မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Sunday, November 4, 2012

ဝင်းဒိုးကို လတ်ဆတ်ပြီး အသစ်အမြဲ ဖြစ်နေစေမယ့် Comodo Time Machine (CTM)

 ဒီနေ့ ကျနော်  Basic User တွေလက်မလွှတ်သင့်တဲ့ ပရိုဂရမ်လေးတစ်ခု
မိတ်ဆက်ပေးချင်ပါတယ် ။



အဲဒီမင်းသားကတော့  Comodo Time Machine လေးပါပဲ ။ တစ်ချို့လည်းဒီနာမည်ကို ရင်းနှီးမှုရှိချင်မှရှိမှာပါ ။

တကယ်တော့ ဒီပရိုဂရမ် အလုပ်လုပ်ပုံက Deep Freeze+System Restore window နဲ့ ဆင်တူပါတယ် ။
နောက်ပြီး Rollback Rx  နဲ့လည်း ဆင်တူပါတယ် Interface  ရော အသုံးပြုရတာရော တော်တော်လွယ်ပါတယ်  Deep Freeze လိုလည်း မရှူပ်ပါဘူး ။
Deep Freeze ထက်သာတဲ့အချက်ကလေးတွေ ရှိနေတာကြောင့်
ဒီပရိုဂရမ်ဘယ်လိုလဲဆိုတာကို ကျနော့ရဲ့ဘလော့မိတ်ဆွေများ သိရအောင်
မိတ်ဆက်ပေးချင်တာပါ ။

ဟုတ်မဟုတ် သိချင်ရင်တော့ ဒေါင်းပြီးတော့သာ စမ်းသပ်ကြပေတော့ ။
http://www.comodo.com/home/backup-online-storage/data-recovery.php

ဒေါင်းလင့်ရှာမရရင် တော့ အောက်ကလင့်နဲ့ဒေါင်းကြပါခင်ဗျာ ။
http://www.softpedia.com/progDownload/Comodo-Time-Machine-Download-148362.html

Why use Comodo Time Machine (CTM)?
Comodo Time Machine (CTM) is a powerful system rollback utility that allows users to quickly restore their computers to an earlier point in time. CTM 'snapshots' are a complete record of your entire system (including the registry, critical operating system files and user created documents).
Layered Security
  • Schedule automatic snapshots to be taken at regular intervals
  • Roll back to the last known working state in the event of virus attacks or crashes
  • Take snapshots of your computer before large installations or system maintenance
Software Developers and testers can easily restore test systems to the default configuration after each deployment without the need to manually uninstall each application. Home users can even let the kids run amok on the family PC for an afternoon and be safe in the knowledge that any damage can be instantly undone and all files recovered.
Comodo Time Machine features an intuitive, friendly interface which offers quick and easy access to all functionality in the application. Additionally, it also features a sub-console that can be accessed before Windows starts and a Quick Operation console containing shortcuts to important and commonly executed tasks.

System Requirements:

Supported Operating Systems:
 Windows 7 (32 and 64 bit)
 Windows Vista (32 and 64 bit)
 Windows XP with service pack 2
or higher (32 and 64 bit)
 Windows Server 2003
(32 and 64 bit)
 Windows Server 2008
(32 and 64 bit. Except Windows Server 2008 Core)

Minimum Hardware:
 Intel Pentium III Processor or higher
 128 MB RAM

Free disk space:
 4 GB (minimum) / 10 GB (recommended) 

ကဲစပြီး Install လုပ်ကြရအောင်

ပရိုဂရမ်ဆင်ပုံကတော့ တခြားပရိုဂရမ်တွေ ဆင်သလိုပါပဲ ။




 
Drive ကို Lock ချတဲ့အဆင့်ရောက်ရင်သာ မိမိ
Lock ချလိုတဲ့ Drive ကိုရွေးပေးလိုက်ယုံပါ ။ (ကျနော်ကတော့ Drive C တစ်ခုတည်းကိုရွေးပါတယ် ။)



ပြီးရင်တော့ Next ကိုနှိပ်ပါ ။ ပြီးရင်တော့ Install >Finish ။


 
 ပရိုဂရမ်ဆင်ပြီးရင် Restart ချခိုင်းပါလိမ့်မယ် ။ ချပေးလိုက်ပါ ။


Restart ချပြီးတဲ့နောက် ညာဘက်အောက်ဒေါင့်မှာ ပရိုဂရမ် Icon လေးကို နှိပ်ပြီးဖွင့်လိုက်ပါ ။
အေက်ကပုံ အတိုင်းမြင်ရမှာပါ ။



Menu တွေအကြောင်းမသွားခင် ပရိုဂရမ်အလုပ်လုပ်ပုံလေးနားလည်မှုယူကြရအောင်ပါ ။
ပရိုဂရမ်ဆင်ပြီးတာနဲ့တစ်ပြိုင်နက် စစခြင်း Baseline ဆိုတဲ့နာမည်နဲ့
Snapshot တစ်ခုကိုဖန်တီးယူပြီးဖြစ်ပါတယ် ။

Window မှာဆိုရင် System Restore Point နဲ့ တူပါတယ် ။

Deep freeze လိုမဟုတ် ကြောင်းအာမခံပါတယ် ။ အစတစ်ချက် Restore Point

လုပ်ထားပေးတာလောက်ပါ ။မိမိက Restore မခိုင်းရင် ဘာမှမပြောက်သွားပါဘူး ။

1. System Restore

ဒီခလုပ်ရဲ့တာဝန်ကတော့ ပရိုဂရမ်ကဖန်တည်းယူခဲ့တဲ့ Restore Snapshot တွေမှာမိမိအလိုရှိရာ

Snapshot ကိုပြန်သွားနိုင်အောင် လုပ်ပေးပါတယ် ။

မိမိအလိုရှိရာ Snapshot ကိုရွေးပေးပြီး Next ကိုနှိပ်ပါ ။ ပြီးရင်ပရိုဂရမ်က Restart ချခိုင်းရင်

ချပေးလိုက်ပါ ။ စက်ပြန်ပွင့်လာရင် တော့ မိမိတို့ Sapshot လုပ်ထားချိန်တုန်းကအတိုင်း တသွေမတိမ်း

ပြန်လည်ရရှိမှာဖြစ်ပါတယ် ။


2.Take Snapshot

ဒီခလုပ်ကတော့ Restore ပြန်လုပ်နိုင်ရန် Snapshot ဖန်တည်းယူဘို့ ဖြစ်ပါတယ် ။

 
အကယ်၍ဘာမှထွေထွေထူးထူးမလုပ်ဘူးဆိုရင် ဒီ Menu နှစ်မျိုးနဲ့တင် လုံလောက်ပါတယ် ။


3.Advanced
ကျနော် အရေးကြီးတဲ့ အသုံးများမယ့် Menu တွေလောက်ပဲ ရှင်းပြပေးပါမယ် ။

3.1 View Snapshot

ဒီ Menu ကတော့ မိမိစက်ထဲမှာရှိတဲ့ Snapshot တွေကို အစီအစဉ်လိုက်တွေ့ရမှာဖြစ်ပြီး ယခုလက်ရှိဘယ် Snapshot မှာရှိနေတယ်ဆိုတာ ပြရန် ။

ဒီအပြင်တော့ Lock , unlock နှင့်အတူ သိမ်းထားခဲ့ဘူးတဲ့ Snapshot တွေကို ဖျက်တဲ့ Menuတွေထည့်ထားပေးပါတယ် ။


3.2 Scheduled Task

ဒီ Menu ကတော့ Snapshot နဲ့ Restore ကို မိမိရဲ့ သတ်မှတ်ချက်အတိုင်း Auto လုပ်ပေးနိုင်ရန်သုံးပါတယ် ။

 
Add a Scheduled Snapshot task

 
Add a Scheduled Restore task

 
 
 
 
ကျန်တဲ့ Setting များကိုဆက်ကြည့်လိုက်ပါ ။
 
setting ကိုနှိပ်ပါ ။ ပုံပါအတိုင်းပါ ။

 
ဒါကတော့ ကျနော် ဥပမာ ရွေးပြထားတဲ့ Setting ပါ ။

 
 
 
ဒါကတော့ User နဲ့ပါတ်သက်တဲ့ Setting ပါ ။
 
-CLICK User setting
- Enable access control ကို ရွေးပေးလိုက်ပါ ။

 
ပရိုဂရမ် က ကျနော်တို့ကို Password နဲ့ Confirm password ထည့်ခိုင် ပါလိမ့်မယ် ။ Admin အဖြစ်နဲ့ပေါ့ ။

 
 user တွေထပ်တိုးချင်ရင်တော့ ညာဘက်အခြမ်းမှာ Add လုပ်ပြီး မိမိအလိုရှိရာ သတ်မှတ်ချက်တွေပေးရမှာဖြစ်ပါတယ် ။



 မှတ်ချက်။     ။ အကယ်၍ ဝင်းဒိုးမတက်ခဲ့ရင် BIOS နဲ့ Boot screen ကြားကာလ BootScreen မတက်ခင်မှာ ကီးဘုတ်မှ Home ခလုပ်ကိုနှိပ်လိုက်ပါ ။

 Snapshot, Restore  သို့မဟုတ် ပရိုဂရမ်ကိုထုတ်ပစ်လိုက်ချင်ရင်တောင် ရပါတယ် ။

အမှားအယွင်းများရှိခဲ့ရင်  Comment  ပေးခဲ့ကြပါခင်ဗျာ ။

အားလုံးအဆင်ပြေကြပါစေ ။
  

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers