မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Sunday, November 4, 2012

Paragon Partition Manager အသုံးပြုပြီး HDD ကို Partition အသစ်ပိုင်းရအောင်

Paragon Partition Manager  အသုံးပြုပြီး HDD ကို Partition အသစ်ပိုင်းရအောင်

အရင်ကတော့ Partition Magic  ကိုအသုံးပြုတာများပါတယ် ။ အခြေခံသဘောတရားအတူတူပါပဲ ။
သိပ်မကွာလှကြပါဘူး ။ Interface တွေနည်းနည်းပါးပါး ကွာခြားမှုရှိတာပါ ။
ဒါပေမယ့်  Partition Magic  ကိုဗားရှင်းအသစ်ထုတ်လုပ်ခြင်းမ၇ှိတော့တဲ့ နောက်
ယခုမျက်မှောက်ကာလထုတ်လုပ်တဲ့ Harddisk အသစ်တွေနဲ့ နည်းပညာသစ်တွေမှာ
ပြဿနာရှိလာနိုင်ပါတယ် ။

ဒီ   Paragon Partition Manager   ကိုကျနော်ကိုယ်တိုင် သုံးနေတာဆိုတော့ အာမခံရဲပါတယ် partition magic  ထက်သာတယ်လို့လည်းပြောချင်ပါတယ် ။

ဒါကြောင့်ဒီနေ့ Paragon Partition Manager အသုံးပြုပုံလေးကို လာပြီး မိတ်ဆက်ပေးရင်း Share ပေးလိုက်တာပါ ။
Hiren Bootable CD ကိုပဲ အသုံးပြုမှာဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီဓါတ်ပြားတွေကရှာရလွယ်လို့ပါ ။

CD ROM ကနေပထမဆုံး BOOT တက်ရန် Bios မှာ Setting ပေးပြီးနောက်  Hiren Boot screen တက်လာရင်  Partition Tools > Paragon Partition Manager  ကိုသွားပါ ။






ဒီမှာတော့ တစ်ခါမှ ပါတီးရှင်းမပိုင်ူးးသေးတဲ့ ဟတ်ဒစ်(စ်)အသစ်နဲ့ ပြထားတာပါ ။

ပါတီးရှင်း ၂ ပိုင်း ပိုင်းပြထားပါတယ်  C: နဲ့ D: ဖြစ်ပါတယ် ။

  



ကဲ ပထမပါတီးရှင်းကိုစပြီးပိုင်းကြရအောင် Free ဆိုတဲ့အစိမ်းရောင်အကွက်ကို right click နှိပ်ပါ ။ ပြီးရင် Create ကိုရွေး




မိမိထားလိုသည့် အရွယ်အစား သတ်မှတ်ပေးပြီး  Primary ကိုရွေးပေးပါ ။



File System ကိုတော့ NTFS  ကိုရွေးပေးပြီး  Click- OK >Yes






ပုံပါအတိုင်း ပထမ Partition ကိုရပါပြီ ။


  



နောက် ဒုတိယပါတီးရှင်းကိုတည်ဆောက်ရန်အတွက်  Free ဆိုတဲ့အစိမ်းရောင်အကွက်ကို right click နှိပ်ပါ ။ ပြီးရင် Create ကိုရွေးပါ ။





Create partition as နေရာမှာ Extended ကိုအရင်ရွေးပေးပြီး  OK  နှိပ်ပါ ။



  



  Logical ကို right click နှိပ်ပါ ။ ပြီးရင် Create ကိုရွေး




  Create partition as  ကို  Logical > File System ကိုတော့ NTFS ကိုရွေးပေးပြီး Click- OK > Yes








ဒါဆိုရင်တော့ harddisk အသစ်တလုံးဘဝကနေ  ပါတီးရှင်း (၂) ပိုင်းပိုင်းထားတဲ့ဘဝကိုကူးပြောင်းသွားပါပြီ ။
  



နောက်ဆက်လုပ်ရမှာကတော့ ပထမပါတီးရှင်းကို Boot တက်နိုင်ဘို့
Primary >Modifily >Set active  ကိုရွေးပေးရမှာပါ ။

  


  



ပြီးရင်တော့  အထက်မှာကျနော်တို့လုပ်လာခဲ့တဲ့ အဆင့်တွေအားလုံးပရိုဂရမ်ကအတည်ပြုနိုင်ဘို့ အတွက် Click  Apply changes... ကိုနှိပ်ပေးလိုက်ပါ ။








ပရိုဂရမ်အလုပ်လုပ်လို့ပြီးရင်  General >Exit  နဲ့ထွက်လို့ရပါပြီ ။




Paragon Partition Manager အသုံးပြုပြီး HDD ကို Partition အသစ်ပိုင်းတာပြီးပါပြီ ။
လက်သစ်ကလေးတွေစမ်းလုပ်ကြည့်ကြပေါ့နော် ။
အဆင်ပြေကြပါစေ ။

จัดการฮาร์ดดิสใหม่ และแบ่งพาทิชั่น ด้วย Paragon Partition Manager 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers