မလွယ်ဘူး  ခုချိန်မှာ အခက်အခဲရှိပေမယ့်လည်း နောက်ဆိုပြေလည်သွားမှာပါ ။
ကဲလိုချင်သူတွေ အောက်မှာဒေါင်းလိုက်ကြပါ ။
ဒီပရိုဂရမ်ကို  Install လုပ်ရင် XP SP3  နဲ့  7-32 bit သမားများအတွက်
ဘာပြဿနာမှမရှိပါ ။
ဒါပေမယ့်  Win 7 (64)bit  သမားများအတွက်တော့ program ဖိုင်နှစ်ခုရှိနေတာကြောင့်
နည်းနည်းသတိထားပေးယုံလောက်ပါပဲ ။
ဖိုင်းလမ်းကြောင်းတွေကို ကောင်းကောင်းနားလည်နေသူများအဖို့  အခက်အခဲမရှိပေမယ့် ။
ကျနော့အတွေ့အကြုံအရ  များသောအားဖြင့် တော်တော်လေးကို အခက်ကြုံနေသေးတာကိုတွေ့ရပါတယ်
အဓိက သတိထားရမယ့် အချက်ကတော့ မိမိ Install လုပ်လိုက်တဲ့ 3D Album CS နဲ့ပါတ်သက်တဲ့ program တွေအားလုံး 3D Album CS -Folder အောက်မှာ တစ်စုတဝေးတည်းရှိနေဘို့ပါပဲ ။
ဒါကြောင့် Install လုပ်ပုံ အသေးစိတ်ကို ကျနော် VDO ဖိုင်လေးနဲ့ရှင်းပြထားပါတယ် ။
ရိုးရှင်းပြီး  hack စရာမလိုတဲ့  သာမန်လေ့လာလိုက်စားလိုသူ မည်သူမဆို လုပ်လို့ တတ်မယ့်နည်းပါ ။
  ဒါဆိုရင် အခက်အခဲ  မရှိနိုင်တော့ဘူးလို့ ထင်ပါတယ်  ။
အကယ်၍  ရှိခဲ့ရင်လည်း konainga2@gmail.com,c-box တို့ကတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
ကျနော်သိသလောက် အိတ်သွန်ဖါမှောက်  ပြန်ပြီး  Share ပေးမှာပါ ။
ကဲအောက်မှာကြည့်လိုက်ကြပါနော် ။ တစ်ခုတော့မှာလိုက်မယ်နော်
မျက်စိလျှင်လျှင်ထားပြီးကြည့်ပါလို့ ။
hack တဲ့နည်းကိုသုံးချင်တဲ့သူတွေကတော့ အောက်ကနည်းကိုကြည့်ပေါ့ဗျာ ။
အားလုံးအဆင်ပြေကြပါစေဗျာ ။
Tuesday, October 9, 2012
ကွန်ပြူတာကို လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ
မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။
ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့  သဘောထားထားတယ်  မိတ်ဆွေတို့အားလုံး  ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး  ပေါ်ရောက်နိုင်သမျှရောက်အောင်  တက်သွားကြပါ ။  အဲဒီလို  ကျနော့်ကို  နင်းပြီးတက်သွားလို့  အပေါ်ကိုရောက်သွားတာကို  ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ.......................................
..............................................................ကိုနိုင်.................................................
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကွန်ပြူတာကို လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ
ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ဝေမျှချင်ပါတယ်။
" ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။
ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။
ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်..."
ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး "ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to Learn or Self Study about Computer and IT?) မေးခွန်းကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတို ချုံးလေးတွေ   ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ သွားမှာပါ။
Self-Studying - ကိုယ်တိုင် လေ့လာခြင်း
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။ကွန်ပျူတာ     အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူရည်းစားကို ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ - အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင် သုံးတတ်စေရန် ဆိုလိုပါသည်။)
ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရ သွားလျင်တော့ မခက်တော့ပါ။
IT Social Networking - အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ
ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။
ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။
တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့် အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊ စုဆောင်းထားခြင်းများ ပြုလုပ်ပါ။
Having Good Moral - စေတနာကောင်းထားပါ
အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင် သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်း တစ်ခု   ဖြစ်ပြီး ၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက် အကူပြုလေ သည်။)
Learning by Internet - အင်တာနက်မှ လေ့လာခြင်း
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည် ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင် ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင် ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။
Using Search Engines - ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီး အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချနိုင် စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို) ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက် ရှိစေရန် ကူညီပေးနိုင်သည်။
Using Search Keywords Effectively - သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း
Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။ သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု မြန်ဆန်မည် ဖြစ်သည်။
Participating at Internet Forums
အင်တာနက် စကားဝိုင်း များ (Internet Forums) မှတဆင့် အခြားသူများ ကြုံနေရသည့် အခက်အခဲ များ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။
Wikipedia - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေး သည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ၀က်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေ သည်များ ကြုံဖူးပါသည်။
Reading by RSS - RSS ဖြင့် စာဖတ်ပါ
ကျွန်တော်တို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။
Learning at Training Schools - သင်တန်းများ တက်ခြင်း
သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာ ကြီး   လေ့လာ မှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိ မှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန် ကုန်၊   ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။
Using OSF (Open Source Free) Softwares
အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါနိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသား များနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေး ထားသည်။) ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။
ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုးစားသင့်ကြပါတယ်...။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့ အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...
စာဖတ်နေတဲ့ ချစ်မိတ်ဆွေရော ဘ၀မှာ ဘယ်လို Self Study လုပ်ခဲ့ဖူးလဲ ...အများအတွက် ဝေမျှ ဆွေးနွေး သွားစေချင် ပါတယ် ....
Online Forum တစ်ခုမှ ကူးယူဖော်ပြပါသည် ။
ဆော့ဝဲမြို့တော်မှ သူ့မူ၇င်းအတိုင်းကူးယူတင်ပြပါသည် ။ 
++++++++++++++++++++++++++++++++++++++++++++++++++++++
မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။
ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့  သဘောထားထားတယ်  မိတ်ဆွေတို့အားလုံး  ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး  ပေါ်ရောက်နိုင်သမျှရောက်အောင်  တက်သွားကြပါ ။  အဲဒီလို  ကျနော်ကို  နင်းပြီးတက်သွားလို့  အပေါ်ကိုရောက်သွားတာကို  ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ.......................................
..............................................................ကိုနိုင်............................................................................
အသုံးမပြုတဲ့ Facebook Account တွေအဖျက်ခံရတော့ မယ် ( ကိုယ့် အကောင့် အဖျက်ခံရမှာကြောက်မနေပါနဲ့တော့)
အသုံးမပြုတဲ့ Facebook Account တွေအဖျက်ခံရတော့ မယ် ( ကိုယ့် အကောင့် အဖျက်ခံရမှာကြောက်မနေပါနဲ့  ) ;)
his coming 11pm,all facebook account will be CUT. This is according from the creator of facebook. All the activities that was being done this time will be delay, SORRY FOR THE INCONVENIENCE. To save you're facebook accounts, please forward this message to 25 FB users for us to make sure that you are active user of FB. If can't pass this to 25 users you're account will be cut without any hesitancy
"911"
Chat Conversation End
FB က . . .
Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . . .
ဖျက်ပစ်မယ် . . .
အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .
Activate User 25 ယောက်ကို . . .
ပို့ပေးရမယ် . . .
ဒါကို ကူးပြီးတော့ . . .
မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .
ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . . .
အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . .
လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . .
ဒီနေ့ ည ဘက်က Last Date . . .
ကဲ.............. အထက်ပါ စာမျိုးတွေ ကိုယ့် ဆီရောက်လာပါပြီဆိုပါတော့  သင့် အနေနဲ့  အနည်းငယ်တော့ လန့် သွားမယ်ထင်တယ်
ဘာကြောင့် လဲဆိုတော့ ကိုယ့် ရဲ့  Facebook Account လေး အဖျက်ခံရမှာကြောက်လို့ ပေါ့  ဟဲ ဟဲ  Facebook သုံးစွဲသူ 100 ရှိရင် 99 ယောက်ကတော့ သေချာပေါက် ကို
ခုပြောထားတဲ့ အတိုင်းပဲလုပ်ကြမယ်ထင်ပါတယ် ကျန်တဲ့ တစ်ယောက်ကတော့ မလုပ်ဘူး ( ကျွန်တော်ပဲ :P  )  ဘာကြောင့် လဲဆိုတော့ ကျွန်တော့် မလုပ်လဲ ကျွန်တော့် အကောင့် အဖျက်ခံရမှာမဟုတ်လို့ ပါ  အဲ့ ဒါကြောင့်  ကိုယ့် ရဲ့  Facebook Account  လေးပျက်သွားမှာကိုသိပ်ပြီးတော့ ကြောက်မနေပါနဲ့   အိုကေဗျာ
ကြောက်နေတယ်ဆိုရင်တော့  အားပေးစကားလေးပြောချင်တယ်   ဒါပေမယ့် အရင်မေးခွန်းလေးနည်းနည်းလောက်ဖြေကြည့် ပေးပေါ့  
နံပါတ် ( 1 )သူငယ်ချင်းအနေနဲ့   Facebook ကို
တနေ့ တခါသုံးဖြစ်လား ?  မသုံးဖြစ်ဘူးလား  ? 
ဟုတ်ပြီ နံပါတ် ( 2 )  တပတ်တခါရောသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား  ?   
နံပါတ် ( 3 ) တလတခါရော သုံးဖြစ်ရဲ့ လား  ? မသုံးဖြစ်ဘူးလား  ? 
နံပါတ် ( 4 ) တနှစ် နေလို့ တောင်မှတခါလောက်တောင် သုံးဖြစ်ရဲ့ လား  မသုံးဖြစ်ဘူးလား  ?  
ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ ဘူး ( လများစွာကြာသွားတယ် ...နှစ်နဲ့ တောင်ချီသွားတယ် ) ဆိုပါလျှင် သင့် အကောင့် အဖျက်ခံရပြီပေါ့   ဒီနေရာမှာ သင်ဟာ နိုင်ငံတခု သို့ မဟုတ် စီးပွားရေး လုပ်ငန်းတခုခုမှာ အရေးပါအရာရောက်နေသူ တစ်ဦးတစ်ယောက်ဖြစ်နေခဲ့ မယ် ဆိုပါလျှင် ( ဒါကဥပမာပေးတာပါ ရိုးရိုးသာမန် User တစ်ယောက်အနေဲ့ လဲ ဒီအခွင့် အရေးမျိုးရနိုင်ပါတယ် ) မတတ်သာလို့ ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ တာပါဆိုလျှင် သင် သုံးစဉ်က သိမ်းဆည်းထားခဲ့ တဲ့  Data တွေ ကိုပြန်လိုချင်ရင် နှမြောတသဖြစ်ပီးတော့ ဒီတိုင်းပဲထိုင်ပြီးနေမလား ပြန်ရဖို့ ကြိုးစားမလား  ဟုတ်ပီဗျာ  အဲ့ ဒီအချက်အလက်လေးတွေပြန်လို့ ချင်လို့  သင့် ရဲ့ အဖျက်ခံလိုက်ရတဲ့  Facebook Account လေးကို
နှစ်တွေကြာမှပြန်လိုချင်တယ်ဆိုရင် ဒီလိပ်စာ   https://www.facebook.com/help ကိုသာမှတ်ထားလိုက်ပါ  အဲ့ ဒီနေရာမှာ သင့် ရဲ့ အကောင့် ကိုပြန်လိုချင်ပါတယ်ဆိုပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံပြသနိုင်တယ်  သင့် အတွက် ဒီအကောင့် က အချက်အလက်တွေက အရမ်းကိုအရေးကြီးလို့ ပါဆိုပါလျှင်သူတို့ ဆီမှာပြန်လည်တောင်းဆိုပြီး သင့် ရဲ့ ကိုယ်ပိုင် Data ( အချက်အလက် ) တွေကို ပြန်လည်ရယူနိုင်ပါတယ် ဒါပေမယ့် အရေးကြီးတာက အဲ့ ဒီအကောင့် ကိုသုံးတဲ့ E- Mail လေးရှိနေဖို့ တော့ လိုတယ်ဗျနော် ;) သင့် ရဲ့ အကောင့် ဟာ
ပြစ်မှုတွေကျူးလွန်ထားမျိုး  အဓိကရုဏ်တွေဖြစ်ပွားအောင်ဖန်တီးခဲ့ တာမျိုး  နောက်ဆုံး ကုန်ကုန်ပြောရရင် လုပ်ကြံဖန်တီးထားတဲ့ အကောင့် မဟုတ်ဘူးဆိုရင်ပြန်လည်ရယူဖို့ အဆင်ပြေပါလိမ့် မယ် ဘာလို့ လဲဆိုတော့  Facebook Community ကသင့် ရဲ့ အချက်အလက်တွေကို ဒီတိုင်း
ပြီးစလွယ်ဖျက်ပစ်သွားမှာမဟုတ်လို့ ပါ  သူ့ တို့ က သင့် ရဲ့  Profile,Page, Group တွေက Data တွေကို ဖျက်မပစ်ပဲနဲ့  တကယ်အသုံးမပြုတောတာတို့  ( လုပ်ကြံဖန်တီးထား တာ ) တို့  မှန်ရင်တော့   အသုံးပြုလို့ မရတော့ အောင် ပိတ်ပဲပိတ်ပစ်ပြီး အချက်အလက်တွေကိုတော့ သူတို့ ရှဲ့ဆာဗာထဲမှာ သိမ်းဆည်းထားမှာပါ  အဲ့ ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့   ကိုယ့် အကောင့် လေးပျက်မှာပူမနေကြပါနဲ့  ဗျာ ကျွန်တော်သိပါတယ် ဖေ့ ဘွတ် သုံးနေကျလူတွေ တနေ့ ကို အနည်းဆုံး တခါလောက် Notifications လေးတွေမဖတ်ရရင် Comment လေးတွေ မပေးရရင် Photo လေးတွေများမတင်ရရင် မနေနိုင်ကြဘူးဆိုတာကို သိထားပါတယ် :Pေိခိ အဲ့ ဒီတော့ အနော် ပြောတဲ့  တလတခါ တနှစ် တခါလောက်တောင် မသုံးဖြစ်လို့ အကောင့် အဖျက်ခံရမယ့် သူစာရင်းထဲမှာမပါဘူးဆိုတာသေချာနေပါတယ်ဗျာ  ဒါကြောင့် ပူပန်တွေးတောပြီးကြောက်မနေကြပါနဲ့  အားတိုင်းလိုက်ပီးတော့  Share မနေကြပါနဲ့  အမြင်ကတ်စရာဖြစ်နေပါဦးမယ် Share ချင်ရင်တော့ ဒီပို့ စ်လေးကို သာရှဲပေးဗျာ  ဒါကအကောင်းဆုံးပါ  အိုကေ .............. ;)
သင့် ရဲ့  Facebook Account နဲ့ ပါတ်သက်လို့ လေ့လာချင်တယ်ဆိုရင်တော့    https://www.facebook.com/help/search/?q=how+do+i+delete+my+account နေရာလေးမှာသွားရောက်လေ့ လာလို့ ရပါတယ်ဗျာ 
သူငယ်ချင်းများအားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ......
လေးစားခင်မင်လျှက်.....
By : Aung Kyaw Soe
You Like This Post 
1 . Like
 2 . Comment
3 . Share  
We ♥ My Friends for  All  ^_^
I Wish You Happiness  ;)   
 ...   ;)
>>>>>>>>> အပေါ်ကပို့ စ်လေးတင်ပြီးမကြာပါဘူး အောက်ကဟာလေးကိုတွေ့ လို့ ထပ်မံပြီးဖြည့် စွက်လိုက်ပါတယ်ဗျာ :)
((((((  
September 26 က နည်းပညာ website တစ်ခုဖြစ်သော CNET မှ ဖော်ပြခဲ့သော သတင်းဖြစ်နေကြောင်းသိရသည်။
CNET Website တွင် လွန်ခဲ့သော September 26 က Facebook က အကောင့်အတုများနှင့် user name အတုများစွာကို ဖယ်ရှားခဲ့ကြောင်းဖော်ပြခဲ့ပြီး နာမည်ကျော် အနုပညာရှင်များ၏ Fans အရေအတွက်များလဲ လျှော့ကျခဲ့ကြောင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
Facebook မှ Fake Accountများ(ဥပမာ-မွေးမြူထားသော ခွေး၊ကြောင်များ နာမည်ဖြင့် ဖွင့်ထားသောအကောင့်များ၊ Like အတုများ(ဥပမာ-Malware များဖြင့် ရယူထားသော Like အတုအယောင်များ) ကိုသာ ဖျက်စီးခြင်းဖြစ်ပြီး သာမန် user များ၊အစစ်အမှန် user များကို အကောင့်များကို ဖျက်စီးသွားမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ Facebook user များအနေဖြင့် မိမိတို့ပုံမှန်သုံးစွဲနေသော အကောင့်များ နှင့်တစ်စုံတစ်ရာ စိုးရိမ်ပူပန်ရန်မလိုကြောင်းတင်ပြလိုက်ရပေသည်။
CNET မှာ ဖော်ပြခဲ့သော မူရင်းသတင်းလင့်>>>
))))))))))))
by Åüñg Kÿáw Sôë on Monday, 8 October 2012 at 16:36 ·
ဖေ့ ဘွတ်နဲ့   နောက်သတင်းဆိုဒ်လေးဖြစ်တဲ့   http://news-myanmar.blogspot.com/2012/10/facebook-account.html မှာတင်ထားတာလေးပါ :)
    ဇွဲကပင်မြေမိသားစု  မှ   ရွာသူကြီး၏  ပို့(စ်)ကို  ကူးယူဖေါ်ပြပါသည် ။
Related Posts Plugin for WordPress, Blogger...
ဆွေးနွေးရန်
နိုင်ငံအလိုက်လာလည်ကြသူများ
free counters FLAG COUNTER
Followers