မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Tuesday, November 6, 2012

Android App တွေဖြစ်တဲ့ apk များကို Window မှာ icon အဖြစ်နဲ့ မြင်ရအောင်လုပ်နည်း



ကျနော့ရဲ့ဘလော့မိတ်ဆွေများအားလုံး “မင်္ဂလာပါ”

များသောအားဖြင့်  Android  ရဲ့ App တွေကို ကွန်ပြူတာမှာ (apk) ဖိုင်အဖြစ်နဲ့သိမ်းကြပါတယ် ။
ဒါပေမယ့် apk ဖိုင်တွေကိုကြည်လိုက်ရင် ဘာပရိုဂရမ် တွေမှန်းမသိရပဲ အမည်ကိုသာဖတ်ပြီးခွဲခြားရပါတယ် ။
ကျနော်ဆိုရင် apk  ဖိုင်တွေဒေါင်းပြီးသိမ်းထားတာ တစ်ချို့ဖိုင်တွေထပ်နေတာတွေအများကြီးပါပဲ ။ Group နဲ့ခွဲရတာလည်းခက်ခဲတွေရှိပါတယ် ။
ဖိုင်တွေသိမ်းခြင်း ၊ မလိုအပ်တဲ့ဖိုင်တွေဖျက်ခြင်းတွေလုပ်တဲ့အခါမှာလည်းအခက်ကြုံရတတ်ပါတယ် ။
ဒါကြောင့်   “ Android App တွေဖြစ်တဲ့  apk  များကို Window မှာ  icon  အဖြစ်နဲ့ မြင်ရအောင်လုပ်နည်း ” ဆိုတဲ့ပို(စ်)လေးကို
Android ချစ်သူများအတွက်  ၇ည်ရွယ်ပြီး  Share ပေးလိုက်တာပါ ။
စမ်းသပ်သည့် windows - win7 64bit ultimate / license (အင်) (အဟတ်))
တစ်ချို့အဆင့်တွေ ကျနော်အသေးစိတ်မရေးပေးထားတော့ဘူး ဘာဖြစ်လို့လဲဆိုတော့  Android  ပရိတ်သတ်တွေကောင်းကောင်းအသုံးပြုတတ်ပြီလို့ယူဆလို့ပါ ။
ဦးစွာပထမ  လိုအပ်တဲ့ဖိုင်ပရိုဂရမ်ဒေါင်းယူကြရအောင်ပါ ။

ဒီအောက်ကပေးထားတဲ့ LINK မှာ ဒေါင်းယူလိုက်ကြပါ ။

http://www.mediafire.com/?dreekf1yef3lfd3

ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် အောက်ကဖိုင် နှစ်ဖိုင်ပါတဲ့ Folder ကိုရမှာပါ ။



1.dotNetFx40_Full_x86_x64 [48.1mb] (ဒီကောင်လေးကတော့  source code ကိုမြင်ရအောင်လုပ်ပေးတာလို့နားလည်ထားပါတယ် )
2.apkshellext_v2_1 [1.83mb] (ဒီ code ကတော့  windows က apk  ဖိုင်တွေကို  Icon အဖြစ်မြင်ရအောင်လုပ်ပေးတယ်လို့နားလည်ထားပါတယ် )

1.install dotNetFx40_Full_x86_x64 [48.1mb]
2.windows က apk  ဖိုင်တွေကို  Icon အဖြစ်မြင်ရအောင်လုပ်ပေးမည့် ( Dev ကတော့ဒီကောင်လေးကို apkshell လို့ခေါ်ကြပါတယ် )

Install ဆိုတဲ့  Batch ဖိုင်လေးကို   Double Click ပေးလိုက်ပါ ။
   dos  မျက်နှာပြင်တက်လာပါမယ် ။
 enter ခေါက်ပေးပြီး dos မျက်နှာပြင်ကထွက်လိုက်ပါ ။
ပြီးရင် Restart တစ်ကြိမ်ချပြီးရင် ပြီးပါပြီ ။



ရှင်းသွားအောင် အောက်က ဗွီဒီယို ဖိုင်လေးကိုကြည့်လိုက်ပါ



 windows သူ apk ဖိုင်ကို icon အဖြစ်မြင်ရပြီလားလို့ ဝင်သွားကြည့်လိုက်ပါအုံးနော် ။

အားလုံးအဆင်ပြေကြပါစေ ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers