မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Sunday, September 23, 2012

Window Media Player နဲ့ Rip လုပ်နည်း

အွန်လိုင်းမိတ်ဆွေများ အားလုံး  မင်္ဂလာပါ

ဒီနေ့တော့ Audio CD ဓါတ်ပြားတွေကနေ  Rip လုပ်နည်းလေးကို မေးထားတဲ့လူတွေလည်း တော်တော်များလို့
တချို့မသိသေးသော သူများတွက်ပါ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ် ။

ဘာဖြစ်လို့လည်းဆိုတော့   Audio CD  ဓါတ်ပြားထဲက  သီချင်းတွေကို တခြား Data တွေလို
ရိုးရိုး  Copy လုပ်ယူလို့  မရတဲ့အတွက်ကြောင့်ပါ ။

သိပြီးသူများအတွက်တော့  အရမ်းလွယ်လှပေမယ့်လို့  မသိသေးသော ယခုမှကွန်ပြူတာစကိုင်သူများအတွက်တော့  အခက်အခဲ ရှိနေကြသေးတာတွေ့ရပါတယ် ။
တချို့ဆိုရင်  လေးငါးနှစ် လောက် ကွန်ပြူတာကို ကိုင်ခဲ့တဲ့လူတွေတောင်  မသိကြတာတွေ့ရပါတယ် ။

ဒါကြောင့် ဒီပို့(စ်)လေးကိုရေးဖြစ်တာပါ ။

ကဲ လုပ်ပုံလုပ်နည်းလေး ကို စကြရအောင်ပါ ။

အောက်ကပုံက ညွှန်ကြားတဲ့အတိုင်း  လုပ်သွားလိုက်ပါ ။
 

ပြီးရင်  Rip Menu ကိုနှိပ်ပါ ။ 

ပုံက ညွှန်ကြားတဲ့အတိုင်း  လုပ်သွားလိုက်ပါ

ပုံက ညွှန်ကြားတဲ့အတိုင်း  လုပ်သွားလိုက်ပါ

 အပေါ်ကအဆင့်တွေ အားလုံးပြီးသွားရင် မိမိ Rip လုပ်လိုတဲ့ 
CD ပြားကို CD Drive ထဲကိုထည့်လိုက်ပါ ။ ဒါဆိုရင်  အောက်
ကပြထားတဲ့ ပုံအတိုင်း Auto Rip လုပ်ပေးနေပါလိမ့်မယ် ။

လုပ်ပြီးသွားရင် CD ပြားလည်း Auto ပြန်ထွက်လာပါလိမ့်မယ် ။

ပြီးပါပြီ ။

အားလုံး ပဲ အဆင်ပြေကြပါစေဗျာ ။


Friday, September 21, 2012

အွန်လိုင်း တီဗွီ ကြည့်ဘို့ ReadonTV.v7500.AiO.Hypnox .rar





 အွန်လိုင်း တီဗွီ ကြည့်ချင် သူများအတွက် ဒီ    ReadonTV.v7500   TV Player လေးကို တင်ပေးလိုက်ပါတယ်
ထိုင်း TORRENT ဆိုဒ် တခုကရထားတာပါ    ဖိုင်ထဲမှာ (သတိပေးချက်) ဆိုတဲ့ Text ဖိုင်လေးကို သေသေချာချာဖတ်ပါ ။
Aio အမျိုးအစားဖြစ်လို့ Install လုပ်ရတာ မခက်လှပါဘူး
ကျနော် ကြည့်တာတော့ မြန်မာလိုင်း (၂) လိုင်း ပါတာ တွေ့ရပါတယ် 

How to Install:ဒေါင်းလို့ရလာတဲ့ ReadonTV v7.5.0.0 AiO rar ဖိုင်ကို Extract လုပ်ပြီးရင် အောက်မှာပြထားတဲ့ပုံအတိုင်းရလာမှာပါ

အပေါ်ကပုံအတိုင်း ဟိုင်လိုက်(က်) ပြထားတဲ့ ReadonTV v7.5.0.0 AiO ဖိုင်ကို Run ပေးလိုက်ရင်
 အောက်မှာပြထားတဲ့ ပုံအတိုင်း တက်လာပါလိမ့်မယ်


Readon TV Movie Radio Player 
v7.5.0.0 Final*Install* ဆိုတဲ့ စာတန်းပေါ်မှာ နှိပ်လိုက်ပါ ။

Next ပိုနှိပ်ပါ ။

I Agree ကို ရွေးပေးပါ ။

Everyone နဲ့ Just me ကြိုက်ရာရွေးပါ ။

Next ကိုနှိပ်ပါ ။



ပီးရင်တော့ ပေါ်ကပုံအတိုင်း Desktop က Readon TV
ကို နှစ်ချက်နှိပ်လိုက်ပြီးရင် အောက်ကပုံတွေအတိုင်းဆက်လုပ်သွားလိုက်ပါ ။






MYANMAR(Burma) ကိုရွေးပေးလိုက်ရင် SKY NET တလိုင်း နဲ့  M လိုင်းရမှာပါ

 






လိုချင်သူများ အောက်မှာဒေါင်းနိုင်ကြပါတယ် ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။

BOX

 ZIDDU

MEDIAFIRE

Facebook မှာ မိမိ အွန်လိုင်းပေါ်ရှိနေတာကို လျှို့ဝှက်ထားချင်တဲ့နည်း

Gtalk ကနေ မေးထားတဲ့ ကိုစံသွတ်(စ်) နဲ့ အခြားလေ့လာသူများအတွက် မျှဝေပေးလိုက်ပါတယ် ။ 

လုပ်နည်းကလည်း မခက်ပါဘူး ဒါကြောင့် Screenshot တွေနဲ့ မရှင်းပြတော့ပါဘူး ။
အောက်မှာပြထားတဲ့ ဖိုင်လမ်းကြောင်းအတိုင်း သွားလိုက်ပါ ။

Account ---> Privacy settings ---> Applications and Websites (At the left side at the bottom) ---> Edit your settings ---> Public search --->Edit settings ---> Leave the box "Unchecked"

ပိုပြီးရှင်းသွားအောင် အောက်ကဗွီဒီယိုဖိုင်ကို ကြည့်လိုက်ပါ ။


 အဆင်ပြေကြပါစေ
 

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း



 ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card
, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။


၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။


သို့မဟုတ်

သို့မဟုတ်

http://download.cnet.com/Pandora-Recovery/3000-2094_4-10694796.html


၂။ Instll လုပ်ရပါမယ်။


၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။


၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။


၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။


၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။


၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။


၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။

---
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/09/memory-card-sd-delete-...

Thursday, September 20, 2012

သကြားထက်ချိုတဲ့ အရာ(ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ)

ဇွဲကပင်မြေမိသာစုဆိုဒ်မှ ကာရံငယ် ရေသော ပို့(စ်)လေးကို ကြိုက်လွန်းလို့ 
ကျနော့ရဲ့ ဘလော့မိတ်ဆွေများ ဖတ်ရအောင် မူရင်းအတိုင်းပြန်တင်ပေးလိုက်ပပါတယ်


အသက်ရနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ
ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့
အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ
“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..
ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ
အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို
ဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း
ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး
တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့
စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ
အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း
နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..
အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး
ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင်
ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က
သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….
အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့
အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား
ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား
ဒီနေရာက ထွက်သွားပါ.. ” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..
ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု
ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..
အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို
ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက်
ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ
ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ”
လို့မေးလိုက်ပါတယ်..
“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို
အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ
ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို
လွတ်မြောက်စေချင်တယ်.. ”
“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ
သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်
ငြင်းမိပါတယ်..
“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..
နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို
ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက်
ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ
စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်
ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ
စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “
ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို
ဒုက္ခများပေးနေလို့လား ”
“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”
ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့
သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ
လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..
ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ
တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့
ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..
“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်..
ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က
သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်..
အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး
ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ
နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်..
သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့
အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..
အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်
ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ
ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”
“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက
ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..
“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”
“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..
အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့
အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..
ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”
စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “
ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”
“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”
“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”
“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”
ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက
“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ”
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..
မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား
သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု
လှမ်းပြောလိုက်ပါတယ်..
“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ
ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား
စတင်ပြောပါတယ်..
“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”
အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ
စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို
ရင်းရင်းနှီးနှီး သိနေပုံဘဲ”
“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက
ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့
ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး
တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေကို ဘယ်တော့မှ
မမေ့ပါဘူးရှင်…”
“ အစ်မကြီး”
ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို
ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..
အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ
အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့
ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို တော်တော်နဲ့
ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့
လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ
ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို
မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့
အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား
ရောက်လာခဲ့ပါတယ်.. ”
အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ
ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်
နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့
ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့
အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင်
ကြောင်း ပြောခဲ့တယ်.. ”
“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်
မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ
တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို
စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ
သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ
သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”
“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က
အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..
“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို
ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”
အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့
လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက
“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း
ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်..
ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ
စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”
အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို
ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”
“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့
ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ
တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို
လမ်းပြခဲ့တဲ့ သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”
စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့
ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ
ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..
“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”
“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်
ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ
အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ
မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့
ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”
ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး
ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု
ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ်
ထပ်ယူမလား. ”
ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား
အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..
တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ
ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ
ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..”
လို့ ပြောလိုက်ပါတော့တယ်..
သူငယ်ချင်းက ပို့ပေးလို့
ပြန်လည်မျှဝေလိုက်တာပါ အရမ်း ရင်ထဲထိတဲ့ ခံစားချက်ကလေးပါ
သူငယ်ချင်းများ ဒီပိုစ် ကနေ သူမတူအောင်ကြိုးစားလိုစိတ်များ
တိုးပွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် .သင်သည်လည်း ထွန်းတောက်နိုင်တဲ့
လူသားဖြစ်လာနိုင်တယ် အလင်းရောင်လည်းပေးနိုင်တယ် ဆိုတာတွေကို ဘယ်တော့မှ
မမေ့ပါနဲ့
လူ့ဘဝ စွန့်ခွါချိန်များမှာ ဘာမှ မလုပ်နိုင်ဘူးဆိုတာ မှတ်ထားပါ .

“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့……..”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ…….”


(YTZK)

Android App တွေကို PC မှာသုံးလို့ရမယ့် Blue Stacks App Player နှင့် Viber for PC



မိမိတို့ ရဲ့ကွန်ပြူတာကနေပြီးတော့ ဖုန်း ခေါ်ဆို ရန် အတွက် ဖြစ်ပါတယ်  ။   ဒီကောင်လေးကို  အသုံးပြုမယ်ဆိုရင် အရင်ဆုံးသိထားရမှာ ကတော့ မိမိတို့ ဆက်သွယ်ချင်တဲ့သူဆီမှာ viber ၇ှိ၇မှာဖြစ်ပါတယ်(အင်တာနက်ချိတ်ဆက်ထားပြီး)။ အရင်ဆုံး မိမိတို့ ရဲ့ ကွန်ပျူတာမှာ အောက်က software လေးကို  run ရ မှာဖြစ်ပါတယ်  ။  ကွန်ပျူတာကနေ ဖုန်းကိုခေါ်ဆိုလို့ ရတဲ့အပြင် pc to pc လဲ ခေါ်ဆိုလို့ ၇ပါတယ်  ။   free call ခေါ်ဆိုရတာ ဖြစ်တဲ့ အတွက် ပြည်တွင်း ကော ပြည်ပ ကော ပိုက်ပိုက် မကုန်တော့ ဘူးပေါ့ဗျာ ။ message ထဲကနေလဲ ပုံတွေပါ ပိုလို့ ရပါတယ် ခင်ဗျာ ။ အဓိက က အင်တာနက်ချိတ်ဆက်ထား ထားဖို့ နဲ့  လိုင်းလေး ကောင်းရင် ပို အဆင်ပြေပါတယ် ခင်ဗျာ

လိုချင်တဲ့ သူများ အောက်က လင့်လေးကနေ download ယူလိုက်ပါ ။


လုပ်ပုံလုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ။
အရင်ဆုံး software လေးကို ကလစ်နစ်ချက်ပေးပြီး run လိုက်ပါ  ။  အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်   (continue) ကို ကလစ်ပေးလိုက်ပါ ။


ပြီးရင် Install ကို ကလစ်ပေးပါ ။ 


အောက်က ပုံလေး အတိုင်း install လုပ်ပါလိမ့်မယ်

Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်က ပုံလေး ပေါ်လာမှာဖြစ်ပါတယ် 
 (app search) ကို ကလစ်ပေးလိုက်ပါ ။


  search box လေးထဲမှာ viber လို့ ၇ိုက်ထည့်ပါ ။ ပီး၇င် enter ခေါက်လိုက်ပါ ။

  အောက်က လိုမျိုး viber free call လေးကို ကလစ်ပေးလိုက်ပါ ။

ပြီးရင်တော့ အောက်က ပုံလေး အတိုင်းသူဘာသာ install လုပ်ပါတယ် ။ 
 ပြီးတဲ့ အခါ back arrow key ပုံလေးကို နှိပ်လိုက်ပါ ။(အနီရောင် လေးထောင့် ကွင်း)


အောက်က လိုမျိုး home မှာ  viber လေး ပေါ်လာမှာဖြစ်ပါတယ်  ။ 
 ပြီးရင်တော့ အဲဒီကောင်လေးကို ဖွင့်လိုက်ပါ

အပေါ်ကအဆင့်တွေ   အကုန်ပြီးသွားပြီးဆိုရင်တော့ Viber လုပ်ပုံလုပ်နည်းလေး အတိုင်းဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ် ။ ဖုန်းနံပါတ်တစ်ခုဖြည့်ရပါတယ် ။ 
 ပြီးရင် မိမိတို့ ရဲ့  viber code ကို အဲဒီဖုန်းကို    Massage   ပို့ပါလိမ့်မယ့်  ဖုန်းဆိုတဲ့  နေရာမှာ  မိမိတို့ ဖြည့်တဲ့ ဖုန်းဟာ နက်ချိတ်ဆက်ထားဖိုလဲ မလိုပါဘူး     viber     အကောင့်မဖောက်ရသေးတဲ့ ဖုန်းဖြစ်ဖို့ လိုပါတယ် ဘာဖြစ်လို့လဲဆိုတော့  တခြားသူက   မိမိကို viber ခေါ်မယ်ဆိုရင်   မိမိဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုရမှာဖြစ်ပါတယ်    အဲ့ချိန်မှာ  မိမိတို ရဲ့ဖုန်းကို  viber call    က မ၀င်ပါဘူး အဲဒီဖုန်းနံပါတ်နဲ့  သုံးထားတဲ့  မိမိတို့  ကွန်ပျူတာက   viber ကို   ၀င်မှာဖြစ်ပါတယ်

အားလုံးပြီးပြီ  ဆိုရင်တော့ အပေါ်က ပုံလေး အတိုင်း viber free call ခေါ်ဆိုလို့ ရပြီ ဖြစ်ပါတယ်
အောက်မှာ  ကျနော်  Utube  ဗွီဒီယို လေး တင်ထားပေးတာကြည့်လိုက်ရင်ပိုရှင်းသွားမှာပါ 



ဒီပို့(စ်) ကို ဆိုးပေ ရေးတဲ့  တောသားလေး  ဝက်ဆိုဒ်ကနေ တဆင့်ပြန်လည် မျှဝေပါတယ်

Wednesday, September 19, 2012

Microsoft Security Essentials offline Updater



အွန်လိုင်းမိတ်ဆွေများအားလုံးမင်္ဂလာပါ 
အခုလိုကျနော့ရဲ့ ဘလော့ဆိုဒ် လေးကို လာရောက်အားပေးကြတဲ့အတွက် 
အထူးပဲကျေးဇူးတင် ပါတယ် ။ ၀မ်းသာခြင်းလည်း  ဖြစ်ရပါတယ် 


 

ဒီနေ့တော့  Microsoft Security Essentials offline Updater (MSEupdater) လေးကို   တောင်းထားတဲ့
မောင်ရေခဲအတွက် နဲ့ အခြားလိုချင်သူများအတွက်   ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဒီကောင်လေးဟာ  မိမိကိုယ်ပိုင် အင်တာနက်မသုံးနိုင်သူများ အတွက်တော်တော်အဆင်ပြေတယ်လို့ ပြောရမှာပါ။
ကျနော်ကိုယ်တိုင်လည်း  အင်တာနက်ကို ကိုယ်ပိုင်မသုံးနိုင်ခင်အချိန်တုန်းက ဒီကောင်လေးကို အမြဲသုံးဖြစ်ခဲ့တာပါ။
 အသုံပြုပုံကတော့   Microsoft Security Essentials offline Update ဖိုင်ကို  အင်တာနက်ဆိုင်တွေမှာ 
သွားပြီး  ဒေါင်း လာရမှာ ပါ ။
 
ပုံမှာ ပြထားပေးတဲ့အိုင်း Browse  ကိုနှိပ်ပြီး မိမိ ဒေါင်းလွတ် လုပ်လာတဲ့
ဖိုင်ကိုရွေးပေးလိုက် ယုံပါပဲ  ။ ဒါဆို   MSE  ပရိုဂရမ်လေးက   UPdate   လုပ်ပေးပါလိမ့်မယ်။
လိုချင်သူများ  အောက်ကပေးထားတဲ့  Link  မှာ ဒေါင်းနိုင်ကြပါတယ် ။
အားလုံးအဆင်ပြေကြပါစေ လို့ဆုတောင်းပေးလျက် ။

 Download

 

Sunday, September 16, 2012

ဗွီဒီယို တည်းဖြတ်ခြင်းနည်းပညာ မြန်မာလို အီးဘွတ်(ဂ်)များ

ကျနော် လက်ရှီ ရှာဖွေစုဆောင်းလို့ ရထားသမျှ ဗွီဒီယိုတည်းဖြတ်ခြင်းနှင့် ပတ်သက်သော စာအုပ်များဖြစ်ပါတယ် အောက်မှာဒေါင်းနိုင်ကြပါတယ်

http://minus.com/lFakdozgX8tKy (ရုပ်သံတည်းဖြတ်ခြင်းနည်းပညာ -ပါဝါ ဒါရိုက်တာ အသုံးပြုနည်း)
http://min.us/loZcmzaEKjfjT (အသုံးချ ဗွီ ဒီ ယို တည်းဖြတ်နည်းပညာ)
http://minus.com/lnlalXocn81Qs (ကွန်ပြူတာဖြင့် ရုပ်သံ တည်းဖြတ် နည်းလက်စွဲ )
http://min.us/lLNIYo8KcWDuN (လက်တွေ့ အသုံးချ ရုပ်သံတည်းဖြတ် နည်းများ)

Friday, September 14, 2012

USB drive တွေ format ချဘို့ Any DRIVE Formatter 2.0.6



USB DRIVE တွေကို Format ချလို့ မရဘူးလို့ မေးလာတဲ့ မိတ်ဆွေများအတွက်
Any DRIVE Formatter 2.0.6 ကိုတင်ပေးလိုက်ပါတယ်
အောက်မှာဒေါင်းယူလိုက်ပါ

Download

အခြေခံကွန်ပြူတာ လေ့လာသူများအတွက် Ghost အသုံးပြုနည်း အသေးစိတ်

++++++++++++++++++++++++++++++++++++++++++++++
ဒီအဆင့်ဟာကွန်ပြူတာကိုအခြေခံမှစတင်လေ့လာနေသူများ

(  Basic to Advanced for Every Users )

အတွက် သီးသန့် ဖြစ်ပါတယ် ကွန်ပြူတာသမားတိုင်း မသိမဖြစ် တတ်ကိုတတ်ထားသင့်

တဲ့ နည်းစနစ် ဖြစ်ပါတယ်

အကယ်၍ လူကြီးမင်းသည် Adance အဆင့် ရှိသူ ဖြစ်ပါက ဒီပို့(စ်)ကို ကျော်သွားပေးကြပါ။

ဒီပို့(စ်)ဟာ သိပြီးတတ်ပြီးသူများအတွက်တော့ ဘာမှမဟုတ်ပေမယ့်

ကွန်ပြူတာ အကြောင်းကို သိပ်ကောင်းကောင်း နားမလည်ကြသေးတဲ့သူများအတွက်တော့
အများကြီးအကျိုးရှိလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်

++++++++++++++++++++++++++++++++++++++++++++

ကဲစကြရအောင်ပါ ။

 ဒီပို့(စ်)လေးဟာ Ghost စနစ်ကို သုံး၍ BACKUP WINDOW လုပ်နည်းလေးပါ ။
မိမိတို့၏  ကွန်ပြူတာ ပုံမှန်အလုပ်လုပ်နိုင် သေးသောအခြေအနေ

 ( ဥပမာ- ဝင်းဒိုးအသစ် တင်ပြီးစ )

မှာ Ghost စနစ်ကို သုံး၍ မည်သူမဆို  Backup ဖိုင် လုပ်ပြီး သိမ်းထားလို့ရပါတယ် ။

အဲဒီ  BACKUP ဖိုင်ကိုပဲ မိမိကွန်ပြူတာမှာ ဝင်းဒိုး

ပုံမှန်အလုပ်မလုပ်နိုင်တော့သည့်  အခြေအနေသို့ေ၇ာက်ခဲ့လျှင်

ဥပမာ- ဗိုင်းရပ် အကိုက်ခံရခြင်း  သို့မဟုတ်  ကွန်ပြုတာ  Hangs ရခြင်း  ၊ ဒါမှမဟုတ်


ဝင်းဒိုး မတက်နိုင်ပဲ  အကြိမ်ကြိမ်  Restart ဖြစ်နေခြင်း ၊ ဝင်းဒိုး လုံးလုံး မတက်တော့ခြင်း

စသည့် အခြေအနေမျိုး ဖြင့်ကြုံတွေ့ ရလျှင်  အချိန်ကုန်ခံပြီး  ဝင်းဒိုး အသစ်တင်နေစရာမလိုပဲ


မိမိတို့   ကြိုတင်ဖန်တီးထားသော  Backup  ဖိုင်ဖြင့် ပြန်လည်  အစားထိုးခြင်းဖြင့်


ပုံမှန်အလုပ်လုပ်နိုင်သော ဝင်းဒိုး ကို ပြန်ရမှာပါ ။



(ဒီပို့(စ်) ကို  ကွန်ပြူတာပြင် ဆိုင်တွေ စက်ဆရာတွေတော့ နှစ်သက်ကြမှာမဟုတ်ပါဘူး

ကျနော် ကိုယ်တိုင် ကွန်ပြူတာကို  စသုံးစက  ဒီနည်းစနစ်တွေကို  မသိခဲ့လို့

ခံခဲ့ရဘူးပါတယ် ။  ဒီအဖြစ်မျိုးမဖြစ်ကြရအောင် စာနာထောက်ထားသောအားဖြင့်

ဒီ ပို့(စ်) လေးကို မျှဝေလိုက်ခြင်းပါ ။)

 ဒီပို့(စ်)  မှာ အသုံးပြုထားသော Screenshot များသည်  www.gggcomputer.com  မှဖြစ်သည် ။

အရင်ဦးဆုံး  ရှိထားရမှာကတော့ ရှာပြီး Download လုပ်လို့ လွယ်တဲ့ Hiren Boot CD ကို


အသုံးပြုဘို့ တိုက်တွန်းလိုပါတယ် ။ ဘယ် VERSION ဖြစ်ဖြစ်ရပါတယ် ။ 



ဒီနေရာမှာ ဒေါင်းယူလိုက်ပါ ။



ဒေါင်းပီးရင် CD ပြားနဲ့  image burn လုပ်ထားပါ ။

ပီးရင်အောက်ကပုံအတိုင်း    C:    မဟုတ်သော ပါတီးရှင်း တွင် 

Backup  လို့ အမည်ပေးပြီး   Folder တခု ဖန်တီးပါ ။



အဲဒီလိုလုပ်ပြီးရင် Hiren Boot ကို  ကွန်ပြူတာက CD/DVD Drive ထဲထည့်ပါ။ 

 ကွန်ပြူတာ Boot တက်နေချိန်မှာ ကီးဘုတ်မှ  Del  သို့မဟုတ်  F2  ကီး 
(ဒီနေရာမှာ ကွန်ပြူတာအမျိုးအစားအလိုက် ကွဲပြားခြားနားမှုရှိပါတယ်)
တခုခုကိုအကြိမ်ကြိမ်နှိပ်ပေးခြင်းဖြင့်   BIOS   ထဲကို  ဝင်ပြီး  CD/DVD  ဓါတ်ပြားကနေ

စပြီး Boot အောင် First Boot Device ကို CDROM ရွေးပေးပါ။ 
အောက်ကပုံက တော့ BIOS  ကိုဥပမာပြတာပါ စက်တိုင်း ဒီမျက်နှာပြင်မျိုးမြင်ရမည်ဟုမဆိုလိုပါ

CD ပြားက Boot ပြီဆိုရင်  Dos Boot CD ကိုရွေးပေးပါ။


Backup Tools.......ကိုရွေးပေးပါ။


Norton Ghost........ကိုရွေးပေးပါ။


 ဒီအဆင့်မှာတော့ ဘယ်ပုံဘယ်နည်းစနစ်နဲ့ Backup လုပ်မှာလဲ ဆိုတဲ့ အပေါ်မှာ

မူတည်နေပါတယ်။ ခုအောက်မှာရွေးပြထားတဲ့အတိုင်း ဆိုရင် ဖိုင်ဆိုဒ်ကို အမြင့်ဆုံး

ကျုံ့နိုင်သမျှ ခြုံ့ပြီး Backup လုပ်မှာဖြစ်ပါတယ်


နောက်တက်လာမယ့်မျက်နှာပြင်တွေအားလုံး   ကီးဘုတ်မှာ Enter ပဲနှိပ်ပေးလိုက်ပါ။

Ghost  ပရိုဂရမ်ကို  ဝင်တာနဲ့  OK  ကိုနှိပ်ပေးပါ


Local >Partition >To Image (ဒီလမ်းကြောင်းအတိုင်းရွေးသွားပေးပါ) ။


ဟတ်ဒစ်(စ်)ကိုရွေးပေးပြီး  OK  နှိပ်ပါ ။


မိမိ ဘက်(က်) အပ်(ပ်) လုပ်လိုသော ပါတီးရှင်းကို ရွေးပေးလိုက်ပါ ။

များသောအားဖြင့်  ပထမ ပါတီးရှင်းတွေသာ ဖြစ်တတ်ပါတယ် ။


ဒီအဆင့်မှာ  မိမိလုပ်မယ့် Backup  ဖိုင်ကိုသွားသိမ်းမယ့် နေရာကိုရွေးပေးဘို့အတွက်
 Look in: ဆိုတဲ့  နောက်နားက  Scroll Box   က   Down arrow လေးကိုနှိပ်ပြီး

ဒီပို့ရဲ့ အစက ပထမဦးဆုံး ပုံမှာ  ကျနော်တို့ ဖန်တီးခဲ့တဲ့ 

Backup ဆိုတဲ့  Folder ကိုရွေးပေးလိုက်ပါ ။


မိမိနှစ်သက်ရာ  နာမည်  ပေးပြီး  Save လိုက်ပါ ။


ပရိုဂရမ်က  Backup ဖိုင် ဖန်တီးမလားလို့ မေးပါတယ် ။  yes  ကိုနှိပ်လိုက်ပါ ။


ပရိုဂရမ်အလုပ်လုပ်တာကို  ပြီးတဲ့အထိစောင့်ရမှာဖြစ်ပါတယ် ။

အနှေး အမြန်ကတော့   Drive  C: ရဲ့ ဖိုင်ဆိုဒ်  အကြီးအသေးပေါ်မှာမူတည်ပါတယ်


 ပြီးရင်တော့   Continue   ကိုနှိပ်ပါ ။

ဒါပေမယ့်  ပရိုဂရမ်ကနေ  မထွက်သေးပါနဲ့အုံး   ဆက်ရအုံးမှာဖြစ်ပါတယ်...
+++++++++++++++++++++++++++++++++++++++++++++
ကျနော်တို့ Backup  လုပ်ပြီးပြီဆိုရင်   တော်တော်များများ  ခုပြောတဲ့အဆင့်ကို

ချန်ထားတတ်ကြပါတယ် ကျော်သွားတတ်ကြပါတယ်

ဒါဟာ မှားတဲ့အချက် ပါပဲ
ဘာ့ကြောင့်လဲဆိုတော့  ကိုယ်ဖန်တီးလိုက်တဲ့   Backup ဖိုင်ဟာ  ချို့ယွင်းချက်ရှိမရှိ

မစစ်ဆေးရသေးလို့ပါပဲ  ဒါကြောင့် Check လုပ်နိုင်ဘို့အတွက် အောက်မှာ  ဆက်ကြည့်လိုက်ပါ

Local >Check >Image File ( ဒီဖိုင်လမ်းကြောင်းအတိုင်းသွားပါ)

ကျနော်တို့စောစောက  Backup ဖိုင်ကို ရွေးပေးလိုက်ပါ


့Yes ကိုနှိပ်ပါ


အကယ်၍ စစ်ဆေးချက်  100%  ပြည့်ခဲ့ရင်တော့ မိမိတို့ ရဲ့ Backup ဖိုင်ဟာဘာမှ ပြဿနာမ၇ှိပါဘူး

တကယ်လို့ ဖိုင်ချို့ယွင်းမှုရှိခဲ့ရင် ဖိုင်ပျက်စီးနေကြောင်း မျက်နှာပြင်တက်လာပြီး

နောက်ထက်တကြိမ် ပြန်ပြီး BACKUP လုပ်ဘို့ ပြောပါလိမ့်မယ်

အားလုံး စစ်ဆေးပြီးစီးသွားရင်တော့ Quit ကိုနှိပ်၍ ပရိုဂရမ်မှထွက်လို့  ရပါပြီ ။




++++++++++++++++++++++++++++++++++++++++++++++++++++

အခု ကျနော်တို့ ပေါ်မှာ Backup လုပ်ပြီး  Drive  D:  မှာသိမ်းထားခဲ့တဲ့ ဖိုင်ကို

ဘယ်လို ပြန်ပြီးအစားထိုးသုံးစွဲမလဲ  ဆိုတာကို  တဆက်ထည်းတင်ပြသွားပေးပါမယ်
အထက်မှာပြောခဲ့သလိုပဲ  မိမိတို့ရဲ့ တို့ရဲ့  ကွန်ပြူတာ  အလုပ်လုပ်တာ  ပုံမှန်မဖြစ်တော့
တဲ့ အချိန်ရောက်လာခဲ့ရင်  အသုံးပြုရမှာ  ဖြစ်ပါတယ်  ဟိုးအပေါ်မှာပြခဲ့တဲ့အတိုင်းလုပ်သွားလိုက်ပါ
Hiren Boot > Dos Boot CD >Backup Tools >Norton Ghost
 


Local >Partition >From Image


Backup ဖိုင်ကိုရွေးပေးပြီး OK ဆက်တိုက်နှိပ်သွားပါ ။




 ဒီအဆင့်မှာ ပါတီးရှင်းကို  Restore လုပ်မှာလားလို့ ပရိုဂရမ်ကမေးရင် Yes ဖြေပေးလိုက်ပါ ။


100% ပြည့်တဲ့အထိ  ပရိုဂရမ်အလုပ်လုပ်တာကို စောင့်ပေးပြီး Restart ချလိုက်ယုံပါပဲ

ဒါဆိုရင်  အချိန်တိုတိုအတွင်း မှာ ပုံမှန်အနေအထားနှင့် အလုပ်လုပ်နိုင်သော

ဝင်ဒိုး ကို  BACKUP လုပ်တုန်းကအတိုင်း ပြန်လည်ရရှိမှာဖြစ်ပါတယ် ။


ပြီးပါပြီ ။ 

ကွန်ပြူတာကို ယခုမှစတင်အသုံးပြုသူ  လေ့လာသူ  လက်သစ်ကလေးများအတွက်
အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်  အဆင်မပြေသူများ    konainga2@gmail.com 
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
အားလုံး အဆင်ပြေကြပါစေ

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers