မိတ်ဆွေ ကျနော့ကိုတစ်ခုလောက်ကူညီပေးပါ ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကိုလှေကားထစ်ကလေးတွေလို့ သဘောထားတယ် မိတ်ဆွေတို့အားလုံး ကျနော်ကို တစ်ထစ်ခြင်းတစ်ထစ်ခြင်း နင်းပြီး အပေါ်ရောက်နိုင်သမျှရောက်အောင် တက်သွားကြပါ ။ အဲဒီလို ကျနော့်ကို နင်းပြီးတက်သွားလို့ အပေါ်ကိုရောက်သွားတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ချင်လို့ပါ....................................... ..............................................................ကိုနိုင်.................................................

Wednesday, October 3, 2012

How to Remove Shortcut Arrow on Icons in Windows (Include Desktop Items)

Windows နဲ့  Desktop မှာရှိတဲ့ Icons တွေက  မြှားတွေကို ဘယ်လိုဖြုတ်မလဲ

Gtalk ကနေမေးလာသူ ကိုစည်သူ နဲ့ ကျနော့ရဲ့ လေးစားရပါသော ဘလော့မိတ်ဆွေ မသိသေးသူများအတွက် ဒီပို့(စ်)လေးကို  တင်ပေးလိုက်ရကြောင်းပါ ။ ဟုတ်တော့လည်းဟုတ်ပါတယ်
တခါတလေ ကျတော့  အဲဒီ မြှားကြီးတွေက  Icons တွေပေါ်မှာ ကြည့်ရ တော်တော်ဆိုးပြီး ရှူပ်နေသလိုပါပဲ ။ လုပ်နည်းလေးကတော့

1.Run Box မှာ Regedit ရိုက်ထည့် Enter ခေါက် ။

2.Regristry Editor ကျလာရင် HKEY_CLASSES_ROOT\lnkfile ကိုရှာပြီးနှိပ်ပါ ။

3. ညာဘက်ကအကွက်ကြီးထဲမှာ IsShortcut  ကို RightClick ပေးပြီး Delete ကိုရွေးပေး ပြီးရင်        စက်ကို     Restart ချလိုက်ပါ ။

4.တခြား Document Type တွေ ကတော့
HKEY_CLASSES_ROOT\piffile
HKEY_CLASSES_ROOT\ConferenceLink
HKEY_CLASSES_ROOT\DocShortCut
HKEY_CLASSES_ROOT\InternetShortcut
HKEY_CLASSES_ROOT\WSHFile              

အပေါ်ကအတိုင်းတစ်ခုခြင်းဆီသွားပြီးရင် အားလုံးကို 2.နဲ့ 3 အတိုင်းလုပ်သွားပေးလိုက်ပါ 

 နောက်တနည်းကတော့ Edit အောက်က Find (or) Ctri+f နဲ့  IsShortcut ကိုရှာပြီးတစ်ခုခြင်းဖျက်တဲ့နည်းပါ ။

ကဲနှစ်နည်းစလုံး Utube လေးနဲ့ကြည့်ရအောင် 

 

1 comment:

  1. ကိုနိုင် ... တကယ့်ကို ကျေးဇူးတင်ပါတယ် သူငယ်ချင်းတစ်ယောက်ကLink ပေးလိုက်လို့ ကိုနိုင်ဆိုဒ်ကို စဖွင့်ကြည့်လိုက်တာ ကွက်တိဗျာ ကျွန်တော်လိုအပ်ချက်တွေ့လိုက်လို့ လုပ်လိုက်တာ အဆင်ပြေတယ် ...

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ဆွေးနွေးရန်

နိုင်ငံအလိုက်လာလည်ကြသူများ

free counters FLAG COUNTER

Followers